နောင်နောင် | Arakan Yoma

ဗုဒ္ဓပူဇနိယ အကစွာ ဘုရား၊ တရား၊ သံင်္ဃာံ ရတနာ သုံးပါးကို ဆီမီးနန့် ရှိခိုးပူဇော်ရေ ရခိုင်ရိုးရာ အကတစ်ခု ဖြစ်ပါရေ။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ တခြားအကတိ့ မကသိ့ခင် မြတ်စွာ ဘုရားရှင်ကို ဦးခိုက်ပူဇော်ရေအနေနန့်် ဗုဒ္ဓပူဇနိယအကကို ပထမဆုံး ကပြ ဖျော်ဖြေရစွာ ဖြစ်ပါရေ။

ဒေအကစွာ ဗုဒ္ဓဘာသာ စတင် ထွန်းကားခရေ ဓညဝတီခေတ်မှာ စတင် ပေါ်ပေါက်လာစွာ ဖြစ်ပနာ ရခိုင်ရိုးရာ ဆီမီးခွက်အကလို့လည်း ခေါ်ပါရေ။ ဒေ ရိုးရာအကနန့် ယဉ်ကျေးမှုထုံးတမ်းဓလေ့တိ့ကို မြတ်နိုးသူ ဒေါ်ညိုညိုစောစွာ မျိုးဆက်သစ် အမျိုးသမီးတိ့ကို ရခိုင်ရိုးရာ အကတိ့နန့် ပတ်သက်ပြီး သင်ကြားပီးနီသူ တစ်ယောက်ပါ။

“ဗုဒ္ဓဘာသာဝင်တိ့မှာ ဘုရားကို စပြီး ရှိခိုးတဲ့အက။ ဘုရားရှိခိုးအက။ ဘုရားကို ပူဇော်စွာ ပထမဆုံး။ ရိုးရာတိ့မှာဆိုလည်း ဗုဒ္ဓပူဇနိယအကတေးကို ပထမဆုံး တိုက်ပြီးမှ တခြားအကတိ့ကို တိုက်ရရေ။ ဗုဒ္ဓပူဇနိယ အကကို မကသေးဘဲ တခြားအကတိ့ကို ကလို့ မရ။” လို့ ရခိုင်ရိုးရာအကတိ့ကို ချစ်မြတ်နိုးပနာ စိတ်ဝင်စားသူ ကချင်ရေလူတိ့ကို ကိုယ်တိုင်လည်း သင်ကြားပီးနီရေ ဒေါ်ညိုညိုစောက ပြောပါရေ။

သူက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ နီထိုင်ပနာ ရခိုင်ရိုးရာယဉ်ကျေးမှုအကတိ့ကို အသက် ၁၃ နှစ် အရွယ်ကတည်းက စတင် ရင်းနှီးခသူပါ။ ယေလေ့သင့် သူ့အသက် ၁၆ နှစ်အရွယ်မှာ အိမ်ထောင်ကျခရေ အတွက်တာနန့် သူ ချစ်မြတ်နိုးရရေ အကတိ့ကို ၅ နှစ်ကျော်လောက် ဝီးကွာခရပါရေ။

ယင်းနောက် သူ အသက် ၂၁ နှစ်မှာ ရိုးရာ ယဉ်ကျေးမှုအက လောကထဲ ပြန်ပနာ ရောက်ရှိလာပြီးကေ ရခိုင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့ ကြီးကြပ်သူ အနေနန့်ရော အကသင်ပီးသူအဖြစ်နန့်ပါ တစိုက်မတ်မတ် လုပ်ကိုင်လာစွာ အခုဆိုကေ နှစ်ပေါင်း ၂၀ ကျော် ရှိနီပါဗျာလ်။

“အချေဘဝ ကျောင်းတက်နီရေ အသက် ၁၃ နှစ် အရွယ်ကတည်းက ရခိုင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့မှာ ဝင်ပနာ ကလာစွာ။ ကိုယ့် ရခိုင်ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းရေ အနေနန့် ဝင်ပနာ ကစွာ။ ဗုဒ္ဓပူဇနိယအက  ကကွက်တိ့ကို ကရေ။ ပိုးဝါမှာဆိုကေ အရံအနေနန့် ကရေ။ ပြီးကေ ပြဇာတ်တိ့မှာ ကရေ။ ဇာတ်ထုတ်တိ့မှာ ကရေ။ အသက် ၁၃ နှစ်ကနိ အသက် ၁၆ နှစ်အထိပေါ့ ဆယ်တန်းထိ ကျောင်းတက်ခရေ။ ယင်းကနီ စပနာ အိမ်ထောင်ကျလားစွာမှာ ရိုးရာအကနန့် ၅ နှစ်ကျော် ၆ နှစ်လောက် ဝီးကွာခရေ။ အခု ရိုးရာ ပြန်ဝင်ရေ နောက်ပိုင်းမှာဆိုကေ ယိမ်းနီရာမှာ မကဗျာလ်။ ကြီးကြပ်သူနီရာမှာရာ ဝင်လုပ်ပနာ အခု အချေတိ့ကို သင်ပီးနီရေ။” လို့ ဒေါ်ညိုညိုစောက ပြောပါရေ။

ဗုဒ္ဓပူဇနိယအကကို ဘုရားပွဲတိ့နန့် သက်ကြီးရွယ်အို ပူဇော်ပွဲတိ့မှာ အများဆုံး ကပြဖျော်ဖြေရစွာ ဖြစ်ပါရေ။ သူက ဒေပိုင်ပွဲတိ့မှာ ကိုယ်တိုင် လိုက်ကရရေပိုင်၊ သမိုင်းဆိုင်ရာ ပြဇာတ်တိ့နန့် ဇာတ်ထုတ်တိ့မှာလည်း နောက်ခံ တေးခင်းတိ့ကို ဆိုပီးရတတ်ပါသိ့ရေ။

“အဂု အရီးရို့က များသောအားဖြင့် သျှစ်သောင်းနန့် ရိုးရာစွာ ကိုယ့်မြောက်ဦးမှာ ဟိ့နီရေအတွက် ယှဉ်တွဲနီရေလေ။ သျှစ်သောင်းဘုရားပွဲတိုင်း အရီးရို့က ရိုးရာအဖွဲ့ကရရေ။ ဒေ ဆီမီးခွက် အကအပါအဝင် တခြားအကတိ့လဲ ကရေ။ ရခိုင်သမိုင်းဟူသမျှ ဇာတ်ထုတ်တိ့ကရေ။ ပြဇာတ်ဆိုကေ ရခိုင်သမိုင်းပြဇာတ်။ ဇာတ်ထုတ်ဆိုကေလေ့ ရခိုင်သမိုင်း ဇာတ်ထုတ်။ ပြီးကေ နွေရာသီဆိုလို့ ရှိကေ နယ်တိ့က ဘုန်းကြီးပျံပွဲတိ့မှာ ကဖို့ လာခေါ်ကေလေ့ တစ်ခါတစ်လီ လားကဖြစ်တတ်သိ့ရေ။” လို့ ဒေါ်ညိုညိုစောက ဆိုပါရေ။

ယင်းအပြင် သူက ခုပိုင် ဆက်ပြောပါသိ့ရေ။

“ဒေ ရခိုင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့စွာ သျှစ်သောင်းဘုရားပွဲက ရရေ ဖေ့သာနန့် ရိုးရာ အဖွဲ့အစည်းတစ်ခု တည်တံ့အောင် ဆိုပနာ လုပ်နီကတ်စွာ ဖြစ်ပါရေ။ တခြားအဖွဲ့အစည်းတိ့က ထောက်ပံ့စွာမျိုး၊ ယင်းပိုင်လေ့ မရှိပါဘူး။ သျှစ်သောင်းဘုရားပွဲ တစ်ပွဲ မကလိုက်ရဆိုခကေ ရခိုင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့မှာ ကဖို့ နီရာလေ့ မရှိပါဗျာလ်။ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှာ ရံပုံငွေလဲ မရှိရေအတွက် အဆင်မပြေ။ နောက်ပြီးကေ ကိုယ့် မြောက်ဦးမှာ သျှစ်သောင်းဆိုစွာက အထွတ်အမြတ်ဖြစ်တေအတွက် ခုပိုင် ပွဲမကျရေအခါ အရီးရို့ ရင်ထဲမှာ လုံးဝ စိတ်မကောင်းဖြစ်မိပါရေ။”

ဒေါ်ညိုညိုစောက သူ့ဘားကို ရိုးရာအက ပွဲလမ်းသဘင်တိ့နန့် ပတ်သက်ပနာ တခြား မြို့ရွာတိ့က အကူအညီတောင်းကေလေ့ နိုင်ရေဘက်က ကူညီပီးတတ်လူပါ။ ယေကြောင့် အနီးအနား ရွာတိ့မှာ ရိုးရာ အကပွဲတိ့ ကျင်းပကေ ဒေါ်ညိုညိုစောရို့ဘားမှာပဲ အက လာသင်ကတ်ရစွာပါ။

“ယချင့်နန့် ပတ်သက်ပနာလည်း သူက “ ဒေ ရခိုင်ရိုးရာ အကတိ့နန့်ပတ်သက်လာကေ ဇာပိုင်ပဲ အကူအညီတောင်းတောင်း အားလုံး ကူညီပီးရေ။ ကျောင်းကပွဲတိ့။ စုံညီပွဲတော်တိ့က အကူညီလာတောင်းကေလေ့ လိုက်ကူညီပီးပါရေ။ ယင်းအပြင် ရခိုင်ရိုးရာအကတိ့မှာ ဆံထုံးထုံးဖွဲ့ဖို့ အဝတ်အစား ဝတ်ဖို့ဆိုကေလေ့ အမြဲ လုပ်ပီးပါရေ” လို့ ဆိုပါရေ။

ဒေါ်ညိုညိုစောမှာ သားသမီး သုံးယောက် ရှိပါရေ။ ဘုရားပွဲတိ့မှာ ဆိုကေ တစ်မိသားစုလုံး ဆိုကတ်ကကတ်ပါရေ။

“ဟိုအရင်ခေတ်တိ့နန့်မတူ။ အခုခေတ် အချေတိ့က စိတ်ပါဝင်စားမှု အားနည်းရေ။ စိတ်ဝင်စားရေ လူတိ့ကလည်း ငွေကြေးချမ်းသာရေ လူတိ့မဟုတ်။ တနိ့လုပ် တနိ့စား အချေတိ့က ကနီကတ်စွာ။ ယင်းကြောင့် ကဖို့ လူခေါ်လာရေအခါ အခက်အခဲတိ့ ဖြစ်တေ” လို့ သူက ဆက်ပြောပါရေ။

ဒေါ်ညိုညိုစောက မိသားစု စားဝတ်နီရေးအတွက်တော့ ရပ်ကွက်ထဲ ထမင်းတစ်ခါပြင် ဆိုင်ချေ ဖွင့်ထားပနာ အသက်မွေးဝမ်းကြောင်း ပြုပါရေ။ ဒေအလုပ်က သူ့ မိသားစုအတွက် မြိုးမြိုးမြက်မြက် ရစွာမျိုး မဟုတ်ကေလေ့ သူ ဝါသနာပါရေ ရိုးရာ ကကွက်ကနည်းကဟန်တိ့ကို ထိန်းသိမ်းရရေအပြင် မျိုးဆက်သစ် လူငယ်တိ့ကိုပါ အက သင်ပီးရရေအတွက် စိတ်ချမ်းသာစရာလို့ ခံယူထားသူ ဖြစ်ပါရေ။

ဒေအကြောင်း ဒေါ်ညိုညိုစောက ခုပိုင် ပြောပြပါသိ့ရေ။

“အရီးရို့ မိသားစုက ဆင်းရဲကေလေ့သင့် အအီးချချမ်း ဆိုခါ တစ်ယောက်နန့် တစ်ယောက် ကကောင်း ငြိုငြင်စွာတိ့တော့ မရှိ။ ဖြစ်နိုင်ကေ ဒေ ရိုးရာ အလုပ်ကို လက်ရှိ အခြေအနေတိ့ထက် ပိုပနာ မြင့်မားအောင် တိုးတက်အောင် လုပ်ပီးချင်ပါသိ့ရေ။”

ဒေ ရိုးရာ ယဉ်ကျေးမှုနန့် အနုပညာကို မြတ်နိုး တန်ဖိုးထားရေ ဒေါ်ညိုညိုစောစွာ သူ တတ်ထားရေ အကပညာတိ့ကို လူငယ် အမျိုးသမီးတိ့အတွက် လက်ဆင့်ကမ်းအမွီပီးရင်း ရိုးရာယဉ်ကျေးမှုတိ့ ပျောက်ပျက်မလားအောင် ဆက်ပနာ လုပ်ဆောင်လားဖို့ ဆန္ဒ ရှိနိသူ တစ်ယောက်လည်း ဖြစ်ပါရေ။

 632 total views,  1 views today