ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မြေငူကျွန်းရေ ပင်လယ်မြစ်ဝကျွန်းပေါ်တစ်ခု ဖြစ်တေအလျာက် ရီလုပ်ငန်းကို လုပ်ကိုင်ကတ်တေ ပိုင် တောင်ယာလုပ်ငန်းကိုလုပ်ကိုင်သူတိလေ့ ရှိပါရေ။ အုန်းတောဆိုရေ ရွာချေမှာတော့ အိမ်တိုင်းလိုလိုမှာ အရက်ချက်တေ လုပ်ငန်းကို လုပ်ကိုင်ရင်းနဲ့ သက်မွီးဝမ်းကြောင်း ပြုကတ်ပါရေ။

အခုသီတင်းပါတ်မှာတော့ ဒေအရက်ချက်လုပ်ဖို့ အဓိကလိုအပ်တေ ကုန်ကြမ်းပစ္စည်းကဇာလဲ။ သဘာဝအရက်ကို ဇာပိုင်ချက်လုပ်ရသ လဲ။ ဇာသူရို့က သောက်သုံးကတ်လဲ။ အစိုးရက အသိအမှတ်ပြုထားရေ အရက်၊ ဘီယာတိနဲ့ကာ ဇာပိုင်ကွာခြားမှုတိ ရှိလဲ။ တောအရက် ချက်လုပ်သူတိအနီနဲ့ ဇာပိုင်အခက်အခဲတွိကြုံနီကတ်ရလဲ။ စသဖြင့် အရက်ချက်လုပ်သူတိ၊ သောက်သုံးသူတိနဲ့ တွိဆုံမီးမြန်းပြီးကေ တင် ဆက်ပီးလားပါဖို့။

“တောအရက်”လို့ အရပ်ကခေါ်ရေ သဘာဝအရက်ရေ ဓာတုပစ္စည်းတိမပါ။ ဆန်နဲ့ သဆီးကို အချိုးတူပေါင်းစပ်ပြီးကေ ထုတ်လုပ်ထားရေ အရည်တစ်မျိုးဖြစ်ပါရေ။ ဒေအရက်ချက်လုပ်ဖို့အတွက် ပထမဆုံးအနီနဲ့ ဆန်ခွဲ (ဆန်ကွဲ) ကို ထမင်းပိုင်ချက်ရပြီးကေ ချက်ပြီးစွာနဲ့ အအီး ခံပနာ သဆီးနဲ့ အချိုးညီအောင်ပေါင်းစပ်ရပါရေ။ ပြီးစွာနဲ့ အသင့်လုပ်ထားရေ စည်းပိုင်းမှာထည့်ပနာ အဖုံးလုံအောင် ပိတ်လို့ ၂ ရက် လောက် ထားလိုက်ရပါရေ။

၃ ရက်မြောက်တေနိမှာ အဖုံးဖွင့်ပြီးကေ ရီပေါင်းထည့်ပနာ ၄ ရက်မြောက်တေနိမှာ ပြန်ချက်ပါရေ။ ၂ နှစ်ကြာအရက် ချက်လုပ်လာရေ ဒေါ်မဖြူချေက အခုပိုင် ပြောပြပါရေ။

“ရပူတည်ထားရရေ။ ပြီးကေ ဆန်ခွဲ ၃ သစ်ထည့်ရေ။ (နို့စည်ဗူးနဲ့) ၁၂ ဗူးပေါ့။ ထမင်းချက်ပိုင် ချက်စွာယာ။ ထမင်းပိုင် နှပ်စွာ နဲ့ ဖျာမှာခင်းပြီးကေ အအီးခံရေ။ ရီကို လက်မှာစွပ်ရုံချေ ဆွတ်ပြီးကေ နယ်ရရေ။ ထမင်းခဲတိကို ဖြိုရရေ။ ပြီးကေ သဆီး ၃၀ ထည့်ရေ။ ထမင်းကိုလေ့ ဗူးမှာထည့်ပြီးကေ သေချာဖုံးထားရရေ။ ပြီးကေ ရီမပါပဲနဲ့ ၂ ရက်ထားရရေ။ ၃ ရက် မြောက်နိမှာ ရီထည့်ရေ။ ၄ ရက် မြောက်မှာ ချက်ရရေ။ အခုပိုင် ဆောင်းခါဆိုကေ ၅ ညထားရရေ။”

ချက်လုပ်တေအခါမှာ နိုစည်ဗူး ၁၂ ဗူးကို တစ်ဒင်လို့ သတ်မှတ်ပြီးကေ တစ်ဒင်ချက်ကေ အရက် ၅ ပုလင်းစီရပါရေ။ ချက်လုပ်ရရေပုံစံက လေ့ ရိုးရှင်းလှစွာတော့ မဟုတ်ပါ။

ထင်းမီးဖိုထက်မှာ သံစည်ပိုင်းကိုတည်ရပြီးကေ ယင်းအထက်က ထမင်းအိုးကိုရပါတယ်။ ထမင်းအိုးကို အလယ်က ပေါင်းအိုးပုံစံ ပြုလုပ် ထားပြီးကေ ယင်းအထက်မှာ သံဇလုံတစ်ခုကို ရီထည့်ပြီးကေ ထားရပါရေ။ အပူပီးထားရေ ယင်းအိုးတိနဲ့ပြွန်တစ်ပြွန်ချိတ်ဆက်ထားရပြီး ရီဆူလာစွာနဲ့ ပုလင်းထဲမှာ ချွဲရည်တစ်စက်ချင်းစီ စီးကျလာစွာပါ။

“အရင်ဆုံးစည်ပိုင်းကိုတည်တယ်။ တည်ပြီးကေ အိုးကိုတည်ရေ။ အိုးထဲမှာ ခြံငယ်ချေတစ်ခုပါရေ။ ပြီးကေ ဇလုံထည့်ရေ။ ဇ လုံကို ကြိုးပတ်တယ်။ ပတ်ပြီးကေ ရီထည့်ရရေ။ ရီထည့်လို့ပြီးစွာနဲ့ အောက်မှာပါရေ ပြွန်ကို ဝလုံးချေမှာစွပ်တယ်။ ပြီးခါ ပုလင်းတစ်လုံး မှာ ပြွန်ကိုစွပ်လိုက်ကေပြီးယာ။ မီးကိုတော့ မကျသိခင် ပပြင်းချေထည့်ရရေ။ ကျကေတော့ လျှော့ထည့်ရရေ။ အပြင်းကြီးထည့်လို့မရ။”

တစ်ပုလင်းစီပြည့်ဖို့အတွက် မိနစ်ပိုင်းလောက်ရာကြာမြင့်တတ်ပြီးကေ တစ်ပုလင်းပြည့်ရင် တစ်ပုလင်းလှယ်ပီးရပါရေ။ ပုလင်းထဲမှာ စီး ကျလာရေ ချွဲရည်ကို အအီးခံလို့အပြီးမှာတော့ကေ တောအရက်လို့ခေါ်ရေ သဘာဝအရက်အဖြစ် သောက်သုံးနိုင်ပါဗျာလ်။

“အကျကတော့ ကောင်းမကြာ။ ၂ မိနစ်၊ ၃ မိနစ်လောက်ပဲကြာရေ။ ဆောင်းတွင်းဆိုကေ ပိုလို့အကျကောင်းရေ။ ကြာကေ လေ့ ၅ မိနစ်ယာ။ တစ်ဒင်ပြီးဖို့အတွက်ဆိုကေ ၁ နာရီကျော်လောက်ကြာရေ။ (မီး)မကောင်းကေပေါ့။ ထင်းတိမကောင်းကေ ၁ နာရီခွဲ လောက်ကြာလားတတ်တေ။”
ချက်လုပ်ကတ်တေဆိုကေလေ့သင့် တစ်ပိုင်တစ်နိုင်ရာလုပ်ကတ်စွာဖြစ်ပြီးကေ တစ်ရက်ကို ၂ ဒင် (၁၀ ပုလင်း) လောက်စီရာထုတ်ကတ် ပါရေ။ ထုတ်လုပ်လို့ အပြီးမှာတော့ သူရို့နေအိမ်တိမာ ရောင်းလေ့မရှိပါ။ တစ်ဆင့်ခံရောင်းချသူတိကို သူရို့က တစ်ပုလင်းကို ငွေ ၁၀၀၀၊ ၁၅၀၀ နှုန်းနဲ့ ရောင်းချပြီးကေ တဆင့်ခံရောင်းချသူတိကတော့ ၂၀၀၀ စျေးလောက်နဲ့ ပြန်ရောင်းကတ်တေလို့ ဆိုပါရေ။

အရက်ချက်လုပ်ရောင်းချနီရေ အသက် ၅၅ နှစ်အရွယ် ဒေါ်နီမကလေ့ အခုပိုင် ပြောပြပါရေ။

“တစ်ခုလုပ်ဖို့ဆိုကေ ဆန်ခွဲ ၆ သစ်။ သဆီးက တစ်ဒင်မှာ ၇ လုံးစီထည့်ရရေ။ ထင်း ၄ ထောင်ဖိုးဝယ်ရရေ။ ဒေလောက်ရင်း လိုက်ကေ ၁၀ လုံးရရေ။ ၁၀ လုံးကို လက်ကားစျီးနဲ့ဆိုကေ ၁ သောင်းရရေ။ သောက်သမားတိကို တစ်လုံးချင်းထုတ်ရောင်းကေတော့ တစ်လုံးကို ၁၅၀၀ ပေါ့။ ရသန့်တစ်ဗူးဆိုကေ ၂ ထောင်ရောင်းရေ။ အရီးရို့တော့ အလွတ်သမားတိကို ရောင်းလည်းမရောင်း။ လက္ကား သမားတိကို ရောင်းရေ။”

ဆန်ကထုတ်လုပ်ထားရေ အရက်ဖြစ်လို့ ဓာတုပစ္စည်းတိမပါဝင်စွာကြောင့်လေ့ ယင်းနယ်ဖက်က လူကြီးတိတောင်မက လူငယ်တိကလေ့ ဒေအရက်ကို အကြိုက်တွိကတ်ပါရေ။ မြို့အရက်တိနဲ့ယှဉ်ကေ သူရို့ဒေသကထွက်တေ တောအရက်ကိုရာ ပိုသောက်ဖြစ်တေလို့ပြော လာသူက ကိုညီထွန်းချေပါ။

“မြို့အရက်တိကကျကေ စျီးလေ့ကြီးရေ။ သောက်ရစွာလေ့ မကောင်းဘူး။ ဒေအရက်ကကျကေ အမူးလေ့ အရင်ပြေရေ။ ကောင်းလေ့ကောင်းရေ။ စျီးလေ့တန်ရေလေ။ ကျမ်းမာရေးအတွက်လေ့ ကောင်းရေပေါ့။ ဆန်ကထွက်တေအရက်ဖြစ်လို့လေ။ ဟိုအရက် တိကကျကေ ဆိုးဆေးတိလေ့ပါလို့ ကျနော်ရို့က အသောက်နည်းရေ။”

နယ်မှာကျင်းပရေ မင်္ဂလာဆောင်ရို့ပိုင် ပွဲလမ်းသဘင်တိမှာလေ့ တောအရက်ကတော့ကေ မပါမဖြစ်ပါ။

“ပွဲလမ်းသဘင်တိမှာလေ့ ဒေအရက်ရာရှိကေ တစ်ချို့လူတိ စျီးကြီးအရက်တိကို မသောက်ကတ်ယာ။ ဒေချင့်ကိုယာတောင်း ဆိုကတ်တေ။ ဇာလို့လဲဆိုကေ အဝင်လည်းကောင်းသပိုင် အမူးလေ့ အရင်ပြေစွာကြောင့်လို့ ထင်ရေ။ ပြီးကေ ကျမ်းမာရေးအတွက်လေ့ ဆိုးကျိုးက မရှိစွာကို။ ပွဲတိမှာလေ့ ဒေအရက်ပါကေ အများကြီးကောင်းရေ။ ဒေချင့်ဆိုကေ ဒေချင့်ယာယေ။ ဟိုအရက်တိနဲ့ပေါင်းသောက် ကေ ပိုမူးတတ်တေ။”

ယင်းကြောင့် ရွာမှဗျာလ် စွဲစွဲမြဲမြဲရှိနီတတ်တေ လူငယ်တိကတော့ ဧည့်သည်တိ၊ သူငယ်ချင်းတိ ရွာကိုအလည်လာကတ်ယာဆိုကေ ဒေ အရက်နဲ့ ဧည့်ခံလေ့ ရှိကတ်တေပိုင် သူရို့လားရေအခါမှာလေ့ လက်ဆောင်အနီနဲ့ ပီးကမ်းလိုက်စွာတိလေ့ ရှိရေလို့ ဆိုပါရေ။

“တောအရက်ဆိုစွာက မသောက်ဖူးရေလူတိအတွက်လေ့ ကောင်းရေ။ ဝမ်းနာစွာတိအတွက်လေ့ ကောင်းသိမ့်ရေ။ သူငယ် ချင်းတိအလည်လာကေလေ့ တိုက်ဖြစ်တေ။ ဇာလို့ဆို ဒေချင့်ကရှားရေလေ။ နယ်ဖက်တိမှာပဲရစွာ။ နယ်မှာလေ့ ရှားသိမ့်ရေ။ မြို့မှာဆို ကေ တော်ရုံတန်ရုံနဲ့ မသောက်ရကတ်။ ယင်းတွက်နဲ့ အမှတ်တရအဖြစ် လက်ဆောင်အဖြစ်လေ့ တကူးတကပီးဖြစ်တေ။”

ယင်းအပြင် ကျန်းမာရေးအတွက်လေ့ ကောင်းသိရေလို့ဆိုပနာ ဆီးနဲ့ ရောစပ်သောက်ဖို့ တစ်ခါတစ်ခါလာဝယ်ကတ်စွာလေ့ရှိရေလို့ ချက် လုပ်ရောင်းချသူ ဒေါ်မဖြူချေက ပြောပါရေ။

“တစ်ချို့တစ်လေက နီမကောင်းဖြစ်ကေ ဒေအရက်နဲ့ရောသောက်ကေ ကောင်းရေလို့ ပြောကတ်တေ။ ဆီးနဲ့ စပ်သောက်လို့ ကောင်းရေ။ ယင်းပိုင် ပြောကတ်တေ။ လာဝယ်သူတိကိုတော့ ရောင်းကတ်စွာယာလေ။ အရောင်လေ့ ရီပိုင်ယာ ဖြူလို့။”

နိုင်ငံခြားကလာရေ အရက်ဘီယာတိ၊ ပြည်တွင်းကထုတ်တေ တစ်ချို့ဝီစကီစရေ အရက်တိကို အစိုးရကခွင့်ပြုထားကေလေ့ တစ်ပိုင် တစ်နိုင်လုပ်ကတ်တေ ဒေသာဘာဝအရက်ချက်လုပ်ငန်းတိကိုတော့ အစိုးရက တရားဝင်ခွင့်ပြုထားတာမရှိပါ။ ယင်းကြောင့် သူရို့အနီနဲ့ သူရို့ကျေးရွာ အဆင့်မှာရာ ရောင်းချကတ်ရပြီးကေ မြို့ပေါ်ဒေသတိကို တင်သွင်းကတ်စွာ မတွေ့ရပါ။

“ခွင့်ပြုတယ်ဆိုကေတော့ မြို့ထက်ကိုလေ့ တင်ပါဖို့။ မြို့ထက်အထိတော့ ခွင့်ပြုဖို့လို့ မထင်ပါ။ ဒေအလုပ်လုပ်ရစွာလေ့ မသက်သာပါ။ အလုပ်မရှိလို့ရာ လုပ်နီရစွာ။ ရှိဖို့ဆိုကေလေ့ ဒေအလုပ်ကို လုပ်စားဖြစ်ဖို့ မဟုတ်။ ကောင်းလေ့ မကောင်း။ ရင်းနှီးဖို့ ငွေလေ့ ဒေလောက်ထက် ရှိကမရှိ။ သူများတိလေ့ အပြောရမကောင်း။”

ဒေလုပ်ငန်းကတော့ ရာသီပေါ်လုပ်ငန်းတစ်ခုဆိုလေ့ မမှာပါ။ ဇာလို့လဲဆိုကေ မိုးရာသီရို့၊ နွေရာသီရို့မှာရာချက်လုပ်ကေ အ ချိုင်ပေါက်လားစွာ၊ (ဂျိုးတူး) တူးလားစွာတိ ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါရေ။ ယင်းကြောင့် သူရို့အတွက် ဆောင်းရာသီက ခွင် ကောင်းတစ်ခု ဖြစ်ပါရေ။

“မိုးရာသီဆိုကေ ချက်လို့မကောင်း။ ပျော့ရေ။ ဒေဆောင်းရာသီက အကောင်းဆုံး။ (မနက်ဖြန်သဘက်ခါ) နက်ဖန် သန်ဖက်ဆိုကေ ပူလာမယ်။ မကျည်းရွက် ထလာမယ်ဆိုကေ ချက်လို့အဆင်မပြေယာ။ ပျက်စီးလာရေ။ ချိုင်လာတယ်။ တူးလာရေ။ ဒေဆောင်းတွင်းမှာတော့ကေ ကောင်းနီရေ။ မိုးခါလေ့ မကောင်း။ ချက်လို့တော့ရရေ။ ယကေလေ့ ထင်းနဲ့အခက်ခဲခံရရေ။ ဆန်ခွဲတိလေ့ မရှိခါ တစ်အိတ်လောက်ယာ ဝယ်နိုင်ရေ။ ရှိရေလူတိမှာတော့ ၄၊ ၅ အိတ်တင်ထားကတ်တေပေါ့။ အကျွန်ရို့့မှာတော့ တစ်အိတ်လာက်ယာ ဝယ်နိုင်ရေ။ မိုးတွင်းဆိုခါ စျီးလေ့ကြီးရေ။ မိုးတွင်းဆို မလုပ်ဖြစ်။”

 777 total views,  1 views today