Arakan Yoma |

ရခိုင်ပြည်နယ်တွင် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်တစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့ရှိ ရွှေသဇင်ဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။ ယင်းဖိုရမ်မှာ နယ်ပယ်ပေါင်းစုံမှ ရခိုင်အမျိုးသမီးများပါဝင်ပြီး အမျိုးသမီး သီးသန့်ပြုလုပ်သည့် ပထမဦးဆုံးဖိုရမ်လည်း ဖြစ်သည်။

နယ်မြေမငြိမ်မသက်မှုများကြောင့်ဟုဆိုကာ ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရဖြစ်လာသည့် နောက်ပိုင်း ထိုသို့ ဖိုရမ်ကျင်းပရန် အကြောင်းဖန်လာခြင်းဟု ရခိုင်အမျိုးသမီးခေါင်းဆောင်များက ဆိုကြသည်။

ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်ညိုအေးက “ကျမတို့ ရခိုင်ပြည်မှာ ဘယ်သူမှ မလုပ်နိုင်သေးဘူးလေ။ ပြီးတော့ အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲ လုပ်ခွင့်ရတဲ့ နယ်မြေတစ်ခုလည်း မဟုတ်တော့ ကျမတို့ရခိုင်အမျိုးသမီးတွေရဲ့ အသံပျောက်နေတယ်။ ပျောက်နေတော့ အမျိုးသမီးတွေရဲ့အသံကို ကမ္ဘာကြီးနားထောင်လို့ရှိနိုင်ဖို့အတွက် ပထမဆုံးအနေနဲ့ ပဏာမအမျိုးသမီးဖိုရမ်လုပ်လိုက်တယ်။ အဖွဲ့အစည်း တွေကလည်း ပေါင်းစုံတက်ရောက်ကြတယ်။”ဟု ပြောသည်။

အဆိုပါဖိုရမ်ကို ရခိုင်အမျိုးသမီးကွန်ယက် (RWN) ၊ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအပြင်၊ စစ်ရှောင်အမျိုးသမီးများကလည်း တက်ရောက် ပါဝင်ခဲ့ကြသည်။

ထိုသို့ ဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသမီးများရဲ့ အခက်ခဲများ၊ လိုအပ်ချက်များ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သတ်၍ ပူး တွဲထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

ယင်းထုတ်ပြန်ချက်တွင် လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ဘေးရှောင်စခန်းများ အတွင်းဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုကို သီး ခြားလွတ်လပ်သော ဒေသခံ၊ လွတ်တော်စသည့် အဖွဲ့အစည်းများပါဝင်သည့် စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ကာ တင်ပြသည်များကို ပြည်နယ်၊ ပြ ည်ထောင်စု စသည့်အစိုးရအဖွဲ့စည်းများက ပွင့်လင်းစွာ စစ်ဆေးပေးရန်၊ စစ်ဘေးရှောင်များရဲ့ အသံကို ထုတ်ဖော်ခွင့်ပေးပြီး ၎င်းတို့အား လွတ်လပ်စွာ ထောက်ပံ့မှုပြုရန်တို့ပါဝင်သည်။

“ကျမတို့ ရခိုင်ပြည်ဟာ သူများပြည်နဲ့မတူဘူး။ နှစ်ထပ်ကွမ်းပဋိပက္ခလိုဖြစ်နေတယ်။ ၂၀၁၂ မှာ စလို့ ဖြစ်ထားတာရှိတယ်။ ၂၀၁၆ မှာ ဖြစ် တာရှိတယ်။ အခုဆိုလို့ရှင် လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်။ စနစ်တကျနဲ့များ ရခိုင်ပြည်ကို ဒီလိုဖြစ်အောင် လုပ်နေကြသလားလို့ ထင်မိ တယ်။ မြင်မိတယ်ဆိုတာတွေကို ပြောကြတယ်။ အမျိုးသမီးထုရဲ့ ငြိမ်းချမ်းရေးကို လိုလားလို့ရှိရင်တော့ ပြည်ထောင်စု အစိုးရက သော် လည်းကောင်း၊ ပြည်နယ်အစိုးရက သော်လည်းကောင်း၊ အောက်ခြေမှာရှိနေတဲ့ အမျိုးသမီးတွေ အသံနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ ရှိသလို တစ်ခြားအဖွဲ့စည်း ပါတီတို့မှာ ပါဝင်ပတ်သတ်နေတဲ့ အမျိုးသမီးတွေအသံကို အစိုးရအနေနဲ့ နားထောင် သင့် တယ်။”ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

၎င်းတို့ပြုလုပ်ခဲ့သည့်ဖိုရမ်တွင် အမျိုးသမီးထုရဲ့ ငြိမ်းချမ်းရေးသာမက ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ပြည်သူလူထုရဲ့အသံကို အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နားထောင်ဖို့လိုကြောင်းလည်း တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ရခိုင်အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ပြုလုပ်နိုင်ခြင်းသည် တစ်ခြားငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် များစွာအ ထောက်ကူပြုမည်ဟု ယုံကြည်နေကြပြီး နောက်ထပ်လည်း လိုအပ်သလို ပြုလုပ်သွားမည်ဟု ၎င်းတို့က ပြောသည်။

 432 total views,  1 views today