နောင်နောင် | Arakan Yoma

ရခိုင်ပြည်နယ် စစ်တွေမြို့ တောကံရွာကနီပနာ စက်တပ်ထားရေ လောင်းနန့် ဆယ်မိနစ်လောက် လားကေ ပြည်နယ်ထဲက ရက်ကန်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကတ်တေ ဝါဘိုကျေးရွာကို ရောက်ရှိဖို့ ဖြစ်ပါရေ။ ဒေ ဝါဘိုကျေးရွာမှာ ရိုးရာ ရက်ကန်းလုပ်ငန်းစွာ လက်ဆင့်ကမ်း အမွီပီးလာရေ အတတ်ပညာရပ်တစ်ခုလည်း ဖြစ်ပါရေ။

“ပထမဆုံးတော့ ခြည်ငင်ရပါရေ။ ရက်ကန်းရက်ဖို့ပါ။ ပြီးကေ ပန်းကောက်ရပါရေ။ ပန်းဖော်ရပါရေ။ ပြီးကေ ပန်းဖော်ထားစွာကို တင်းမာအောင်လုပ်ဖို့အတွက် ရက်ကန်းမှာ တပ်ဆင်ပနာ အားလုံး အဆင်သင့် လုပ်ပနာ ရက်လို့ ရပါဗျာလ်။” ဝါဘိုကျေးရွာက ရက်ကန်းသည် အမျိုးငယ်ချေတစ်ဦးက ပြောခစွာပါ။

ရခိုင်ရိုးရာ ရက်ကန်း လုပ်ငန်းက ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း လုပ်ကိုင်လာရေ ဝါဘိုကျေးရွာက နီအိမ်တိုင်းလိုလို ရက်ကန်းစင်တိ့ ရှိရေပိုင် ဝါဘိုကျေးရွာသူတိ့ကလည်း ရက်ကန်းရက်ရေ အလုပ်ကို လုပ်ကိုင်ပနာ အသက်မွီးကတ်စွာ ဖြစ်ပါရေ။

“အခက်အခဲကတော့ ဒေပိုင်ပါ။ အထည်လိုချင်ရေ လူတစ်ယောက်က သူလိုချင်ရေ ပုံစံ၊ လိုချင်ရေစွာ ရအောင်၊ အကျွန်ရို့ကလည်း ယင်းလူ လိုချင်ရေ ပုံစံထိ လုပ်ပီးရစွာပါ။ သူရို့ကို မလုပ်ပီးနိုင်ကေလေ့ အလိုလိုတော့ စိတ်မကောင်းဖြစ်ပါရေ။ သူရို့က ရင်းထားရရေလူတိ့။ အကျွန်ရို့က သူရို့က ရက်လုပ်ပီးရစွာလောက်ရာ။ တစ်ခါတစ်လီဆိုကေ အော်ဒါမျိုး ကြိုမှာစွာတိ့ရှိရေ။ အားလုံးက ဒေမှာ အငှား လုပ်ကတ်စွာ။ စလုပ်ဖို့ဆိုတည်းက အငှား။ အလုပ်ရှင်က သူ့စိတ်တိုင်းကျ ကိုယ်လိုသလောက်ကို ပီးလာရေ။ ပြောသမျှ အထည် ၃၀ ဆိုကေ ၃၀။ လိုသမျှကို ပြောရေ။ ယင်းအချိန် တစ်လအတွင်း ပြီးရဖို့လို့ ပြောရေ။ တစ်လအတွင်း ပြီးအောင် လုပ်ရစွာဗျာလ်။

ဝါဘိုကျေးရွာသူ ဦးသိန်းမြစွာ ရိုးရာ အထည်အလိပ် ရက်လုပ်တေ ရက်ကန်းကို သူ့အသက် ၁၈ နှစ်ကတည်းက စလုပ်ခစွာပါ။

“ကိုယ်က ဒေအလုပ်ကို တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ပါရေ။ မလုပ်ဖူးခကေလေ့ အစကတည်းက ကြိုးစားပနာ လုပ်ရေ။ ကိုယ့်ကို ကိုယ် ယုံကြည်ချက်နန့် ရအောင် လုပ်ဖို့ ဆိုရေ ယုံကြည်ချက်နန့် လုပ်စွာ။”

သူက ရက်ကန်းအတတ်ပညာကို သူ့အမိဘားပဲ လေ့လာသင်ယူခစွာပါ။

“ကိုယ်က တစ်ခုလေ့သင့် နားမလည်ခါ အမိကိုရာ အားကိုးရရေ။ အားလုံး တတ်နိုင်သမျှကိုတော့ အမိကို လုပ်ခိုင်းရေ။ ကိုယ်က ယင်းလောက်မတတ်။ နောက် စလုပ်ပနာ လေးငါးရက်နေပြီးမှ ကိုယ်က နဲနဲ နားလည်စပြုလာစွာ။”

လုပ်ငန်းအတွေ့အကြုံ မရှိသေးဘဲ ဒေ ရက်ကန်းအလုပ်ကို စလုပ်ရေအချိန်က ဦးသိန်းမြအတွက်တော့ အခက်ခဲဆုံး အချိန်ပါ။

“ပင်တော့ ပင်ပန်းရေပယေ။ ခြီတိ့လက်တိ့ နာစွာလည်း ဖြစ်တတ်ရေ။ ပထမဆုံး လုပ်တေအချိန်က ဆိုကေ နီထိုင်ရစွာ ဆိုကေလေ့ ခက်ခဲရေ။ နီမကောင်းဖြစ်တေ။ သံလုံးနန့် လုပ်ထားစွာ ဆိုခါ ခက်ခဲရေ။ လက်တိ့ နာရေ။ ယင်းအချိန်မှာ လက်သည်းတိ့ ကျိုးရေ။ လက်သည်း အရှည်တောင် ထားလို့မရ။ ဇာက စပနာ လုပ်ရဖို့ ဆိုစွာက မသိ့။ သူများ လုပ်စွာကိုလည်း ကြည့်ပနာ လုပ်လို့ရစွာမျိုး မဟုတ်။ သင်ရေလူကလည်း စိတ်ပါဖို့ လိုသိ့ရေ။ ကိုယ်လုပ်ချင်ရေ ဆန္ဒတော့ ရှိရဖို့။ တတ်အောင်လုပ်ဖို့ ဆိုရေ စိတ်တော့ ခံယူထားပါရေ။”

ခေတ်တိ့ ပြောင်းလဲတိုးတက်လာစွာနန့်အမျှ ရက်ကန်းရက်လုပ်တေ နည်းပညာတိ့ကလည်း တိုးတက်ပြောင်းလဲလာနိုင်ပါရေ။ အရင်က လက်ရက်ကန်းလို့ ခေါ်ရေ ရက်ကန်းစင်တစ်စင်ကို လူနှစ်ယောက် တွဲပနာ လုပ်ကိုင်ခကတ်ရကေ့လေ့ အခုချိန်မှာတော့ လူတစ်ယောက်တည်းကပဲ လလွယ်ကကူ ရက်လုပ်လို့ရရေ ဆွဲရက်ကန်းနန့်ရာ ရက်လုပ်နီကတ်စွာပါ။

“ အကျွန်ရို့အတွက်ကတော့ ဒေအလုပ်က အရေးပါပါရေ။ မိသားစု စားဝတ်နီရေးအတွက်ပါ။ မိသားစုက လေးယောက်ရှိပါရေ။ ဘားဘာက ထိုင်းမှာပါ။ အမင်က အကျွန်ရို့ တူတူနီပါရေ။ သားမိနှစ်ယောက်က ရက်ကန်းရက်ရေ။ မောင်ချေက ရန်ကုန်မှာပါ။ လေးယောက်လုံးက အလုပ်လုပ်ကတ်ပါရေ။”

ရခိုင်ရိုးရာ ရက်ကန်းစင်တစ်စင်မှာ ရဟတ်၊ ကျွမ်းသီး၊ ချွန်း၊ သျှား၊ ယဉ်သွား၊ နှပ်ကြိမ်၊ ထိုးဝါးလုံး၊ ညှပ်သီး၊ ခြေနင်းဆိုပြီးကေ ရှိပါရေ။

“ခနင်းက အဆင်မပြေစွာတိ့၊ မညီစွာတိ့လည်း ရှိပါရေ။ မညီစွာကို ညီအောင် လုပ်ရစွာတိ့၊ တစ်ခါလုပ်မရ၊ နှစ်ခါ လုပ်လို့မရ။ ယင်းပိုင်မျိုးတိ့ဖြစ်တတ်တယ်။ ရက်ကန်းရက်ရေ အချိန်တိ့မှာလည်း ရက်လို့မရရေ အချိန် စောင်းနီစွာတိ့၊ ရွဲ့နီစွာတိ့ ယင်းပိုင်မျိုးလေ့ ဖြစ်တတ်ပါသိ့ရေ။”

သာမန်အားဖြင့်ဆိုကေတော့ အထည်တစ်ထည် ရက်လုပ်ပြီးစီးဖို့ဆိုကေ အချိန် ၇ နာရီလောက် ကြာပနာ ရက်ကန်းသည် တစ်ယောက် ဝင်ငွေ အနည်းအများကလည်း အလုပ်ကျွမ်းကျင်မှုအပေါ် အများကြီး မူတည်နီပါရေ။

“တစ်သောင်းသုံးထောင်ပါ။ အကျွန်ရို့က ယင်းအလုပ်ရှင်ကို သွင်းရေ ဈေးပါ။ အလုပ်ရှင်က အကျွန်ရို့ကို ပီးရေ ဈီးပါ။ ရောင်းရေ ဈီးမဟုတ်ပါ။ အတိအကျတော့ မဟုတ်ပေါ့။ တစ်လကို အထည် ၂၀ ၊ ၃၀ လောက်တော့ ရက်နိုင်ပါရေ။ တစ်လကို ဖေ့သာ ရရေဆိုစွာက ကိုယ်လုပ်ရေအပေါ် မူတည်ပါရေ။ တစ်လအတွင်း ကိုယ် ရက်နိုင်သမျှတော့ ကိုယ်ရကတ်စွာပါရာ။ ရက်နိုင်သမျှပေါ့”

“ကိုယ် ကြိုက်တေ အရောင်ဆိုကေ ကိုယ်က အမြဲတမ်း စိတ်တိုင်းကျပါရေ။ ကိုယ်သဘောကျပါရေ။ လှရေဆိုကေ လှရေ။ အကောင်းဆုံးတော့ ရက်ပီးစွာဗျာလ်။ ဒေအလုပ်က ရိုးရာအလုပ်ပိုင် ဖြစ်နီဗျာလ်။ စိတ်လှုပ်ရှားစရာတော့ မရှိ။”

ဦးသိန်းမြကတော့ ဒေ ရက်ကန်းအလုပ်ကို ဝါသနာအရ လုပ်ကိုင်ခစွာ မဟုတ်ပါ။ မိသားစု စားဝတ်နီရေး အဆင်မပြေရေ အချိန်မှာ တစ်ဖက်တစ်လမ်းကနီ ဝင်ငွေ ကူပီးရေသဘော မိရိုးဖလာ လုပ်လာစွာပါ။

“သူရို့က ဒေအထည်က လုံးဝ မကောင်း။ မရဆိုကေ ကိုယ်က စိတ်မကောင်း ဖြစ်ရရေ။ တစ်ခါတစ်လေ ဖောက်သည်တိ့ မကြိုက်ကေ မကြိုက်ပေါ့။ ဒေအလုပ်က ထွက်ဖို့ကောင်းရေထိ စိတ်က ပျက်လားရေ။ ယေလေ့သင့် မိဘအတွက် ဖေ့သာ ရှာပီးရဖို့ ဆိုရေ စိတ်နန့် ဆက်လုပ်ဖြစ်ပါရေ။ အခြေအနေ ပီးလာဖို့ ဆိုကေတော့ အတတ်နိုင်ဆုံးနန့် အကောင်းဆုံး ကြိုးစားလားဖို့ ဆိုရေ ယုံကြည်ချက်က ရှိပါရေ။”

အငယ်ချေခါက ဖြစ်ချင်ခရေ သူ့ဆန္ဒတိ့ကို စွန့်လွှတ်ပနာ မိသားစု စားဝတ်နီရေးအတွက် တထောင့်တစ်နေရာအတွက် ကူညီပီးနိုင်ဖို့ မိုးထက် မိုးလင်းကနီ နီဝင်ရေထိ ဦးသိန်းမြကတော့ ရက်ကန်း စင်ပေါ်မှာပဲ ဆက်လက် ရှိနီဖို့သိ့ ဖြစ်ပါရေ။

 600 total views,  1 views today