Arakan Yoma |

ရခိုင်ပြည်နယ်မှာ အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်တစ်ခုကို နိုဝင်ဘာလ ၃ ရက်နိက စစ်တွေမြို့ရှိ ရွှေသဇင်ဟိုတယ်မှာ ပြုလုပ်ခကတ်ပါရေ။ ယင်းဖိုရမ်မှာ နယ်ပယ်ပေါင်းစုံက ရခိုင်အမျိုးသမီးတိပါဝင်ပြီးကေ အမျိုး သမီးသီးသန့်ပြုလုပ်တေ ပထမဦးဆုံးဖိုရမ်လည်း ဖြစ်ပါရေ။

နယ်မြေမငြိမ်မသက်မှုတိကြောင့်လို့ဆိုပနာ ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတိ ပြုလုပ်ခွင့်မရဖြစ်လာရေ နောက်ပိုင်း လူထုအသံကို ထုတ်ဖော်ခွင့်မရကတ်ပါယာ။ ယင်းတွက်နန့် အမျိုးသမီးတိမှာလေ့ အခွင့်အရေးတိ ဆုံးရှုံးလျှက်ရှိနီကတ်ရလို့ ယင်းပိုင်ဖိုရမ်ကျင်းပဖို့ အကြောင်းဖန်လာစွာလို့ ရခိုင်အမျိုးသမီးခေါင်းဆောင်တိက ဆိုကတ်ပါရေ။

ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်ညိုအေးက “အကျွန်ရို့ ရခိုင်ပြည်မှာ တစ်ယောက်လေ့ မလုပ်နိုင်ကတ်သိပါလေ။ ပြီးကေ အမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်ရရေ နယ်မြေတစ်ခုလေ့ မဟုတ်လို့ အကျွန်ရို့ ရခိုင်အမျိုးသမီးတိရဲ့ အသံပျောက်နီရေ။ ပျောက်နီလို့ အမျိုးသမီးတိရဲ့အသံကို ကမ္ဘာကြီးနားထောင်လို့ ရှိနိုင်ဖို့အတွက် ပထမဆုံးအနီနဲ့ ပဏာမအမျိုးသမီးဖိုရမ်လုပ်လိုက်တယ်။ အဖွဲ့အစည်းတွေကလည်း ပေါင်းစုံတက်ရောက်ကတ်တယ်။”လို့ ပြောပါရေ။

အဆိုပါဖိုရမ်ကို ရခိုင်အမျိုးသမီးကွန်ယက် (RWN) ၊ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ရို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီးကေ အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တိအပြင်၊ စစ်ရှောင်အမျိုးသမီးများကလေ့ တက် ရောက်ပါဝင်ခကတ်ပါရေ။ ယင်းပိုင် ဆွေးနွေးခကတ်ပြီးနောက် အမျိုးသမီးများရဲ့ အခက်ခဲ၊ လိုအပ်ချက်၊ လူ့အခွင့်အရေးချိုးဖောက်ခံရမူတိနန့် ပတ်သတ်လို့ ပူး တွဲထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန် တောင်းဆိုခကတ်ပါရေ။

ယင်းထုတ်ပြန်ချက်မှာ လက်နက်ကိုင်ပဋိပက္ခတိနန့် စစ်ဘေးရှောင်စခန်းတိအတွင်းဖြစ်ပွားရေ လူ့အခွင့်အရေးချိုးဖောက်မှုကို သီးခြား လွတ်လပ်တေ ဒေသခံ၊ လွတ်တော်စရေ အဖွဲ့အစည်းတိပါဝင်ရေ စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ပနာ တင်ပြချက်တိကို ပြည်နယ်၊ ပြည်ထောင်စု စရေအစိုးရအဖွဲ့စည်းတိက ပွင့်လင်းစွာ စစ်ဆေးပီးဖို့၊ စစ်ဘေးရှောင်တိရဲ့ အသံကို ထုတ်ဖော်ခွင့်ပီးပြီးကေ သူရို့ကို လွတ်လပ်စွာ ထောက်ပံ့မှုပြုဖိုဆိုရေအချက်တိပါဝင်ပါရေ။
“အကျွန်ရို့ ရခိုင်ပြည်ရေ သူများပြည်နဲ့မတူ။ နှစ်ထပ်ကွမ်းပဋိပကပိုင်ဖြစ်နီရေ။ ၂၀၁၂ မှာ စလို့ ဖြစ်ထားစွာရှိရေ။ ၂၀၁၆ မှာ ဖြစ်စွာ ရှိရေ။ အခုဆိုလို့ရှိကေ လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်။ စနစ်တကျနဲ့များ ရခိုင်ပြည်ကို ဒေပိုင်ဖြစ်အောင် လုပ်နီကတ်လားလို့ ထင်မိရေ။ မြင်မိ ရေဆိုစွာတိကို ပြောကတ်တယ်။ အမျိုးသမီးထုရဲ့ ငြိမ်းချမ်းရေးကို လိုလားလို့ရှိကေတော့ ပြည်ထောင်စု အစိုးရက သော်လည်းကောင်း၊ ပြည်နယ်အစိုးရက သော်လည်းကောင်း၊ အောက်ခြေမှာရှိနီရေ အမျိုးသမီးတိ အသံနဲ့ လုပ်နိုင်ကိုင်နိုင်ရေ အမျိုးသမီးအဖွဲ့အစည်းတိ ရှိရေ ပိုင် တစ်ခြားအဖွဲ့စည်း ပါတီရို့မှာ ပါဝင်ပတ်သတ်နီရေ အမျိုးသမီးတိအသံကို အစိုးရအနီနဲ့ နားထောင်သင့်တယ်။”လို့ ဒေါ်ညိုအေးက ဆက်ပြောပါရေ

သူရို့ပြုလုပ်ခရေဖိုရမ်မှာ အမျိုးသမီးထုရဲ့ ငြိမ်းချမ်းရေးသာမက ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူလူထုရဲ့အသံကို အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိကလည်း နားထောင်ဖို့လိုကြောင်းလည်း တောင်းဆိုချက်ထဲမှာ ဖော်ပြထားပါရေ။

အခုပိုင် ပထမဦးဆုံးအကြိမ် ရခိုင်အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ပြုလုပ်နိုင်ခြင်းရေ တစ်ခြားငြိမ်းချမ်းရေးဖြစ်စဉ်တိအတွက် အများကြီး အ ထောက်ကူပြုလိမ့်မေလို့ ယုံကြည်နီကတ်ပြီးကေ နောက်ထပ်လည်း လိုအပ်တေပိုင် ပြုလုပ်လားဖို့လို့ သူရို့က ပြောပါရေ။

 478 total views,  1 views today