ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

သာမန်လူတိတောင် ဖြတ်သန်းဖို့ ခက်ခဲလှရေ ဒေကမ္ဘာလောကကြီးထဲမှာ မွီးရာပါဗီဇကြောင့်ဖြစ်ဖြစ်၊ အခြေအနေတစ်ခုခုကြောင့်ဖြစ်ဖြစ် အများက သတ်မှတ်ကတ်တေ ချို့ယွင်းချက်တစ်ခုခု ရှိနီသူဆိုကေ ဘလောက်ထိခက်ခဲလီဖို့လဲဆိုစွာ ပြောနီစရာတောင် မလိုပါဗျာလ်။ ဒေပိုင်ခက်ခဲရေ ဘဝပီးအခြေအနေတိကို အံတုရင်း တစ်ဦးတည်း တိုက်ပွဲဝင်နီသူက ကိုကျော်ကျော်မိုးပါ။

ယောက်ျားနာမ်စားတပ်ပြီး ခေါ်ဆိုစွာကို ကြိုက်နှစ်သက်ကေလေ့ အမှန်မှာတော့ သူ့ကိုယ်သူ အမျိုးသမီးတစ်ဦးလို့ ခံယူထားရေ LGBT တစ်ဦးပါ။ သူ့၏ မိတ်ကပ်လုပ်ငန်း အမည်ကတော့ လှသင်္ဂ ီ ဖြစ်ပါရေ။ ရခိုင်ပြည်နယ်က မိတ်ကပ်လောကမှာ ထင်ရှားကျော်ကြားပြီး သူ့ကို မသိသူလေ့ နည်းပါရေ။

“လူသားထဲကလူဗျာလ်။ လူထူးလူဆန်းလေ့ မဟုတ်။ မိန်းမလျာ၊ ယောက်ျားလျာ အစုံပါရေ။ ခွဲခြားဆက်ဆံစရာ မ လို။ ဒေလူတိ ကြားထဲမှာ ဆင်းရဲ၊ ချမ်းသာစရိုက်များစွာရှိပိုင် LGBT တိမှာလေ့အများကြီးရှိရေ။ လူသားထဲက လူတိဖြစ်လို့ပဲ။ ယင်းချင့်ကို LGBT တိမကောင်းလို့ ခေါင်းစဉ်တပ်ပြီးကေ ပြောစွာကို မုန်းရေ။ ပပွင့်လလင်းပြောရကေ ယောက်ျားမှာလေ့ ဘိန်းစားရှိရေ။ သူခိုးရှိရေ။ လူကောင်းရှိရေ။ လူတော်ရှိရေ။ LGBT တိမှာလေ့ ဒေပိုင်ဗျာလ်။ လူတိုင်းစိတ်ကို တစ်ယောက်တည်းပြုပြင်လို့ မရ။ ဇာလို့ဆို သူ့မှာအထုံ ပါလာရေလေ။ မိန်းမလျာတိကရာသူခိုး၊ ဘိန်းစားဆိုစွာမျိုး လုံးဝမကြိုက်။ အားလုံးကို သိမ်းကျုံး မပြောနဲ့လို့။ အမြဲတမ်းပြောဖြစ်ပါရေ။”
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်ပြီးကေ လက်ရှိမှာတော့ အသက် ၂၉ နှစ်ရှိနီပါဗျာလ်။ လူမှန်းသိတတ်စအရွယ်ကနီ ဆယ်တန်းအောင်လို့ ဘွဲရရေအထိ သာမန်ယောက်ျားချေတစ်ဦးပိုင် နီထိုင်ခကေလေ့ နောက်ပိုင်း သူလိုချင်ရေဘဝက ဇာလဲဆိုစွာကို သိလာပြီးချိန်မှာ အခုပိုင် ဘဝမျိုးနဲ့ ပြောင်းလဲနီထိုင်ခသူပါ။

ဆယ်တန်းအောင်ရေအချိန်မှာ ရန်ကုန်မြို့ကို လားရောက်ပြီးကေ စင်္ကာပူအစိုးရ ကျောင်းဝင်ခွင့် GCE ‘O’ Level တက်ရောက်ခပြီးကေ စင်္ကာပူနိုင်ငံကိုလားရောက်ပနာ Hotel Management နဲ့ သက်ဆိုင်ရေ ဒီပလိုမာတိတက်ရောက်ယူခသူပါ။ ယကေလေ့ ဒီဘာသာရပ်တိ၊ ပညာရပ်တိက သူစိတ်ဝင်စားလို့ မဟုတ်ဘဲနဲ့ မိဘတိရဲ့ တွန်းအားကြောင့်ရာ တက်ခရစွာလို့ ဆိုပါရေ။

“(မြန်မာနိုင်ငံမှာ) ဆယ်တန်းအောင်ရေ။ နိုင်ငံခြား GCE ‘O’ Level ပေါ့။ နိုင်ငံခြားဆယ်တန်းပြန်အောင်ရေ။ Hotel Management နဲ့ ပတ်သက်ပြီးကေ ချက်တင်ကောလိပ်မှာ Bachelor Diploma ရယ်။ Advanced Diploma ရယ်ပေါ့။ နောက်ဆုံးနှစ် Bachelor ကတော့ မယူဖြစ်လိုက်ဘူး။ ပြီးစွာနဲ့ Makeup Artist ဖက်ကို ပြောင်းရေပေါ့။ သင်ရေပညာနဲ့ လျှောက်တေလမ်းကတော့ နည်းနည်းကွဲရေ။”

“(စင်္ကာပူမှာ) နောက်ဆုံး ၆ လရာကျန်ဗျာလ်။ ယင်းအချိန်မှာ ကိုရီးယား သူငယ်ချင်းမချေက “မိုး မင်းဇာဖြစ်ချင် စွာလေ။ နောက် ၆ လ နီကေ နင် Hotel လက်ထောက်မန်နေဂျာဖြစ်ယာ။ နင့်ဘဝရေ နက်တိုင်ချေ စည်း၊ ဘောင်းဘီဝတ်ပြီးကေ ကျော့ မော့ပြီးကေနီရဖို့စော်။ နင့်ဘဝကို နင်ဟန်ဆောင်ပြီးနီရဖို့နန်း။” လို့ပြောလာခါ ကိုယ့်စွာကိုယ့် စဉ်းစားမိရေ။ ယင်းက ပြန်လာရေအချိန် မိဘတိက ဒေါသ ထွက်ကတ်တေပေါ့။ မိဘတိက မျှော်လင့်ထားစွာက ငါ့သားချေ နိုင်ငံခြားမှာ တစ်လကို သိန်း ၆၀ ရဖို့။ ၇၀ ရဖို့ပေါ့။ ယင်းခေတ်ကပင်ဆိုခါ (အိမ်ကို)မလာချင်လိုက်ဗျာလ်ဆိုပြီးကေ ၆ နှစ်လောက် ထွက်ပြေးနီခရေ။”

မိဘတိရဲ့ တွန်းအားကြောင့် နိုင်ငံခြားမှာ ကျောင်းတက်နီခရရေ အခိုက်အတန့်တိက သူလိုချင်ရေ ဘဝအစစ်အမှန် မဟုတ်ပါ။ ယေနန့် ကြောင့် ငွေကြေးများစွာ ကုန်ကျခံပြီးကေ စင်္ကာပူမှာတက်နီရေ ကျောင်းပြီးဖို့ ၆ လအလိုမှာ မြန်မာနိုင်ငံကို ပြန်လှည့်လာခပြီးကေ ဆော က်တည်ရာမရဘဲ ၁ နှစ်လောက် လေလွင့်နီခသူပါ။

သူ သတိဝင်လာပြီး နောက်မှာတော့ သူ့ကိုယ်သူ LGBT တစ်ယောက်ဆိုတာကို ပထမဆုံးလက်ခံခပြီးကေ ရန်ကုန်မြို့မှာဗျာလ် သူဝါသနာပါရေ အလှဖန်တီးရှင်ပညာကို သင်ယူပနာ သူလိုလားရေ ဘဝအစစ်မှန်ထဲကို စတင်လျှောက်လှမ်းခရေလို့ ပြောပါတယ်။ စတင်လျှောက်လှမ်းခချိန်မှာလေ့ မိဘအသိုင်းအဝိုင်းက လက်မခံခကတ်ပါ။ လက်ခံလာအောင် ဇာပိုင်လုပ်ခလေဆိုစွာကလေ့ စိတ်ဝင်စားစရာပါ။

“ပထမကတော့ လက်မခံကတ်။ လက်ခံလာအောင်လုပ်ဖို့ အဓိကအချက်က အလုပ်နဲ့သက်သီပြရဖို့။ ဒေဆိုင် စဖွင့်ရေ။ ကိုယ့်စွာကိုယ် အလုပ်လုပ်တေ။ ကျော်မိုး တစ်ပတ်မှာ ဒေလောက်ရှာနိုင်ရေ။ ကျော်မိုးဘဝကို ကျော်မိုးခထောက်ပေါ် ရပ်တည်နိုင်ရေ။ ဆိုစွာကို သက်သေပြခါ သူတို့ဖက်က စလက်ခံလာရေ။ တစ်ခြားမိဘတိပိုင် သတ်လို့ပုတ်လို့ အိမ်ထက်က နှင်ချရေထိတော့ မရှိ။ ကျော်မိုးအဖေရဲ့ဆွေမျိုးသားချင်းတိက သူဇာလိုချင်လေ။ နိုင်ငံခြားမှာ ဆက်လို့ကျောင်းမတက်ချင်ကေ သူဖြစ်ချင်ရေ ဘဝကို မိဘက ဆက်ထောက်ပံ့ပီးရဖို့ဆိုခါ ကျော်မိုးကို မိတ်ကပ်လောကက ဆရာတိပါးမှာ အပ်နှံပီးရေ။”

ရန်ကုန်မှာ ၂ နှစ်ကျော်အချိန်ပီးပြီးကေ ပညာသင်လို့ သူ့ဇာတိမြို့ စစ်တွေကို ၂၀၁၃ ခုနှစ်မှာ ပြန်လာခပြီးကေ သူ့စိတ်ကူးထဲက အိမ်မက်ချေဖြစ်တေ ပထမခလှမ်းကို စတင်ကောင်ထည်ဖော်ပါရေ။ အကောင်ထည်ဖော်ချိန်မှာလေ့ သူ့ရဲ့ခရီးလှမ်းက ကောင်းကြီး ချော့မွေ့နီခစော်တော့ မဟုတ်ပါ။ ယကေလေ့ သူလိုချင်စွာဇာလေ။ သူဖြစ်ချင်စွာဇာလေ။ ဆိုစွာကို မဖြစ်ဖြစ်တေနည်းနဲ့ လုပ်ဖို့ယာလို့ ခိုင်မာရေ ဆုံးဖြတ်ချက်ချထား ပြီးဗျာလ်ဖြစ်လို့ သူကနောက်မဆုတ်ဘဲ ရှေ့ဆက်ပနာရာ လျှာက်ခပါရေ။

သူ့ရဲ့ ပထမဆုံးခြေလှမ်းဆိုစွာက အလှပြင်ဆိုင်ချေတစ်ဆိုင်ဖွင့်နိုင်ဖို့ပါ။

“ကိုယ်က ဝါသနာနောက်ကို လိုက်တေ။ ငွေကြေးနောက်ကို လိုက်စွာမဟုတ်။ ကံကောင်းချင်ခါ ကိုယ့် မိဘကလေ့ ကိုယ်ဇာလိုအပ်နီလည်းဆိုစွာကို အမြဲတမ်းနောက်က ထောက်ပံ့ပီးရေ။ ကိုယ်က အမှန်တကယ်ဝါသနာပါရေ။ ဒေချင့်သည် သက်မွီးဝမ်းကြောင်း ပညာရပ်။ ကိုယ်နဲ့လေ့ အပ်စပ်တေ အနုပညာလေ။ အခုဆိုကေ ဒေဆိုင်ဖွင့်စွာ ၈ နှစ်တောင်ရှိဗျာလ်။ ဒီဇင်ဘာ ၂၅ (၂၀၁၉) ဆိုကေ။”

မိတ်ကပ်အလှဆင်လုပ်ငန်းအပြင် နောက်ပိုင်းမှာတော့ လုပ်ငန်းတိုးချဲ့ရေ အနေနဲ့ ရခိုင်ပြည်နယ်မှာ တစ်ယောက်လေ့ မလုပ်ဖူးသိရေ မင်္ဂ လာဆောင်၊ ရှင်ပြုပွဲနဲ့ တခြားရိုးရာပွဲတိမှာ အသုံးပြုရေ ဝတ်စုံငှားရမ်းဝန်ဆောင်မှုတိကို ပြုလုပ်နိုင်ခရေပိုင် ဒေပိုင်ရိုးရာဝတ်စားဆင်ယင်မှု ပြ ပွဲတိကိုလေ့ တခမ်းတနားနဲ့ ဆောင်ရွက်တေအထိ လုပ်ကိုင်နိုင်လာခပါရေ။

ယင်းအပြင် ရခိုင်ပြည်နယ်က ရွက်ပုံးသီး အလှယ်မယ်တိကို နှစ်စဉ်မွီးထုတ်ပီးနီသူလေ့ ဖြစ်ပါရေ။

“သတိုးသမီး Wedding Service ပီးရေ။ ဝတ်စုံ Service ပီးရေ။ အရင်ကဆိုကေ အနုပညာနဲ့ ပတ်သက်လို့ Miss Universe ချိုချိုထွန်းရို ့ နှစ်ကတည်းကပင်။ နောက်ပြီးကေ Wedding Show ဆိုစွာ ရခိုင်ပြည်မှာ တစ်ယောက်မှ မလုပ်ဖူး။ ရခိုင်ရိုးရာ ဝတ်စားဆင်ယင်မှု ပြပွဲပုံစံမျိုးပေါ့။ ရခိုင်ရိုးရာရှင်ပြုပြပွဲ။ သမက်တက်ပြပွဲ။ ဦးဥတ္တမခန်းမမှာ မင်းသားပေါင်းမြောက်များစွာနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ခရေပေါ့နန်း။ ယင်းချင့်က ကျော်မိုးရဲ့ပထမဆုံးမှတ်တိုင်ပေါ့။ ဒုတိယအနေနဲ့ Miss Universe သုံးနှစ်တိုင်တိုင်လုပ်နိုင်ခရေ။ နောက်ပိုင်းကျခါ တိုင်းရေးပြည်ရေးအခြေအနေမကောင်းစွာနဲ့ မလုပ်ဖြစ်လိုက်ဗျာလ်။”

အခုဆိုကေ နှစ်ပေါင်းများစွာ မသိကျိုးကျွန်ခံလာရရေ LGBT တိတန်းတူအခွင့်အရေးရဖို့အတွက် တိုက်ပွဲဝင်ဖို့လေ့ အသင့်ဖြစ်နီပါဗျာလ်။ ဒေပိုင်ဖြစ်လာရစွာကလေ့ သူရို့မျက်မြင်ကြုံတွိ့နီရရေ အဖြစ်အပျက်တိကြောင့်ပါ။ စစ်တွေမြို့မှာ ကြုံတွေ့နီရရေ မိန်းမလျာတိရဲ့ ရင်နှင့်ဖွယ်ဖြစ်ရပ်တိကိုလေ့ အခုပိုင် စိတ်မကောင်းစွာနဲ့ ပြောပြပါရေ။

“(စစ်တွေ) ကားဂိတ်ကို လားကြည့်လိုက်။ ရခိုင်ပြည်နယ်တလွှားက မိန်းမလျာတိ အများကြီးရှိရေ။ မြို့ထက်ကို တက်လာရေ။ ဇာလုပ်လို့ ဇာကိုင်ရမှန်းမသိ။ ရိုင်းရိုင်းချေပြောရကေ Sex Worker ပေါ့။ ဟိုယောက်ျားနဲ့ လိုက်အိပ်။ ဒေယောက်ျားနဲ့ လိုက်အိပ်။ ငွေရေးကြေးရေးအဆင်မပြေ။ အလုပ်အကိုင်မရှိရင် ယောက်ျားတိနဲ့လိုက်အိပ်ပြီးကေ ဖဲသာရှာကတ်တေ။ အရက်မူးသမားတိနဲ့တွိကေ အသတ်ခံရရေ။ အသတ်ခံရရေနောက်ပိုင်းမှာရော သူတို့နောက်ကလိုက်တေ အဖွဲ့အစည်းရှိလား။ မရှိ။ ကျော်မိုးမျက်မြင်မှာ အသတ်ခံရလို့ သီလားစွာ ၁ ယောက်၊ ၂ ယောက်တောင် ရှိရေ။ အသူလိုက်ဖို့လဲ။ ရဲကလေ့ မလိုက်။ သူရို့နောက်မှာရပ်တည်ရေ မားမားမတ်မတ်အဖွဲ့အစည်းမရှိ။ သူရို့ကိုယ်တိုင်လေ့ ငါရို့ဒေပိုင်ဖြစ်ကေ ဇာကိုဆက်သွယ်ရဖို့လဲဆိုရေ အသိဉာဏ်မရှိ။ တစ်ယောက်ကလေ့ ထဲထဲဝင်ဝင်လုပ်ပီးစွာက မရှိ။ ချိုးဖောက်မှုတိ ကောင်းရှိရေ။ ကိုကျော်မိုးရို့ဖြစ်ကေ ကိုယ့်စွာ ကိုယ်ဖြေရှင်းနိုင်ရေ။ သူတို့ကျခါ အသတ်ခံကေ အသားကြီ၊ အသက်ရာပါလားဖို့။ သူရို့ရပ်တည်ဖို့ အဖွဲ့အစည်းမရှိ။ ကားဂိတ်မှာ ဆိုနယ်ဖက်ကလာရေ မိန်းမလျာတိအများကြီး ဘဝပျက်နီကတ်တေ။ အချိန်တန်ကေ ရောဂါဆိုးတိနဲ့ခံစားပြီးကေ ဘဝပစ်လားရရေ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပုံစံအတိုင်းဗျာလ် လားနီစွာ။ ယင်းချင့်တိကို ကျော်မိုးက ပြောင်းလဲလားစီချင်ရေပေါ့။”

ဒေပိုင်အခြေအနေတိကို ရင်ဆိုင်နီကတ်ရကေလေ့ သူတို့ရှိက မားမားမတ်မတ်ရပ်တည်ပီးဖို့ လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလိုအပ် နီပြီးကေ ရပ်တည်ပီးဖို့ အဖွဲ့အစည်းတိမှာလေ့ LGBT အရေးနားလည်တတ်ကျွမ်းသူတိဖြစ်ဖို့ အရေးကြီးပိုင် ပြည်သူလူထုကို နားလည်လက်ခံလာအောင် စည်းရုံးပြီးကေ တကယ့်စိတ်ရင်းနဲ့ ကူညီပီးသူတိဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။
လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အနေအထားမှာဆိုကေတော့ တကယ်လုပ်ဆောင်ပီးဖို့လိုလိုနဲ့ လုပ်ဆောင်နီကတ်တေ ဟန်ပြအဖွဲ့အစည်းတိကို ရာ တွိလာရရေလို့ သူက ဆိုပါရေ။

“ရခိုင်ပြည်နယ်အတွက် ဇာလိုလဲဆိုကေ LGBT ရဲ့ကျန်းမာရေးနဲ့ အသိပညာဗဟုသုတ၊ သက်မွေးဝမ်းကြောင်းပညာရပ်သင်ကြားမှု အဓိက ထောက်ပံ့ပီးဖို့လိုတယ်ပြောခါ သူရို့လက်မခံကတ်။ သူရို့ပရိုဂရမ်က ဇာဖြစ်တေ။ ဇာဖြစ်တေနဲ့။ ဇာလဲ LGBT ရေ သူရို့အပေါ်မှာ အခုချိန်ထိ မျောက်ပြဆန်တောင်းလား။ အခုအောက်ခြီဆင်းကြည့်။ ကားဂိတ်မှာ အချေတိ (LGBT) ဇာထောက်ပံ့မှုလေ့ မရှိ။ General Knowledge မရှိ။ NGO အဖွဲ့အစည်းတိ ရောက်တေ။ ရုံးမှာဝန်ထမ်းခန့်ရေ။ ပြီးလားရေ။ ယေနန့်ကျော်မိုး ဇာအဖွဲ့အစည်းနဲ့လေ့တွဲပြီးကေ အလုပ်မလုပ်ဖူး။ လုပ်လေ့မလုပ်။ ယကေလေ့ အမှန်တကယ်လိုအပ်လို့ရှိကေ ကိုယ့်ဖက်က ကူညီဖို့အဆင့်သင့်။ သက်မွီးဝမ်းကြောင်းပညာရပ်သင်ပီးရဖို့လား။ ဇာလုပ်ပေးရဖို့လဲ။ LGBT ဖက်က မှန်မှန်ကန်ကန်တော့ ထောက်ပံ့ရမယ်။ ရပ်တည်မယ်ဆိုကေ ကျော်မိုး အမြဲတမ်းအဆင်သင့်။”

အခုပိုင် တစ်ယောက်ကိုလေ့ အားကိုးမရရေအခြေအနေမှာ ဇာ LGBT အဖွဲ့ဝင်အနီနဲ့ပဲ ဖြစ်ဖြစ် သက်မွီးဝမ်းကြောင်းပ ညာရပ်တစ်ခုခု တတ်မြောက်ထားဖို့ လိုအပ်ပြီးကေ တစ်ချို့နယ်ပယ်တိမှာ သူရို့ကို လက်မခံကတ်ကေလေ့ သူရို့မှာရာ ပညာရပ်တစ်ခုခု ပါလာကေတော့ သူရို့ရဲ့ ရှေ့ဆက်ရှောက်ဖို့ ဘဝခရီးလမ်းအတွက် ပိုမိုလွယ်ကူနိုင်ပါရေ။

ကိုကျော်ကျော်မိုးကတော့ သူရို့ရေ LGBT ဖြစ်တေအတွက်ကြောင့် တစ်ခြားလူတိထက် ပိုကြိုးစားရဖို့လို့ ခံယူထားရေလို့ ဆိုပါရေ။

“ကိုယ်ရို့က LGBT ဖြစ်တေအတွက်ကြောင့် အလုပ်ကို ကောင်းကောင်းမွန်မွန်ကြိုးစားရဖို့။ လူလူချင်းအားနာမှု ရှိချင်ကေ သက်မွီးဝမ်းကြောင်းပညာရပ်တစ်ခု ရှိကိုရှိရဖို့။ ခုကျော်မိုး သက်မွီးဝမ်းကြောင်း ပညာရပ်နဲ့ ကောင်းကောင်းမွန်မွန် လျှောက် လှမ်းနီရေ။ တစ်ခြားသူတိကိုလေ့ သက်မွီးဝမ်းကြောင်းကို လျှောက်လှမ်းစီချင်ရေ။ အခုဆိုကေ ကျော်မိုးပါးမှာ အလုပ်လုပ်တေ LGBT ဆိုင်ဝန်ထမ်းတိ ရန်ကုန်မြို့က လာလုပ်ကတ်တေ။ ဇာကြောင့် လာလုပ်ကတ်လေ။ သူရို့ကိုယ် သူရို့ရပ်တည်နိုင်ရေ။ ယင်းပိုင် ဖြစ်စီချင်ရေ။ သူ့လက်ထဲမှာ ပညာရပ်တစ်ခုရှိကေ မည်သည့်ဆိုင်မှာမဆို အလုပ်ဝင်လုပ်လို့ ရရေ။ တစ်ချို့ကတော့ မိန်းမလျာဖြစ်လို့ အလုပ်မပီးချင်။ ယင်းမိန်းမလျာမှာလေ့ ပညာရပ်တစ်ခုပါလာကေ တစ်ယောက်လေ့ မခန့်ချင်။ ကျော်မိုးကိုယ်တိုင်လေ့ မခန့်ချင်။ သက် ဆိုင်ရေအဖွဲ့အစည်းကလုပ်ပီး ရဖို့လေ။”

LGBT တစ်ယောက်ဖြစ်တေဆိုစွာကို လက်ခံဖို့ သူ့ကိုသူတောင် ကြောက်ရွံ့နီခဲ့ရေ ကိုကျော်ကျော်မိုးဆိုလို့ရှိကေ အစပိုင်းမှာ အခက်ခဲ တိရှိခကေလေ့ ၁၀ စုနှစ်တစ်ခုနီးပါးခန့်ကြာမြင်ရေ အခုအချိန်မှာဆိုကေ အောင်မြင်မှုတိရရှိနီပါဗျလ်။ ဇာလို့လဲဆိုကေ သူရေဝါသနာကို အရင်းခံ၊ ကြိုးစားမှုကို ရှိတန်းတင်ပြီးကေ လုပ်ဆောင်ခရေ အတုယူဖွယ် လုပ်ရပ်တိပါ။

ယကေလေ့ သူ့ကတော့ အောင်မြင်မှုဆိုစွာ ဘေးလူတိရဲ့သတ်မှတ်ချက်တစ်ခုလို့ရာ မှတ်ယူရေလို့ ဆိုပါရေ။

“မိန်းမလျာပိုင်နီထိုင်ခကေလေ့ ယောက်ျားပိုင် အလုပ်လုပ်နီရရေ။ ကိုယ်နံပါတ်တစ်နေရာကိုရောက်ကေ နံပါတ်တစ်မှာမြဲဖို့ ခက်ခဲရေ အတွက်နဲ့ အောင်မြင်မှုစွာ ဇာလဲ။ အောင်မြင်မှုက ဘလောက်ထိ ဖြစ်တေလို့ ပြောလို့မရ။ နေရာချေတစ်ခုပဲ မြဲစီချင်ရေ။ အောင်မြင်မှုဆိုစွာကတော့ အပြင်လူ သတ်မှတ်စွာပေါ့နန်း။ ကျော်မိုးကတော့ ကိုယ့်မှာရှိနီရေနေရာချေတစ်ခုကျလို့ မလားချင်။ ယင်းနေရာမှာဗျာလ် အကြာကြီးနီချင်ရေ။ ဒေချင့်က ကိုယ့်ရဲ့သတ်မှတ်ထားရေ အကန့်သတ်ချေတစ်ခုပေါ့နန်း။”

ကိုကျော်ကျော်မိုးကတော့ LGBT တိအတွက် ရှိဆောင်လမ်းပြတစ်ဦးဖြစ်ဆိုပိုင် အတုယူဖွယ်ကောင်းသူ၊ နူးညံ့သိမ်မွေ့ရေ မိန်းမလျာ တစ်ဦး ဖြစ်ေကေလေ့ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ တိုက်စစ်မှူးတစ်ဦးကဲ့သို့ ရဲရင့်သူပါ။ သူ့အနေနဲ့ ဂုဏ်အယူရဆုံးလုပ်ရပ်က တော့ သူ့ကို ရခိုင်လူထုအသိုင်းအဝိုင်းကလေ့ လေးစားအားကျကတ်စွာပဲ ဖြစ်ပါရေ။

 654 total views,  1 views today