ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အငယ်ချေခါကပင် ပညာတတ်တစ်ယောက်ဖြစ်ချင်ခရေ Sister Regina Tin Hlaing ရေ အသက် ၃၈ နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်၊ ချင်းလူမျိုး မယ်သီလရှင်တစ်ပါး ဖြစ်ပါရေ။ ချင်းလူမျိုးဆိုကေလေ့ သူ့ကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဇင်ယော်မော်ရွာမှာ မွီးဖွားခစွာပါ။ မဖွံ့ဖြိုးရေ တောနယ်မှာ မွီးဖွားပြီးကေ ဆင်းရဲနွမ်းပါးရေ မိသားစုက ဆင်းသက်လာရေ သူမအဖို့ ပညာတတ်ဖြစ်ရဖို့ဆိုရေ ရွယ်မှန်းချက်က အိပ်မက်မက်နီခရေပိုင်ပါ။ ကကောင်းကြီး ခက်ခဲလွန်းခပါရေ။ ယကေလေ့ သူရဲ့ဆန္ဒကတော့ ပြည့်ဝခရပါရေ။ ဇာကြောင့်လဲဆိုးစွာကိုတော့ Sister Regina Tin Hlaing က အခုပိုင် ပြောပြပါရေ။

“အကျွန် အငယ်က မင်းပြားမြို့မှာ ၄ တန်း၊ ၅ တန်းလောက်ရာနီဖြစ်တေ။ ၆ တန်းနှစ်မှာ ပြည်မဖက်ကိုရောက်လား ရေ။ ဇာဖြစ်လို့လဲဆိုကေ အကျွန်ရို့ အငယ်ခါက ပညာရေးမှာ ကကောင်းခက်ခဲပါရေ။ ကိုယ်ကလေ့ ဆင်းရဲရေ မိသားစုကလာရေအတွက် ပညာရေးကို လိုလားလို့ရာ Strong ဖြစ်တေ။ ကျောင်းတက်ဖို့ဆိုကေတောင်မှ တစ်ခြားကျောင်းမှာ လားတက်ရပါရေ။ ကြိမ်ချောင်းဖက်တိမှာ လားတက်ရရေ။ စာမေးပွဲလားဖြေရစွာတိ ရှိရေလေ။ အဆင်မပြေပေါ့နန်း။ နောက်ပိုင်းမှာ သာသနာပြုသီလရှင်တိနဲ့ တွိပြီးခါမှ အကျွန့်ကို သီလရှင်အနေနဲ့ ထားပီးပြီးခါ အကျွန် ပညာတတ်လားစွာ။ ၂၀၀၄ မှာ သီလရှင်ဖြစ်တေ။”

ပြည်မဖက်ကို ရောက်လားလို့ ဆယ်တန်းအောင်ပြီးလားရေ အချိန်မှာတော့ သူ့ကို ပံ့ပိုး၊ ကူညီပီးခကတ်တေ သူရို့ဘာသာဝင် မယ်သီလရှင်တိရဲ့ ဖြစ်တည်မှု၊ ဟန်ပန်အမူအယာချေတိကို ခုံမင်နှစ်သက်မိလာပြီးကေ သီလရှင်ဘဝနဲ့ဗျာလ် နီထိုင်ဖို့ ဆုံးဖြတ်ခစွာလို့ ဆိုပါရေ။ ဒေပိုင် ဆုံးဖြတ်ခကေလေ့ သူရို့ဘာသာရဲ့ မူဝါဒတိအရ သီလရှင်တစ်ယောက် ဖြစ်ဖို့ဆိုစွာ တော်ရုံစကေးနဲ့ မရနိုင်ပါ။ သီလရှင်အလောင်းဘဝနဲ့ အနည်းဆုံး ၆ နှစ်နီရပြီးကေ ယင်းအချိန်အတောအတွင်းမှာ သူရို့ဝင်ဖို့ ဂိုဏ်းအကြောင်း၊ ဂိုဏ်းရဲ့လုပ်ဆောင်ချက်၊ ကျင့်ဝတ်စရေ အကြောင်းအရာတိကို သင်ရပါသိမ့်ရေ။ သင်ယူလို့ပြီးရေ အချိန်ကျမှ သီလရှင်အဖြစ်ခံယူဖို့ လူရေ ဒေအပေါ်မှာ အလေးနက်ထားပြီးကေ စိတ်ဝင်စားကြောင်း၊ ပြင်းပြရေဆန္ဒရှိကြောင်းကို စီနီယာသီလရှင်တိက ထောက်ခံပီးရပါရေ။ ယပြီးဂေမှရာ ပထမယာယီသစ္စာခံရရေလို့ ဆိုပါရေ။

ပထမ ယာယီသစ္စာ မခံသိမ့်ခင်အချိန်ထိတော့ ကိုယ်ကဒေဘဝကို နှစ်သက်မြတ်နိုးမှုရှိ၊ မရှိကို ဆန်းစစ်ပြီးကေ တစ်နှစ်တန်သည်၊ ၂ နှစ်တန်သည်နီခွင့်ရှိပါရေ။ Sister Regina Tin Hlaing ကလေ့ သူ့ကိုယ်သူဆန်းစစ်ပြီးကေ ၂ နှစ်လောက်ထပ်နီခရေလို့ ဆိုပါရေ။

“Pre-postulant မှာကျခါ သီလရှင်အလောင်းပေါ့နန်း။ ယင်းမှာကျခါ အကျွန်ရို ့က ၆ လနီရရေ။ Pre-postulant Euphrosyne House မှာပဲ။ အကျွန်ရို့က နီရပါရေ။ နောက်ပြီးလို့ရှိကေ ၃ နှစ်နီရရေ။ ပြီးကေ Novice လို့ ပြောရေ။ ယင်းမှာလေ့ ၃ နှစ်နီရရေ။ အနည်းဆုံး အကျွန်ရို့ ၆ နှစ်နီရရေ။ သီလရှင်ဘဝတက်လှမ်းဖို့ အတွက်လေ။ အကျွန်ရို့ ယင်းကာလမှာဆိုလို့ရှိကေ သီလရှင်နဲ့ ဆိုင်ရေ ဂိုဏ်းအကြောင်းကို အများကြီးသင်ရရေ။ Mother ကျောင်းကို အကျွန်ရို့တို့သင်ရရေ။ ပြီးကေ ဂိုဏ်းမှာလုပ်ဆောင်ရေအရာတိပေါ့။ သီလရှင်တိက ကျင့်ကြံရေအကြောင်းကို အကျွန်ရို့ အများကြီး သင်ခရရေပေါ့။ ယင်းတစ်လျှောက်လုံးမှာပေါ့။ ဖော်မေးရှင်းကာလလို့ ခေါ်ရေ။ ကိုယ့်ရဲ့ Founder ရဲ့အလုပ်အကြောင်း၊ ကျင့်ဝတ်တိ သင်ရရေ။ ၆ နှစ်ပြီးမှ First Profession ပထမယာယီသစ္စာပီးရေ။ အကျွန်ကတော့ ၂၀၀၄ မှာ First Profession ခံရေ။ ယာယီသစ္စာက အစမ်း ခန့်ကာလပေါ့။”

Sister Regina Tin Hlaing တင်လှိုင်ကတော့ ၂၀၀၄ ခုနှစ်မှာ အစမ်းခန့်သီလရှင်အဖြစ် ပထမယာယီသစ္စာခံခပြီးကေ ယင်းနောက်ပိုင်းမှာ သူရို့လူမျိုးတိ အဓိက နီထိုင်လျှက်ရှိရေ ချင်းပြည်နယ်ကို တာဝန်ကျခပြီးကေ ယင်းကတစ်ဆင့် ပြည်ဖက်ကို တာဝန်ပြောင်းရွှိခံခရရေလို့ ပြောပါရေ။

ချင်းပြည်နယ်မှာနီထိုင်စဉ်ကတော့ သူရို့ဂိုဏ်းရဲ့ လုပ်ဆောင်ချက်ထဲကတစ်ခုဖြစ်တေ ဘုရားစာသင် ပီးစွာတိ၊ သာသနာပြုစွာတိ၊ စရေအောက်ခြီလုပ်ငန်းတိကို လုပ်ခရပြီးကေ ယင်းဖက်ကတစ်ဆင့် ပြည်ဖက်ကို ပြောင်းရွှိခြင်းခံခရချိန်မှာတော့ သူရေ နယ်ဖက်ကတက်လာရေ ကျောင်းသားငယ်ချေတိကို ဘော်ဒါလိုက်ကြည့်ပီးရင်းနဲ့ ပြုစုစောက်ရှောက်ရေးလုပ်ငန်းတိကို လုပ်ဆောင်ခဲ့ ပြန်ပါရေ။

“အကျွန် ပထမဆုံး တာဝန်ကျစွာက ချင်းပြည်နယ်မှာ ၂၀၀၄ ဆိုခါလေ။ ချင်းပြည်နယ်က ကကောင်းကြီး နှောင့်နှေးရေ ထဲမှာပါရေ။ အကျွန်ရို့ ကျခါလေ့ နယ်တိကို လားရရေပေါ့။ အချေတိကို ဘုရားစာတိသင်ပီးရေ။ သာသနာပြုရေပေါ့။ စာတိ လေ့ မသင်ပီးသိမ့်။ နောက်ပြီးကေ အကျွန်က ပြည်မှာ။ ပြန်ပြီးကေ တာဝန်ကျရေ။ ယင်းမှာကျခါ အကျွန်ရို့မှာ ဘော်ဒါရှိရေ။ အကျွန်ကျရေကျောင်းက စိန့်ဖရန်စစ် Community လို့ပြောပေါ့။ ယင်းမှာကျခါ ဆယ်တန်းအထိရှိရေ။ အကျွန်ရဲ့တာဝန်ကတော့ နယ်က အချေတိကို ဘော်ဒါကြည့်ရစွာပေါ့။ ၈ တန်းကနီ ၁၀ တန်းထိရှိရေ။ ပြည်မှာဗျာလ် နောက်စိန်ပေါကျောင်းမှာ တစ်နှစ်တာဝန်ကျရေ။ စိန်ပေါမှာလေ့ ဘော်ဒါကြည့်ရရေပေါ့။”

ဟိုဖက်ဒေဖက်ပြောင်းရွှိတာဝန်ကျရင်းနဲ့ ၂၀၁၀ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို လားရောက်ပြီးကေ အနယ်နယ်အရပ်ရပ်က တစ်သက်သစ္စာမခံရသိရေ သီလရှင်တိနဲ့အတူ အင်္ဂလိပ်စာဘာသာရပ်တိ၊ International Communication စစွာတိကို သင်ယူခဲ့ရရေပိုင် ယင်းမှာဗျာလ် ခရစ်ယာန်သာသနာပြု ဆရာတော်၊ ဘုန်းကြီး၊ သီလရှင်စုံလင်စွာနဲ့ ဖြူစင်ခြင်း၊ နာခံခြင်း၊ ဆင်းရဲခြင်းစရေ သစ္စားသုံးပါးနဲ့အတူ တစ်သက်သစ္စာခံခရသူပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ၂ နှစ်နီးပါးနီခရပြီးကေ ပြန်လာချိန်မှာတော့ ဦးသျှစ်ပင်မှာ တာဝန်ကျခပနာ မြန်မာနိုင်ငံထဲက သီလရှင် ကျောင်းတော်တော်များများမှာ တာဝန်ကျလိုက်၊ နယ်လှည့်လားလိုက်နဲ့ ၅ နှစ်လောက် အလုပ်ရှုပ်နီခသူပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ဇာတိဖြစ်တေ ရခိုင်ပြည်နယ်ကို တာဝန်ကျခစွာပါ။ လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့က “စိန်အဲန့်ကက်သလစ်သီလရှင်ကျောင်း”မှာ တာဝန်ခံအဖြစ်နဲ့ တာဝန်ယူနီစွာ ၂ နှစ်နီးပါးရှိနီပါယာ။ ဒေကျောင်းရေ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းလေ့ ဖြစ်ပါရေ။

“နောက်ပြီးမှ ၂၀၁၀၊ ၁၁ မှာကျခါ တစ်သက်သစ္စာခံဖို့ ဖိလစ်ပိုင်ကို သင်တန်းလားတက်ရရေ။ International Communication ယင်းမှာ အနယ်နယ်က Sister တိလာရေ။ ဖိလစ်ပိုင်ကရော၊ သြစတီးရီးယားကရော အကျွန့်ပိုင် သစ္စာမခံရသိရေ Young Sister တိစုပြီးကေ ယင်းမှာတစ်နှစ်ခွဲ ၂ နှစ်နီးပါးနီရရေပေါ့နန်း။ ၆ လက Sister ပေါင်းစုံနဲ့ပေါ့။ တစ်နှစ်ကထပ်ပြီးကေ အင်င်္ဂလိပ်စာတိ၊ Communication တိထပ်ပြီးကေ သင်ရသိရေပေါ့။ ပြီးကေမှ အကျွန်က ၂၀၁၂၊ ၁၃ မှာ ဦးသျှစ်ပင်မှာ တာဝန်ကျရေပေါ့။ ယင်းမှာလေ့ Pre school ပဲကိုင်ရရေပေါ့။ နယ်တိကိုလေ့ လားရရေပေါ့။ အဓိကကတော့ အချေတိကို ပြုစုစောင့်ရှောက်ရေအပိုင်းကို လုပ်ရရေပေါ့။ ပြီးမှ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ၊ ၁၇ ၊ ၁၈ နှစ်မှ ဒေကို ပြောင်းစွာ။ ၅ နှစ်လောက်ကြာခရေပေါ့။”

ယာယီသစ္စာခံဘဝနဲ့ နီတုန်းမှာ သီလရှင်ဘဝက ထွက်လို့ရသိမ့်ကေလေ့ တစ်သက်သစ္စာခံလိုက်ဗျာလ်ဆိုစွာနဲ့ သီလရှင်ဘဝကထွက်လို့ မရပါဗျာလ်။ ယင်းကြောင့်လေ့ တစ်သက်သစ္စာခံဖို့လို့ ဆုံးဖြတ်ထားရေ သီလရှင်တိအနီနဲ့ ဒေဘဝမှာပျော်လာ။ အပြင်လောကမှာရာ ပျော်လာ။ ကိုယ့်စွာကိုယ် အသေအချာသုံးသပ်ဆန်းစစ်ဖို့ လိုအပ်ပါရေ။ Sister Regina Tin Hlaing က ယင်းအချိန်ကအသက်အရွယ် အားဖြင့်လေ့ငယ်သိလို့ ဂရုတစိုက်ဆုံးဖြတ်ခရရေဆိုရေအကြောင်းကို ပြောပြပါသိမ့်ရေ။

“၆ နှစ်နီလို့ရှိကေ တစ်သက်သစ္စာခံရရေ။ တစ်သက်သစ္စာကကျကေ ထွက်လို့မရဗျာလ်ဆိုစွာက တစ်သက်လုံးနီ ဖို့ယာဆိုရေ ကတိဝန်ခံချက်ပေ့ါ။ Public မှာ အကျွန်ရို့ရဲ့ ကျောင်းတော်ကြီးတိဖြစ်တေ ရန်ကုန်က စိန့်မေရီရို့၊ ဒေမှာဆိုကေ စိန့်ပေါ့ရို ့ Public မှာ အများကြီး ဆရာတော်ကြီးတိပါမယ်။ ဘုန်းကြီးတိပါမယ်။ သီလရှင်တိပါမယ်။ ယင်းပိုင်သစ္စာဆိုရရေ။ သစ္စာသုံးပါးခံရရေပေါ့။ ဖြူစင်ခြင်းရယ်။ နာခံခြင်းရယ်။ ဆင်းရဲခြင်းရယ်။ သစ္စာခံရရေပေါ့။”

“ယာယီသစ္စာမှာကျကေ အကျွန်ရို့က ၆ နှစ်အတောအတွင်း ကိုယ်ဒေဘဝမှာ ပျော်လာ။ သီလရှင်ဘဝနဲ့ နီလို့ရဖို့လား။ ယင်းမှာ ၆ နှစ် ပြည့်လို့ ကိုယ်မပျော်။ ဒေဘဝကို ကိုယ်က မမြတ်နိုးယာ။ ကိုယ်ကသီလရှင်ဘဝနဲ့ လုံးဝမကိုက်ညီ။ မပျော် ဒေဘဝမှာဆိုကေ ကိုယ်ကပြန်ဖျက်လို့ရရေ။ အကျွန်ရို ့ တစ်သက်သစ္စာကို ၆ နှစ်၊ ၇ နှစ်လောက်မှာမှ ခံရေ။ ကိုယ်ကလေ့ ဒေဘဝမှာပျော်ရေ။ ဒေဘဝကို မြတ်နိုးရေပေါ့နန်း။ ဒေအလုပ်လုပ်ရစွာလေ့ပိုပြီးကေ ပျော်ရေပေါ့။ အစေခံရစွာကို ပျော်ရေပေါ့။ ယင်းပိုင်မျိုး ကိုယ့်မှာအတွေးအခေါ်ရှိရေ။ ဘုရားနဲ့ပေါင်းစပ်စွာကိုပျော်ရေ။ ပြည်သူတိအတွက် အလုပ်လုပ်ရစွာကိုပျော်ရေ။ ယင်းကြောင့်နဲ့ ဒေဘဝနဲ့ ကိုယ်တစ်သက်လုံးနီဖို့ဗျာလ်ပေါ့နန်း။ တစ်သက်သစ္စာခံလားစွာ ၆ နှစ်ပြီးရေအခါမှာ ၈ နှစ်မတိုင်ခင်မှာပေါ့။ အကျွန်ကကျကေ တစ်သက်သစ္စာခံပြီးလားယာ။”

သူရို ့ဘာသာအရ ဂိုဏ်းအလိုက်လုပ်ဆောင်ပုံတိကွဲပြားကတ်ပြီးကေ တစ်ချို့ဂိုဏ်းတိမှာဆိုကေ သူရို ့ခရစ်တော်ဘုရားသခင်ကို ယုံကြည်လာအောင်လို့ တရားဟောစွာ၊ တစ်ချို့ဂိုဏ်းတိမှာဆိုကေ စာသင်ပီးစွာစသဖြင့် ကွဲပြားကတ်ကေလေ့ ယုံကြည်ကိုးကွယ်ခြင်း အားဖြင်တော့ အတူတူပါဗျာလ်။

“ဂိုဏ်းကတော့လေ နာမည်ပါရာ။ စိန်ပေါဂိုဏ်းလို့ ရှိရေ။ သူရို့မှာလေ့ သူရို ့အလုပ်နဲ့ သူရို ့ရှိရေ။ သူရို့ဂိုဏ်းဆိုကေ တရားဒေသနာဟောကြားမယ်။ လူတွေက သခင်ခရစ်တော်ကို ယုံကြည်ဖို့အတွက်ဟောကြားရမယ်။ ယင်းချင့်က သူရို့ရဲ့လုပ်ဆောင်ချက်။ အကျွန်ရို ့ကျကေ စာသင်မယ်။ ပညာမတတ်တေလူတိကို၊ အမျိုးသမီးတိကို၊ ပညာလိုလားရေ လူတိကို ဒေမှာကျကေ အကျွန်ရို ့က စာသင်မယ်ပေါ့။ တစ်ခြားနရာမှာကျကေ မိဘမဲ့တိကို ကြည့်ရေ။ ယပိုင်မျိုး။ ဂိုဏ်းတိကရာကွဲရေ လုပ်ငန်းချေတိကရာကွဲရေ၊ ကိုးကွယ်ခြင်းကတော့ အတူတူပါဗျာလ်။”

နောက်ပြီးကေ သူရို ့ဘာသာမှာ တစ်ခြားဘာရေးဂိုဏ်းတိနဲ့ မတူဘဲ ထူးခြားရေအချက်တိလေ့ ရှိနီပါရေ။ ပထမတစ်ချက်အနီနဲ့ ပြောရကေ ခရစ်ယာန်ဘာသာဝင် သီလရှင်လုပ်ဖို့အမျိုးသမီးတိရေ အပျိုစင်ဖြစ်ရရေပိုင် အိမ်ထောင်ပြုခွင့်လေ့ လုံးဝမရှိပါ။ ယပြီးကေ တစ်ဂိုဏ်းချင်းစီအလိုက်လေ့ ပညာအရည်အချင်းအသင့်အတင့်ရှိရပြန်ပါရေ။

“ငယ်ပျိုဖြစ်ရဖို့။ အကျွန်ရို ့က ဆယ်တန်းအောင်သူဖြစ်ရဖို့။ အကျွန်ရို့ဂိုဏ်းမှာ လက်ခံထားစွာပေါ့နန်း။ တစ်ခြားဂိုးဏ်းတိမှာတော့ မအောင်ကေလေ့ ရကေရဖို့။ ဇာလို့ဆိုကေ အကျွန်ရို ့ဂိုဏ်းရေ အင်တာနယ်ရှင်နယ်ဂိုဏ်းဖြစ်တေ့အတွက်ကြောင့်။ တစ်ခြားနိုင်ငံတိကို စေလွှတ်ခြင်းခံရရေအခါကျကေ အဆင်ပြေရေပေါ့။ ပညာလေ့တတ်ထားရေခါ သူများနဲ့ Communication လုပ်နိုင်ဖို့ကလေ့ အရေးကြီးရေပေါ့။ အင်္ဂလိပ်စာကလေ့ အဓိကအရေးကြီးရေပေါ့။ အကျွန်ရို့ဂိုဏ်းမှာ ကျခါလေ။ အင်္ဂလိပ်စာ မရလို့ မရ။ အကျွန်ရို ့လေ့ ဆယ်တန်းအောင်ခါ အင်္ဂလိပ်စာအများကြီး သင်ခရရေ။”

Sister Regina Tin Hlaing ရို့ ဂိုဏ်းမှာဆိုကေတော့ ဆယ်တန်းအောင်ရဖို့လို့ သတ်မှတ်ထားရေလို့ ဆိုပါရေ။ တစ်ချို့ဂိုဏ်းတိမှာဆိုကေ ဘွဲ့ရရဖို့ စသဖြင့်လေ့ ရှိရေပိုင် တစ်ချို့ဆိုကေလေ့ ဆယ်တန်းမအောင်၊ ဘွဲ့မရဘဲနဲ့လေ့ နားလည်မှုပီးပြီးကေ ပီးဝင်စွာမျိုးတိလေ့ တွိရရေလို့ ပြောပါရေ။ ဒေပိုင်သတ်မှတ်ထားရစွာရေ ပြည်သူအကျိုးပြုလုပ်ငန်းတိကို လုပ်ဆောင်ချိန်မှာ နိုင်ငံတကာနဲ့ယှဉ်ပြီးကေ လုပ်ဆောင်ရရေ ကဏ္ဍတိကြောင့်လို့ ဆိုစွာကို မယ်သီလရှင်တိက နားလည်ကတ်ပါရေ။ သီလရှင်ဖြစ်လားလို့ အပြင်လောကမှာ လုပ်ကိုင်ခွင့်မရှိ၊ ဂိုဏ်းကခွင့်မပြုရေ ကိစ္စရပ်တိကိုလေ့သင့်ပါ။

“သီလရှင်တစ်ယောက်ဆိုစွာ လွတ်လွတ်လပ်လပ်လားလို့မရ။ Community Member တိက မသိဘဲနဲ့ အပြင်လားလို့ မရ။ အပြင်လားကေလေ့ တစ်ခြား Sister တိနဲ့ Communication အမြဲရှိရရေ။ အလုပ်လုပ်တေအခါမှာလေ့ အကျွန်ရို ့က ဘလောက်ပဲ ပညာရေးမှာတော်တော်။ အင်ဂျီအိုက အကျွန့်ကို ရာထူးကြီးကြီးပီးပီး။ လားလုပ်လို့ မရ။ ယပိုင်မျိုးပေါ့။ အကျွန်ရို ့မှာ အကြီးအကဲတိရှိရေ။ ဂိုဏ်းက ခွင့်ပြုကေမှ ကိုယ်ကလုပ်လို့ရရေ။ ဒေလုပ်ငန်းက ကိုယ့်ဂိုဏ်းနဲ့သင့်တော်ရေဆိုလို့ရှိကေ အလုပ်လုပ်တေ။ ကိုယ်က ဒေမှာမလုပ် ချင်။ အန်ဂျီအိုမှာ ဖဲသာပိုရဖို့။ ယင်းမှာဗျာလ် လုပ်ချင်ရေဆိုကေလေ့ လုပ်လို့မရပါ။ ဂိုဏ်းရဲ့ အကြီးကဲက သိရရေ။ အကြီးကဲက ပါမစ်ရှင်ပီးမှ လုပ်လို့ရရေ။ ကိုယ်က ယင်းမှာရာ လုပ်ချင်ရေဆိုကေ ဒေဘဝမှာ မနီကေ့ပေ့ါ။ ကိုယ့်ဘဝနဲ့တော့ လုပ်လို့ရရေ။ သီလရှင်ဘဝနဲ့တော့ လုပ်လို့မရ။ ဒေချင့်ကတော့ သီလရှင်ရဲ့စည်းကမ်းပေါ့။”

သီလရှင်တိနဲ့ ဘုန်းကြီးတိနဲ့ မတူကွဲပြားရေအချက်တိလေ့ ရှိနီပြန်ပါရေ။ ဘုန်းကြီးတိကလေ့ မယ်သီလရှင်တိပိုင်ဗျာလ် ဆယ်တန်းအောင် ရပိုင် ဘုန်းကြီးတစ်ပါးဖြစ်ဖို့အတွက်လေ့ ဆယ်စုနှစ်တစ်ခုအချိန်ပီးပြီးကေ ဂိုဏ်းနဲ့ ဆက်စပ်တေ လုပ်ဆောင်ပုံတိအကြောင်း လေ့လာသင်ယူရပနာ သီလရှင်တိနဲ့ တစ်ကျောင်းတည်းအတူနခွင့် မရှိပါ။ ယကေလေ့ အကျိုးပြုလုပ်ငန်းတိ၊ ဘာသာရေးပွဲတော်တိ လုပ်ဆောင်ချိန်မှာ ဂိုဏ်းအလိုက်စုရုံးလေ့ရှိကတ်ပါရေ။ အကြောင်းပြချက်မရှိပဲနဲ့ သီလရှင်တိက ထွက်ခွင့်မရှိကေလေ့ ဂိုဏ်းနဲ့ ဆန့်ကျင်ရေ လုပ်ရပ်တိ၊ စည်းကမ်းတိကို ချိုးဖောက်ကေတော့ ဂိုဏ်းက စီစစ်ပြီးကေ သီလရှင်အဖြစ်က ထုတ်ပယ်ခွင့်ရှိပါရေ။ အစား အသောက်အပိုင်းမှာတော့ တစ်ခြားလူတိပိုင် စားသုံးခွင့်ရှိပါရေ။ တရားအားထုတ်တေအပိုင်းမှာတော့ နိစိုင်သုံးကြိမ်ဝတ်ပြုရပြီးကေ ဥပုသ်သီလဆောက်တည်စွာကိုတော့ တစ်နှစ်မှာ ၂ ကြိမ်သတ်မှတ်ထားပနာ ယင်းနှစ်ကြိမ်မှာ အားကေအားရေပိုင် ကျင့်ကြံအားထုတ်ကတ်တေလို့ သိရပါရေ။
နောက်တစ်ချက်ထူးခြားတာကတော့ ခရစ်ယာန်သီလရှင်တိမှာ ဗုဒ္ဓသာသာဝင်ပိုင်မျိုး မိဘကိုကျေးဇူးဆပ်ချင်လို့ သီလရှင်ဝင်ချင်ရေ ဆိုရေပုံစံမျိုးလေ့ မရှိပါ။

“ဗုဒ္ဓဘာသာမှာဆိုကေ မိဘကိုကျေးဇူးဆပ်ချင်ရေ။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ချင်ရေ။ ယပိုင် အဓိဌာန်ဝင်ပြီးကေ သီလရှင်ဝင်စွာမျိုးရှိရေလေ။ အကျွန်ရို ့မှာ ယင်းပိုင်ပုံစံမျိုးမရ။ သီလရှင်ဘောင်ဝင်ဖို့ဗျာလ်ဆိုကေတောင်မှ သူ့ရို့အကျင့်စာရိတ္တကို ကြည့်ရေ။ အကုန်ပေါ့။ ပြီးကေ ကျောင်းမှာ Sister တိနဲ့ အတူနီရရေ။ တကယ်လို့ သီလရှင်ဂိုဏ်းကို စိတ်ဝင်စားရေဆိုကေ Sister ရို့ရဲ့အပြော အဆို၊ လုပ်ငန်းတိ၊ နီပုံထိုင်ပုံတိကို သင်ယူရရေ။ ယင်းခါကျမှ အကျွန်ရို့ Community က လက်ခံရေ။ ဒေကောင်မချေက တစ်ကယ့်ကို စိတ်ဝင်စားရေ။ အကျင့်စာရိတ္တပိုင်းမှာ ကောင်းရေ။ ဖော်ဖော်ရွေရွေရှိရေဆိုကေ ထောက်ခံပီးရေ။ နောက်တစ်ဆင့် တက်လို့ရရေပေါ့။”

Sister Regina Tin Hlaing ရေ အစပိုင်းမှာတော့ သူပညာတတ်ဖြစ်ကေ သူနာပြုတစ်ယောက်လုပ်ဖို့လို့ စိတ်ပိုင်းဖြတ်ခကေလေ့ နော က်ပိုင်းမှာတော့ သူ့ကိုသွန်သင်ဆုံးမပြီးကေ ဒေအခြေအနေထိရောက်အောင် ပံ့ပိုးကူညီပီးခကတ်တေ သီလရှင်တိရဲ့ ဖြစ်တည်မှုကို ချစ်ခင်မြတ် နိုးလားချိန်မှာတော့ သူလေ့ ဒေဘဝနဲ့ဗျာလ် နီထိုင်ဖို့ ဆုံးဖြတ်ခပါရေ။ ဇာပိုင်ပဲဖြစ်နီပါစီ။ သူလုပ်ချင်ရေ ပြည်သူအကျိုးပြုလု ပ်ငန်းချင်းကတော့ အတူတူဗျာလ် မဟုတ်ပါလား။

“အငယ်က Nurse ဖြစ်ချင်ရေ။ Nurse ဆိုစွာက လူတိမကျန်းမာကေ ဆီးကုပီးရရေလေ။ သေဖို့ဗျာလ်ဆိုရေ လူ တိကိုတောင်မှ ဆီးကုလိုက်ကေ ကောင်းလာရေလေ။ ယင်းချင့်ချေကို သဘောကျရေ။ လူတိကို ကူညီစွာပေါ့နန်း။ သီဖို့ဗျာလ်ဆိုရေ လူတိကို ပြန်ရှင်အောင် လုပ်နိုင်ရေ။ ယင်းပိုင် လူတိကို အပြုသဘောဆောင်ပြီးကေ ကူညီစွာကို မြတ်နိုးခရေပေါ့။ နောက်ပိုင်းကျလို့ ဆယ်တန်းအောင်ပြီးခါကျကေ ရည်ရွယ်ချက်က တစ်မျိုးပြောင်းလားပြန်ယာ။”

“အပြင်လောကမှာနီကေ အိမ်ထောင်ပြုမယ်။ သား၊ သမီးတွေရှိလာမယ်။ ယင်းချင့်နန့်ဗျာလ် ရုန်းကန်ရမယ်။ ကိုယ့်မိသားစုလောက်ပဲ ကိုယ်က စဉ်းစားနိုင်ဖို့လေ။ ကိုယ်အလုပ်လုပ်ကေတောင်မှ ကိုယ့်သား၊ သမီးအတွက် သူရို့ရှေ့ရေးအတွက်ပဲ စဉ်းစားမယ်။ သီလရှင်ကျခါ ယပိုင်မျိုး မဟုတ်လိုက်ယာ။ ကိုယ်လုပ်နီရေ လူတိအပေါ်မှာ မေတ္တာတရားကို ပိုပီးနိုင်ရေ။ လူတိုင်းကို၊ အချေတိုင်းကို ချစ်နိုင်ရေ။ ပြီးကေ ကိုယ့်ဂိုဏ်းက ဇာကိုပင် စေလွှတ်လွှတ်။ အခုဆို ရခိုင်မှာစေလွှတ်တေ။ ကိုယ့်နယ်ဆိုခါ ပိုလို့တောင်ပျော်သိရေ။ ကိုယ့်ရခိုင်ကလူတိကို အများကြီး ပညာပီးနိုင်ရေဆိုပနာ ကိုယ်ဝမ်းသာရေ။ တစ်ခြားပြည်နယ်မှာကျကေလေ့ တစ်ခုလေ့ နောက်ဆံတင်းနီစရာမလိုလေ။ ကိုယ့်မိသားစုဆိုစွာကို စဉ်းစားစရာမလို။ ဒေလူအတွက် လုံးလုံးလျားလျားကို ကိုယ့်မှာရှိရေ ပညာကိုပီးနိုင်ရေ။ ယင်းချင့်တစ်ခုက ကွာလားရေပေါ့။”

 617 total views,  1 views today