Arakan Yoma |

၂၀၂၀ ပြည့်နှစ်မှာ ကျင်းပဖို့ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးရုံးကို စစ်တွေမြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးထပိုင်းက ဖွင့်လှစ်ခပါရေ။

အဆိုပါရုံးဖွင့်လှစ်ပွဲကို ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဆိုပနာ ပူးပေါင်းဖွဲ့စည်းထားကတ်တေ အရပ် ဖက်အဖွဲ့အစည်းတိဖြစ်တေ ဝံလက်ဖောင်ဒေးရှင်း၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်၊ People For People၊ Initiative Education For Pecce and Development နှင့် PDI-Kintha For Peace and Development စရေအဖွဲ့တိက ဖွင့်လှစ်ကတ်စွာ ဖြစ်ပါရေ။

ယင်းအခမ်းအနားကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှအပါအဝင် အဆိုပါအရပ်ဖက်အဖွဲ့အစည်းတိက တာဝန်ရှိသူတိ၊ ရခိုင် နိုင်ငံရေးပါတီတာဝန်ရှိသူတိ၊ ရွေးကောက်ပွဲကို စိတ်ပါဝင်စားရေ ပြည်သူတစ်ချို့နဲ့ နိုင်ငံခြားသားစောင့်ကြည့်လေ့လာသူတစ်ချို့ တက် ရောက်ခကတ်ပါရေ။

ရခိုင်ပြည်နယ်မှာ မဲပီးရုံစုစုပေါင်း ၂၁၀၀၀ နှင့် မဲပေးခွင့်ရှိသူပေါင်း ၁ ဒသမ ၄ သန်းရှိကြောင်း သိရပြီးကေ ရခိုင်ပြည်မြောက်ပိုင်း ၈ မြို့ နယ်မှာ စစ်ရေးပဋိပက္ခတိတင်းမာနီသိမ့်ကေလေ့ ရခိုင်ပြည်နယ်၏ မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ထားရေလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာတိကို ပြောဆိုထားပါရေ။

ယကေလေ့ ပြင်းထန်နီဆဲဖြစ်တေ အေအေနဲ့ တပ်မတော်ရို့၏ တိုက်ပွဲတိကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ဖြစ်ဖို့စော်ကို ရခိုင်နိုင်ငံရေး ပါတီတိအပါအဝင် ပြည်သူတိကလေ့ စိုးရိမ်လို့ရှိနီကတ်ပါရေ။

 482 total views,  1 views today