Arakan Yoma|

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူငယ်နန့် နိုင်ငံရေးဆိုရေခေါင်းစဉ်နဲ့ ဒီမိုကရေစီဖက်ဒရယ် စကားဝိုင်းတစ်ခု လုပ်ခကတ်ပါရေ။ ဒေစကားဝိုင်းကို ဒီဇင်ဘာလ ၂၅ ရက်နိက ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီ (AYAC) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီးကေ နိုင်ငံရေးလောကထဲမှာ လူငယ်တိပါဝင်လာနိုင်ဖို့ ရည်ရွယ်ကျင်းပခကတ်စွာဖြစ်ပါရေ။

စကားဝိုင်းမှာ ဆွေးနွေးဟောပြောခရေ ရခိုင့်ဒီမိုကရေစီအဖွဲ့ – ALD ပါတီ၏ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဌ ဒေါ်စိုးစိုးဌေးကတော့ နိုင်ငံတနိုင်ငံ၏ တည်ဆောက်ရေး ကဏ္ဍတစ်ခုစီ၏ အပြီးမှာ လူကြီးတိပြီးကေ လူငယ်တိက တာဝန်ထမ်း ဆောင်ရစမြဲဖြစ်တေအတွက် လူငယ်တိအနီနန့် နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ကတ်ဖို့လိုအပ်တေလို့ ပြောပါရေ။

ဒေါ်စိုးစိုးဌေးက “နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တေအခါမှာ လူငယ်ကနီ လူကြီးဖြစ်လာရေ။ လူကြီးတိပြီးလားရေအခါမှာ လူငယ်တိက ဗျာလ် တည်ဆောက်ရေးကကဏ္ဍကိုလားကတ်ရပါရေ။ အကျွန်ရို့နိုင်ငံမှာက စနစ်ဆိုးကြီးအောက်မှာ နီခရစွာကြောင့် လူငယ်တိ အားလုံး နိုင်ငံရေးနဲ့ ကင်းကွာလားကတ်တေ။ နိုင်ငံရေးလို့ ကြားလိုက်စွာနဲ့ မိသားစုအသိုင်းအဝိုင်းကအစ ဟန့်တားစွာတိတွိ့ရရေ။ သို့သော် ဒီမိုက ရေစီစနစ်ကို အသွင်ကူးပြောင်းရေအချိန်မှာ ဒေစနစ်နဲ့ ကိုက်ညီရေ စံချိန်စံညွှန်းတိကို သိဖို့လိုအပ်လာရေ။ နိုင်ငံသားတစ်ယောက်ရဲ့ လုပ် ငန်း၊ ရပိုင်ခွင့်၊ အခွင့်အလမ်းတိကို သိဖို့လိုအပ်လာရေ။ ဇာဖြစ်လို့လဲဆိုကေ အကျွန်ရို့က ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လားရဖို့ဖြစ်တေ အတွက်ကြောင့်ပါ။”လို့ ပြောပါရေ။

ယင်းအပြင် လူငယ်တိ နိုင်ငံရေးမှာပါဝင်လာကေ ဖြစ်ပေါ်လာနိုင်ဖို့ အကျိုးကျေးဇူးတိ၊ လက်ရှိပါဝင်မှုနှုန်းနန့် ယခင်က ပါဝင်မှုနှုန်းစရေ အကြောင်းအရာတိကို ဆွေးနွေးခကတ်ပါသိမ့်ရေ။

ဆွေးနွေးရာမှာ ယင်းစကားဝိုင်းကို ဦးဆောင်ပြုလုပ်တေ ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်တိအပါအဝင် ရခိုင်အရပ်ဖက်အဖွဲ့ တာဝန်ရှိသူတိနန့် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသားတိ၊ လူမှုရေးသိပ္ပံပိုင် သင်တန်းကျောင်းတိက ကျောင်းသားလူငယ်တိ စ သဖြင့် လူငယ် ၈၀ ခန့်က တက်ရောက်ခကတ်ပါရေ။

တက်ရောက်ခရေ လူငယ်တိကလေ့ လူငယ်နန့် နိုင်ငံရေးလို့ဆိုရေ အဆိုပါခေါင်းစဉ်အောက်မှာ သိလိုရေ မေးခွန်းတိကို ဆွေးနွေး မီးမြန်းခကတ်ပါရေ။

 568 total views,  1 views today