နောင်နောင် ၊ Arakan Yoma

ရှေးဟောင်းယဉ်ကျီးမှုလက်ရာတိ့၊ စာတီ ပုထိုးတိ့ ပေါကြွယ်ဝရေ ရခိုင်ဒေသ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ လက်ဟိ့မှာ ကြိုးစားနီဆဲ ကာလဖြစ်ပါရေ။

ဒေပိုင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် နေပြီးကေ ယူနက်စကို အဖွဲ့ဝင် အကြီးအကဲတိ့နန့် နိုင်ငံတကာက သမိုင်းပညာရှင်တိ့ မြောက်ဦးကို လာပနာ လေ့လာရေအခါ ရခိုင်သမိုင်းပညာရှင် ဆရာမ ဒေါ်ခင်သန်းက ဘက်ပေါင်းစုံကနီ ပါဝင်ကူညီပီးနီသူပါ။

“ဆယ်တန်းအောင်ရေ အချိန်ကျခါ အကျွန် ရွီးချယ်လိုက်တေ ဘာသာက သမိုင်းဖြစ်ပါရေ။ ဇာဖြစ်လို့ဆိုကေ အကျွန် သမိုင်းကို နောက်ပိုင်းမှာ သိချင်လာရေ။ အထူးသဖြင့် အကျွန်ရို့ ရခိုင်တိ့ သမိုင်းကို ပိုပနာ သိချင်လာရေလို့ ဆိုရဖို့။ ဇာဖြစ်လို့ဆိုကေ အကျွန်ရို့ မြန်မာနိုင်ငံက ပြဌာန်းထားရေ စာအုပ်တိ့မှာ ရခိုင်နန့် ပတ်သက်လို့ ရခိုင်သမိုင်းကို မသိခရ။ အကျွန်ရို့ အမိအဖတိ့ ပြောပြကတ်တေ ယုံတမ်း စကားတိ့မျိုးဖြစ်နီရေ ပုံပြင်တိ့ကိုရာ အိပ်ရာဝင်ပုံပြင်အဖြစ်နန့် ကြားခရရေ။ ယေနင့် အကျွန်က ဆန္ဒက ဇာဖြစ်လာလေ့ဆိုကေ ရခိုင်သမိုင်းကို သိချင်လာရေ။ ရခိုင်သမတစ်ယောက်အနေနန့် ရခိုင်သမိုင်းကို သိချင်ရေ ဆန္ဒတိ့ဖြစ်လာရေ။ ယေဇူးနန့်လို့ ဆယ်တန်းအောင်ပြီးရေ နောက်မှာ အကျွန်ရေ သမိုင်းမေဂျာကိုရာ ရွီးပနာ တက်ရောက်ခရေ။” လို့ ရခိုင်သမိုင်းပညာရှင် ဆရာမ ဒေါ်ခင်သန်းက ပြောပါရေ။

ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တေ ဆရာမ ဒေါ်ခင်သန်းကို ရန်ကုန်၊ တာမွေမှာ မွီးဖွားခစွာပါ။ ယင်းမှာပဲ သူ ဝါသနာပါရေ သမိုင်းဘာသာရပ်နန့် ရန်ကုန်တက္ကသိုလ်ကနီ ဘွဲ့ယူခစွာလည်း ဖြစ်ပါရေ။

ယင်းနောက်မှာ ဆရာမစွာ သူ မွီးဖွားရာ ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခပနာ ၁၉၉၀ ခုနှစ်မှာတော့ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနအဖွဲ့ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်ခစွာပါ။

အခု လက်ရှိမှာတော့ မိသားစုနန့်အတူ မြောက်ဦးမြို့မှာ နီထိုင်ပါရေ။

“အကျွန်ရေ မြောက်ဦးကို ရောက်လာရေ အချိန်မှာ အကျွန် တာဝန် ထမ်းဆောင်ခရရေ ရှေးဟောင်းသုတေသန ဌာနက နန်းတော်ရာကုန်းပေါ်မှာ ဟိ့ရေ။ နန်းတော်ကုန်းပေါ်မှာ ရှိရေအတွက် ယင်းနန်းအထက်မှာ အကျွန်ရေ နီထိုင်ပနာ ရှင်ဘုရင်တိ့စွာ ရခိုင့်နိုင်ငံတော်ကြီးကို ဇာပိုင် အုပ်ချုပ်ခလေ။ ဇာပိုင် စီမံခန့်ခွဲခလေ ဆိုစွာ ကကောင်း သိချင်လာရေ။ ဒေနန်းကို ဇာပိုင် တည်ဆောက်ခပနာ ဒေနီရာကနီ ဗဟို အုပ်ချုပ်ရေးကို ဇာပိုင် အုပ်ချုပ်ခလေ။ အဝီးမြို့ရွာတိ့ကို ဇာပိုင် အုပ်ချုပ်ခလေ။ တိုင်းပြည်ကို ဇာပိုင် ကာကွယ်ခလေ ဆိုစွာတိ့ကို သိချင်လာရေအတွက် အကျွန်ရေ မဟာဝိဇ္ဇာဘွဲ့ ဒေ မြောက်ဦးခေတ် အုပ်ချုပ်ရေးဆိုရေ ခေါင်းစဉ်အောက်မှာ အခန်းသုံးခန်း  စနစ်တကျ ခွဲပြီးကေမှ မြောက်ဦးခေတ် ဗဟိုအုပ်ချုပ်ရေးကို အကျွန် လေ့လာခပါရေ။ ပြီးရေအခါ အဝီးမြို့ရွာ အုပ်ချုပ်ရေးကို လေ့လာပနာ မြောက်ဦးခေတ် ကာကွယ်ရေးကိုလည်း အကျွန် လေ့လာပါရေ။ လေ့လာရေနီရာမှာ အနီးကပ် အကျွန်ပကို သင်ကြားပြသပီးစွာကတော့ အကျွန့် ဆရာလည်းဖြစ်တယ်။ လင်ယောင်္ကျားလည်းဖြစ်တယ်။ ဦးဦးသာထွန်း၏ သား ဦးကျော်ထွန်းအောင်ပါ။ အကျွန့်ကို အနီးကပ် သင်ကြားပြသပီးခစွာဖြစ်ပါရေ။” လို့ ဆရာမ ဒေါ်ခင်သန်းက ပြောပါရေ။

ယင်းအပြင် လက်ရှိမှာလည်း ဆရာမက မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှာ ဥက္ကဌအဖြစ် တာဝန်ယူထားရေပိုင် ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း ဥပဒေ အကြံပီးအဖြစ်နန့် လုပ်ကိုင်နီသူပါ။

“အကျွန်ရို့ အခု ယူနက်စကို ဝင်ဖို့အတွက် ကော်မတီ ၁၆ ဖွဲ့ ဖွဲ့ပနာ ယင်းကော်မတီတိ့က တာဝန်ယူ ဆောင်ရွက်ရရေ အလုပ်တိ့ အားလုံးကို လုပ်ရရေ။ လုပ်တေအခါ အကျွန် တာဝန်ယူထားရရေ သမိုင်း အထောက်အထား ရှာဖွေရေး ဥက္ကဌ တာဝန်ကို အကျွန် ယူပါရေ။ ယူနက်စကို ပညာရှင်တိ့အနေနန့် ကမ္ဘာက ပညာရှင်တိ့ မိန်းလာသမျှ သမိုင်းကြောင်းတိ့၊ အထောက်အထားတိ့ အားလုံးကို အကျွန်ရေ ပီစာ၊ ကျောက်စာ၊ မြီပြင်အထောက်အထားတိ့နန့် လိုအပ်စွာတိ့ အားလုံးကို အကျွန် ရှာဖွေ ပီးရပါရေ။ မြီပြင်ကိုလည်း ပြလာပီးပါရေ။” လို့ ဒေါ်ခင်သန်းက ဆက်ပြောပါရေ။

သူ့ အမျိုးသားဖြစ်သူကလည်း ရခိုင်သမိုင်းတိ့နန့် ပတ်သက်ပနာ သုတေသန ပြုရေ နီရာမှာ ထင်ပေါ်ကျော်ကြားသူပါ။ ဒေပိုင် စိတ်တူ ကိုယ်တူ ဝါသနာတူရေလူနန့် ရီစက်ဆုံခရေ ဆရာမအတွက် ကြီးမားရေး အခွင့်အလမ်းတစ်ရပ်ကတော့ ဝါသနာ ပါရာ သမိုင်းပညာကို လင်ယောင်္ကျားဖြစ်သူဘားက အနီးကပ် လေ့လာ သင်ယူခွင့် ရခစွာပါ။

“သျှစ်သောင်း ရှိပြီးတော့မှ ကိုးသောင်းလည်း ရှိရေ ဆိုပနာ အကျွန့်အိမ်ရှင်ကို အကျွန် ရက်ပြတ် မိန်းပါရေ။ ကိုးသောင်းဘုရား ဇာမှာလဲ။ သျှစ်သောင်းဘုရားတော့ခါ မြင်ရဗျာလ်။ ကိုးသောင်းဘုရား ဇာမှာလဲ ဆိုပနာ။ တောင်ကြီးကိုရာ ထိုးပြပါရေ။ ဒေနီရာက ကိုးသောင်းဆိုပနာ။ လက်ညိုးနန့် ထိုးထိုးပြရေ ယင်းမြေဇာတောင်ပုံကို။ အကျွန် ဇာပိုင်လေ့သင့် မကျေနပ်။ ဇာဖြစ်လို့ ဒေတောင်ကို ကိုးသောင်းလို့ ပြောရစွာလဲ။ ဇာဖြစ်လို့ဆို အကျွန်အနေနန့် စဉ်းစားကြည့်ကေ မြီတိ့ဖုံးပနာ အပင်တိ့ပေါက်နီရေ။ ဇာနီရာက ကြည့်ကြည် တောင်ရာ မြင်ရေ။ ဒေချင့် ကိုးသောင်းလို့ ဘုရားလို့ ပြောလို့ရရေ အနေထားမျိုး မဖြစ်။ ယင်းအခါ အကျွန်က နေပြီးကေ ကိုးသောင်းဆိုရေဟာသည် ဇာပိုင် တည်ဆောက်ထားစွာလဲ နိုင်ငံတော်က အကြီးအကဲတိ့ကလည်း အကျွန်ရို့ ရှင်းပြရေအခါကျကေ ကိုးသောင်း ပြကေလေ့ အကျွန်ရို့ တောင်ကို ပြကေလေ့၊ နိုင်ငံတော်အကြီးအကဲတိ့က ကိုးသောင်းတူးလိုက်ကေ ဇာပုံ ထွက်ဖို့လဲ။ တူးဇမ် ဆိုပနာ ပြောမှ အကျွန့်အိမ်ရှင်က တက်ထရွန်ပိတ်စထက်မှာ ကိုးသောင်းဘုရား တည်ဆောက်ပုံကို ဆွဲပြရေ။ ယင်းအတိုင်း ထွက်နိုင်ဖို့လား ဆိုကေ ထွက်နိုင်ရေ ဆိုခါ သူရို့ ချပီးရေ ဘတ်ဂျက်အရ အကျွန်ရို့ လင်မယားနှစ်ယောက် ဦးဆောင်ပနာ ကိုးသောင်းကြီးကို တူးတယ်။ တူးရေအခါ အကျွန်ရို့ ပထမ ချပီးရေ မူကြမ်းအတိုင်း ထွက်လာရေအခါကျခါ အကျွန့်အိမ်ရှင်ကို နိုင်ငံတော် အကြီးအကဲတိ့က ပြောရေ။ မင်း လူဝင်စားလား ဆိုပနာ။ အကျွန်ရို့ လင်မယား ရယ်နီကတ်ရပါရေ။ ယင်းခါက ကကောင်းလည်း ပျော်ပါရေ။” လို့ ဒေါ်ခင်သန်းက ကိုးသောင်းဘုရား တူးဖော်ရရှိခစွာကို ပြန်ပနာ ပြောပြပါရေ။

အရွယ်သုံးပါးထဲက သက်ကြီးပိုင်းကို စပနာ လှမ်းနီရေ အရွယ် ဖြစ်တေအလျောက် ဆရာမ ဒေါ်ခင်သန်း ကြုံနီရရေ အခက်အခဲတစ်ခုက လမ်းကို ကကောင်း မလျှောက်နိုင်ဗျာလ်ပါ။

သမိုင်းအကြောင်းအရာတိ့နန့် ပတ်သက်လို့ စိတ်ရောကိုယ်ပါ နှစ်ပနာ လုပ်ကိုင်တတ်တေ ဒေါ်ခင်သန်းမှာ စိုးရိမ်ပူပန်ရဖို့ နောက်ထပ် ကြီးမားရေး အခက်အခဲတစ်ခုကလည်း ရှိနီပါရေ။

“အကျွန် ဖြတ်သန်းခရရေထဲမှာ ကြီးကြီးမားမား ပြဿနာကတော့ သမိုင်းစာအုပ်တိ့၊ သမိုင်းအထောက်အထားတိ့ ရှာဖို့အတွက် အကျွန့် အိမ်ရှင်ပိုင် ပညာရှင်နန့် အကျွန် ကြုံခလို့။ ဒေပိုင်ဆို နောက်လာဖို့ နောက်သားတိ့က ဒေပိုင်မျိုး မကြုံခရကေ အကျွန်ရို့ ယဉ်ကျေးမှုသမိုင်းကို ဇာပိုင် သိကတ်ဖို့လဲ။ သမိုင်းသည် တဖြည်းဖြည်းနန့် ပျောက်ကွယ်လုဆဲဖြစ်နီစွာကို တွီ့ရရေ။ ဒေချင့်ကတော့ စိန်ခေါ်မှုပါ။ ဆိုခါ တွေ့ကြုံရဖို့ အခက်အခဲကတော့ ဒေချင့်တိ့အတွက် အမြဲ ရင်ပူပါရေ။ အမြဲတမ်းလေ့သင့် စိတ်ပူပါရေ။ ယေကြောင့်နန့် အကျွန်ရေ ဒေချင့်နန့် ပတ်သက်ပနာ သင်တန်းပို့ချဖို့အတွက် ရက်ပြတ် အဆင်သင့် ဖြစ်နီစွာပါ။ သူနန့် ပတသ်က်တေ စာအုပ်တိ့ကို ထုတ်ဝေဖို့ကိုလည်း ဖေ့သာ ရရှိမှုအပေါ် မူတည်ပနာမှ ကြိုးစားရေ။ အကျွန် မြောက်ဦးကို ငြိမ်းချမ်းချင်ပါရေ။ ယဉ်ကျေးမှုအမွေနှစ်ဒေသသည် ငြိမ်းချမ်းရာ နယ်မြေ ဖြစ်ချင်ပါရယ်။ အလိုချင်ဆုံးကတော့ စစ်မဲ့ဇုန်ပါ။ ယဉ်ကျေးမှုအမွေအနှစ်ကို အားလုံးက ကာကွယ်စောင့်ရှောက်ပီးစွာကို အကျွန် လိုချင်ပါရေ။” လို့ ဆရာမ ဒေါ်ခင်သန်းက ပြောပါရေ။

ယေကြောင့်နန့် ဆရာမ အနေနန့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ပုံတိ့ကို သူ့ သားသမီးတိ့နန့် အနာဂတ် လူငယ်တိ့ဘားသို့ လက်ဆင့်ကမ်းပြီးရေနောက်မှာတော့ ဘဝ နီဝင်ချိန်ကို တရား အားထုတ်ယင်းနန့် အအီးချချမ်း ဖြတ်သန်းဖို့ ဆန္ဒတိ့ ပြည့်လို့ နီပါဗျာလ်။

 772 total views,  1 views today