Arakan Yoma |

“မြောက်ဦးကို ရာဇဝင်ထဲမှာထားခဲ့ရတော့မှာလား” စာအုပ် မိတ်ဆက်ပွဲတစ်ခုကို အောက်တိုဘာလ ၆ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်က အရုဏ်ဦးစာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမိတ်ဆက်ပွဲကို တောင်ကုတ်မြို့နယ် စာရေးဆရာအသင်းနဲ့ စာပေအင်အားစုတို့က စီစဉ်ပြုလုပ်တာဖြစ်ပြီး အဆိုပါစာအုပ်ရေးသားသူကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။

အဆိုပါ စာအုပ်ကို ရခိုင်စာရေးဆရာ ရက္ခရေးသားထားတာဖြစ်ပြီး ပန်းဆွေမွန်စာပေက ထုတ်ဝေထားတာဖြစ်ပါတယ်။

စာအုပ်ထဲမှာ တော့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေအပါအဝင် ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး၊ လူမှုရေး၊ စစ် ရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးစတဲ့ ရှုထောင့်အသီးသီးက ရေးသားထားတဲ့ ဆောင်းပါး ၆၀ ပါဝင်တယ်လို့ သိရပါတယ်။

တစ်အုပ်ကို ကျပ် ၄၅၀၀ ကျသင့်မယ့် ဒီစာအုပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက အုပ်ရေ ၁၀၀၀ နဲ့ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးမှာ ဖြန့်ချိထားပြီဖြစ်ပြီး အွန်လိုင်းစာပေတွေက တစ်ဆင့်လည်း မှာယူဖတ်ရှုနိုင်မှာဖြစ်ပါ တယ်။

စာရေးဆရာရက္ခဆိုသူဟာ ရခိုင်ပြည်နယ်အတွင်းက မီဒီယာတွေမှာသာမက ပြည်မဖက်က ထင်ရှားတဲ့ သတင်းစာတိုက်တွေမှာလည်း ရခိုင်ပြည်နယ်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေကို မပြတ်တမ်းရေးသားနေသူ ဖြစ်ပါတယ်။

တောင်ကုတ်မှာပြုလုပ်တဲ့ “မြောက်ဦးကို ရာဇဝင်ထဲမှာထားခဲ့ရတော့မှာလား”စာအုပ်မိတ်ဆက်ပွဲနဲ့ စာရေးဆရာကို ဂုဏ်ပြုပွဲကိုတော့ စီစဉ်ပြုလုပ်ကြတဲ့ စာရေးဆရာအသင်းနဲ့ စာပေအင်အားစုတို့က အသင်းသူအသင်းသားတွေအပါအဝင် အဆိုပါမြို့နယ်အတွင်းက စာ ပေကို စိတ်ဝင်စားသူတွေက တက်ရောက်ခဲ့ကြပါတယ်။

 435 total views,  1 views today