ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

အုန်းပင်တက်နည်းစော် တကယ်တမ်းကြည့်လိုက်ကေ လွယ်ရေလို့ထင်ရကေလေ့ တကယ့်ကို ခက်ခဲနက်နည်းရေ သက်မွေးဝမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ အုန်းပင်ကို လူတိုင်းက မတက်ရောက်နိုင်ကတ်ပါ။ နယ်တိမှာလေ့ ယပိုင်ပါဗျာလ်။ အုန်းပင်တိရာပေါများကတ်ကေ လေ့ အုန်းပင်တက်ဖို့လူက တကယ့်ကို ရှားပါးပါရေ။

တစ်ချို့မှာဆိုကေ အုန်းပင်တိ အုန်းခင်းတိ အများကြီးပိုင်ဆိုင်ထားကတ်ကေလေ့ အုန်ပင်တက်သမားမရှိလို့ အုန်းသီးရည်သောက်ချင်လို့ တောင် မသောက်ရကတ်ပါ။ တစ်ချို့ဆိုကေလေ့ ဒေပိုင်အဖြစ်ပျက်မျိုး အနည်းဆုံးတစ်ကြိမ်တစ်ခါလောက်တော့ ကြုံဖူးကတ်ဖို့  ထင်ပါတယ်။

ဒေတစ်ပတ်မှာတော့ ပညာသည်အဆင့် အုန်းပင်တက်သမားတစ်ဦး၏ ဘဝအကြောင်းကို တင်ဆက်ပီးပါမယ်။ ဒေဆောင်းပါးမှာတော့ သူ အုန်းပင်တက်သမားတစ်ယောက် ဇာပိုင်ဖြစ်လာရေ။ အုန်းပင်ကို တက်နည်း၊ တက်ဟန်တိ၊ အုန်းသီးခူး၊ ဆွတ်နည်းတိ၊ အုန်းသီးတစ်လုံး ကို အပုပ်၊ အကောင်း ခွဲခြမ်းစိတ်ဖြာနည်းတိနဲ့ ဇာအသီးမျိုးကို ဇာပိုင်လူတိက သောက်သင့်ရေစရေ အကြောင်းအရာတိ ပါဝင်ပါဖို့။

ထက်နီအောင်သွီးချွန်ထားရေ ဓားတစ်လက်ကို ခါးမှာထိုး၊ ဘောက်သာအိပ်ခွံအဝါရောင်ကို ကျစ်လို့ရအောင်လုပ်ထားရေကြိုးကွင်းသ ဖွယ် ခထုံးတစ်ခုကို လက်မှာကိုင်ပြီးကေ အသားညိုညို၊ အရပ်ခပ်ပုပု လူတစ်ယောက် လမ်းလျှောက်လာနီပါရေ။ သူက အသက် ၄၀ ကျော်အရွယ် ဦးဦးစိန်ထွန်းပါ။ အဆောတလျင်နဲ့ ဒေလူတစ်ယောက် ဇာကိုလျှောက်လားနီစွာပါချင့်။ ရွာထဲကို အုန်းပင်တက်ဖို့ လားနီစော်ပါ။

“အုန်းသီးကို မိုးထပိုင်းနီအီးရေအချိန်မှာ ဆွတ်တယ်။ မိုးထခါဖို့အတွက် ဒေနိနခင်းပိုင်းလောက်ကနီ အခွံဖျင်ထားရေ။ ဖျင် ပြီးကေ ထုပ်ပိုးထားလိုက်တေ။ မိုးလင်းကေမြို့တင်ဖို့။ အခုကတော့ ဆိုင်ကယ်ယာ။ အရင်ကဆိုကေ ပင်းထမ်းနဲ့ တစ်ဖက်တစ်ထုပ် ကြိမ်း ကြိမ်းမြည်သံပါအောင် ထမ်းပြီးကေလားရစွာ။ အခုဆိုင်ကယ်ပေါရေ အချိန်ဖြစ်လို့ ဆိုင်ကယ်နဲ့ ကယ်ရီသမားတိကို တင်ပေးလိုက်တယ်။”

အမှန်ပြောရဖို့ဆိုကေတော့ သူက ကူးတိုးသည်တစ်ဦးပါ။

“အငယ်ခါဆိုကေ ပင်လယ်မှာ လုပ်စားရေ။ ပင်လယ်ထဲမှာ လီမုန်တိုင်းနဲ့လေ့ ခံဖူးရေ။ ပင်လယ်ထဲမှာ တစ်ရက်၊ နှစ်ရက် လေ့ နီခဖူးရေ။ ယေခါ ကျနော်က ဇာပိုင်စိတ်ကူးပေါက်လာလေဆိုကေ ဒေလောက်ထိ ပင်လယ်မှာ ဒုက္ခခံပြီးကေ မလုပ်စားယာလို့ ဆုံး ဖြတ်လိုက်တေ။ ကုန်းမှာယာ လုပ်စားဖို့ယာလို့။ လယ်လုပ်တယ်။ လူပါးမှာ လယ်အငှားထွန်ရေ။ တစ်နှစ်စီထွန်ကေ မိုးရာသီလုပ်လို့ နီရာ သီစားဖို့အတွက် အဆင်မပြေ။ မိုးခါ (ရာသီမှာ) လုပ်စွာကို မိုးခါစားလိုက်ကေ ကုန်လားရေ။ ကုတိုးလိုက်ကေ နိတိုင်းဝင်ငွေရှိနီရေ။ ၃ ထောင်ဖိုးရကေ ၂ ထောင်ဖိုးလောက်စုဆောင်းလို့ရရေ။ ယင်းတွက်နန့် ဒေပိုင် ကုတိုးခတ်ဖို့ ရွီးချယ်ခစော်။”

သူနီထိုင်ရေ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဆံတော်ရှင်ကျွန်းရေ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိရေအလျောက် အုန်းသီးကလည်း ပေါကြွယ်ဝပါရေ။ ယင်းတွက်နန့် သူရို့ဒေသမှာ ကူတိုးသည်လုပ်တေဆိုကေ ရွာပတ်လို့ အုန်းသီးလိုက်ဝယ်စွာကတော့ အဆန်း မဟုတ်ပါလတ်။

“အုန်းပင်တက်ဖြစ်စွာကလေ စွဲစွဲမြဲမြဲတော့ကေ မဟုတ်။ အားကေအားရေပိုင် ကြုံကေကြုံရေပိုင် တက်တယ်။ တသမတ် တည်း အုန်းပင်လိုက်တက်နီစွာတော့ မဟုတ်။ နားနားနီနီပေါ့။ မြို့ကို မလားက၊ မလားယောက်။ အုန်းသီးတိကို လူကိုလည်းမရောင်းဘူး။ ကိုယ့်စွာကိုယ်ပဲ စစ်တွေမှာလားရောင်းရေ။ လူကို တစ်ဆင့်ခံရောင်းလိုက်တေဆိုကေ သူရို့က အပင်ထက်က အုန်းသီးတစ်လုံးကို ဖဲသာ ၁၀၀ လောက်ရာပီးရေ။ ကိုယ်က မြို့မှာရောင်းကေ ၁၀၀ ကျော်လောက်ကွာလားယာ။ လူကို ရောင်းလိုက်ကေ အဆင်မပြေ။ ကိုယ်လေ့ နိတိုင်းမြို့ကို လားနီရလို့။ မြို့ကို မလားရေ လူတိမှာက အုန်းသီး ၁၀၊ ၂၀ လောက်နဲ့ လားလို့ စရိတ်နန့် မကိုက်။ ကိုယ့်မှာဆို စရိတ်လေ့ ပီးစရာမလိုလို့ ကုတိုးသည်ဖြစ်လို့။”

အသက် ၄၀ ကျော်နီဗျာလ်ဖြစ်တေ သူရေ ဒေအသက်ထက်ဝက်အရွယ်လောက်မှာ အိမ်ထောင်ကျခပြီးကေ အိမ်ထောင်ကျခါကပင် ဒေလုပ်ငန်းကို စတင်လုပ်ကိုင်ခစွာလို့ ဆိုပါတယ်။ ဒေသအခြေအနေရ ပင်လယ်ထွက်၊ ငါးရှာ အလုပ်တိလုပ်ကိုင်ခကေလေ့ သူကတော့ ယင်းအလုပ်နန့် နီသားတကျ မရှိခပါ။ ယင်းတွက်နန့် သူ ကုန်းထက်မှာယာ လုပ်ကိုင်ဖို့ယာလို့ ဆုံးဖြတ်ခဲ့ပြီးကေ လယ်ထွန်၊ ယာလုပ်၊ အလုပ်တိလုပ်ကိုင်ခရေပိုင် နောက်ပိုင်းမှာတော့ သူ့အတွက် အဆင်ပြေဖို့ ဒေအလုပ်ကို ရွေးချယ်ခစွာလို့ ပြောပါရေ။

“အုန်းသီးအရည်သောက်ကို အောက်ကိုပစ်ချကေကွဲလွားရေမလား။ မကွဲရအောင်အတွက် ဇာပိုင်လုပ်ရလဲဆိုကေ လူက ၅ ယောက်ဆိုဖိ။ တစ်ယောက်တစ်လုံးသောက်ဖို့ဆိုရင် အညှာကို နှစ်လုံးတစ်တွဲစီ ချိုင်လိုက်တယ်။ ၄ လုံးပေါ့။ ၄ လုံးကို ပက်ခုံးထက်မှာ တင်ရေ။ ၄ လုံးပဲဖြစ်သိရေ။ လူက ၅ ယောက်ပါနီလို့ နောက်တစ်လုံးကို ပါးစပ်မှာကိုက်ပြီးကေ ဆင်းလာရရေ။ တစ်ချို့ဆိုကေ ခထုံးထဲမှာ ထည့်ယူခလို့ရရေ။ ယကေလေ့ အန္တရာယ်ရှိရေ။ ခြီလီးလာလို့ ချိတ်လို့မရလိုက်လို့ရာဆိုကေ အောက်ကိုလူးဆင်းလားနိုင်ရေ။”

ဒေအလုပ်ကို စစချင်းလုပ်တေအခါမှာတော့ သူက အသက်န္တရာယ်ကြုံခရစွာတိလေ့ ရှိပါရေ။

“လူပျိုဘဝက တစ်ခါဖြစ်ဖူးရေ။ တက်တေအုန်းပင်က အလက်အကြီးမသံ။ ယင်းအုန်းပင်က အသီးကို ထိုင်ပြီးကေ ဆွတ် နီစွာ။ ညဥ့်ခါသား လပြည့်နဲ့ဆိုခါ လူငယ်လေ့ဖြစ်လို့ ပေပျော်ပပါးတက်စော်။ တက်ခါ အုန်းလက်ပြုတ်ဆင်းလာလို့ ဝမ်းကို အငုပ်ထိုးလားရေ။ လခွဲလောက်တော့ခါ ခံလိုက်ရရေ။”

ယေကေလေ့ နောက်ပိုင်းမှာတော့ကေ ဒေလုပ်ငန်းနန့် နီသားကျလာခပြီးကေ ကျွမ်းကျွန်းကျင်ကျင်ဖြစ်လာခပါရေ။ အုန်းပင်တက် နည်းတက်ဟန်တိအကြောင်းကို သူက အခုပိုင် ရှင်းပြပါရေ။

“အုန်းပင်တက်တေခါ အထက်ကိုယာ အာရုံစိုက်ပြီးကေ တက်ရရေ။ အုန်းပင်အဖျားကိုရောက်လားယာဆိုစွာနဲ့ ကိုယ့်မှာ လက်တစ်ဖက်နဲ့ ကိုင်ထားရေ။ တစ်ဖက်နဲ့ ဆွတ်တယ်။ ညောင်းလာကေ သတိထားလို့ လှုပ်ရှားရရေ။ ညောင်းလာကေ တုန်လာရေ။ တုန်လာစွာနဲ့ ပန္လင်ဖူးထက်ကို ရောက်အောင်တက်ရရေ။ လက်ရာပြုတ်ကျလားကေ အရိုးကျိုးလားဖို့။ သီလေ့ သီလားနိုင်ရေ။ ပန္လင်ဖူး ထက်တက်လို့ သေသေချာချာ ဆွတ်လို့ပြီးမှ ဆင်းကေလေ့ သေသေချာချာဆင်းပြီးမှ။ ရုန်းရင်းဆန်ခတ်လုပ်လိုက်လို့ ဥာဏ်ရာမမှီလိုက် ကေ အောက်ကိုပြုတ်ကျယာ။ အောက်ကို ဆင်းရေအခါလေ့ အောက်ကိုကြည့်ဆင်းလို့ မရ။ အထက်ကိုယာ ကြည့်ဆင်းရရေ။ အောက် ကိုကြည့်လို့ ဆင်းစွာနဲ့ အမြင့်ကြီးဆိုကေ ခေါင်းတိယိုင်လာဖို့။ အပူဒဏ်နဲ့ဆိုကေ လက်ကပြုတ်ကျလားကေ အန္တရာယ်ရှိရေ။ အောက်ကို လုံးဝ မကြည့်နိုင်။ အပင်မြင့်ကေ စိတ်လွတ်လားနိုင်ရေ။ အောက်ကိုလုံးဝမကြည့်ပဲ အုန်းပင်ထက်ကိုယာ ကြည့်ဆင်းလာရရေ။ တစ်ချို့ တစ်လီက အမောဆို့လာကေ တစ်ပိုင်းလောက်ကနီ ပေါက်ကနဲ ခုန်ဆင်းပလိုက်တေ။ ရောက်ယာဆိုပြီးကေ။ အမှန်ဆို မရောက်သိ။ ဒေ ပိုင်ဆိုကေ ရင်ဘတ်တိမှာ ထိခိုက်စွာတိဖြစ်တေ။ နောက်ပြီးကေ ဓားနဲ့တက်လားလို့ အထက်ကိုရောက်ကေ ဓားတစ်ဖက်၊ အုန်းသီးတစ် ဖက်၊ ယပိုင် လုပ်လို့မရ။ တစ်ဖက်ကို သေချာကိုင်ပြီးမှ အုန်းခိုင်ကို ခွတ်လို့ နိုင်၊ မနိုင်စစ်ကြည့်ပြီးကေမှ။ မနိုင်ဘဲနဲ့ ကျပန်းခုတ်လို့ မရ။ ဓားလူးကျရင် အန္တရာယ်ရှိရေ။”

မိသားစု ၇ ယောက်ကို လုပ်ကိုင်ကျွေးမွေးနီရရေ ဦးဦးစိန်ထွန်းရေ ကူးတိုးသည်တစ်ယောက် ဖြစ်တဲ့အလျောက် တစ်နေကုန် ကူတိုးလား နီရပြီးကေ အားရေအချိန်တိမှရာ အုန်းသီးတိကို ရွာထဲက လိုက်လံဝယ်ယူရစွာပါ။ ဒေပိုင် လိုက်လံဝယ်ယူရေခါလေ့ အုန်းပင်တက်သမား လေ့ သူကိုယ်တိုင်ဖြစ်တေပိုင် အခွံဖျက်စွာ၊ ထုပ်ပိုးစွာတိကိုလေ့ သူကိုယ်တိုင်ဗျာလ် လုပ်ဆောင်ရစွာပါ။

“အုန်းသီးက အကောင်းနဲ့ အပုပ်နဲ့ တစ်ပုံစံတည်းယာ။ ခွဲလို့မရ။ အုန်းပင်တက်နီကျလူဆိုကေ ကိုင်ကြည့်လိုက်စွာနဲ့ သိ ရေ။ ဇာအုန်းသီးက အကောင်း၊ ဇာအသီးက အပုပ်ဆိုစွာကို ကြီးစွာ၊ ငယ်စွာနဲ့ မဆိုင်။ ကြီးစွာမှာလေ့ အပုပ်ပါနိုင်ရေပိုင် ငယ်စွာ မှာလေ့ ပါနိုင်ရေ။ ကြည့်လိုက်ကေတော့ အကောင်းယာလတ်။ ကိုင်လှုပ်ကြည့်မှ သိစွာ။ တစ်ခြားလူတိကလေ့ အကောင်းထင်ကတ်တယ်။  ကျ နော်လက်ကိုင်ကြည့်လိုက်စွာနန့် အပုပ်။ အမှန်ဆိုကေ အုန်းသီးပုံသဏ္ဍန်က မတူ။ ကိုယ်က ကျင့်သားရနီယာဖြစ်လို့။ ကိုင်လိုက်စွာနဲ့ ပေါ့ ပြီးကေ အရည်လေ့ မလှုပ်လိုက်ယာ။ အရည်မလှုပ်ပဲနန့် ခြောက်စွာတိလေ ဟိမ့်ရေ။ ၅ လုံးဆိုကေ ၅ လုံးစလုံး အရည်မလှုပ်။ ယကေ လေ့ အပုပ်နန့်အရည်သောက်ခွဲခြားသိရရေ။ ပေါ့လည်းပေါ့ရေ။ အုန်းသီးပုံသဏ္ဍကလေ့ ပျောင်ပနာဖြစ်နီရေ။ ကျန်စွာအားလုံးအကောင်း။ နည်းနည်းချေ မသိမသာချေယာကွာရေ။”

သူက အုန်းပင်တက်စွာမှာရော အုန်းသီးရွီးရေ ကဏ္ဍတိမှာပါ ပရိုဖက်ရှင်နယ်ဆန်ရုံမကလို့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတိကိုလည်း လေ့လာထားသူပါ။ ကိုယ်ဝန်ဆောင်သည်တိက ဇာပိုင်အုန်းသီးအမျိုးအစားကို သောက်သုံးသင့်ရေ။ မူးဝေနီရေလူတိက ဇာအသီးမျိုးကို သောက်သုံးသင့်ရေ။ ပုံမှန်လူတိကကော ဇာပိုင်အသီးအမျိုးကို သောက်သုံးသင့်ပါလေ။

သူပြောပြစွာက “အုန်းသီးအငယ် အသားမပါရေ အုန်းသီးကို ရင်ပူကပ်တယ်။ ထမင်းစားလို့မရ။ အော့အန်ရေလူတိက အသားမပါရေ အုန်းသီးကိုသောက်လိုက်တေအားဖြင့် အရက်သောက်ထားရေလူတိ စိတ်လန်းဆန်းလားရေ။ ကိုယ်ဝန်ဆောင်သည် သောက်သင့်စွာက အသားလည်း ကောင်းမပါရ။  အသားလုံးဝ မပါကေလေ့ အချဉ်ဓာတ်ပေါက်လားရေ။ အချဉ်ဓာတ်ပေါက်လားစွာနဲ့ ကိုယ်ဝန်ဆောင်တိအတွက် မကောင်းလေ။  အသားနည်းနည်းပါမှ အချိုဓာတ်ပေါက်တယ်။ ပြီးကေမှ ဓာတ်ဆားရည်လိုလို ဖြစ်လားရေ။ ပုံမှန်လူတိကတော့ ဆာစွာသောက်ချင်သောက်၊ ချိုင်စွာသောက်သောက်၊ သောက်ချင်စွာသောက်လို့ရစွာကို။”လို့ ဖြစ်ပါတယ်။

သူက အုန်းပင်အတက်တော်ပါရေ။ အုန်းသီးအရွီးတော်ပါရေ။ ဟုတ်ပါရေ။ မှန်ပါရေ။ ယင်းအကြောင်းကို အခုပိုင် မျှဝီပါသိမ့်ရေ။

“အောက်ကနီလို့ အုန်းပင်တစ်ပင်ကို ကြည့်လိုက်ခြင်းအားဖြင့် အုန်းပင်မှာ အုန်းသီးက ပတ်လည်သီးနီရေ။ ဆိုကေ အုန်းသီးတစ်လုံး ခြောက်တယ်၊ မခြောက်ဆိုစွာကို ယင်းအုန်းသီးထက်က အုန်းသီးက လက်ပေါ့၊ အသားပါရေ အုန်းသီးဆိုကေ အောက်ကခံနီရေ အသီးက ခြောက်ဗျာလ်။ တစ်ဖက်မဲ မခြောက်သိမ့်ဆိုကေ အောက်က နို့ဆီဗူးလောက် အထက်က ခနီရေဆိုကေ ယင်းအသီးရေ လက်ပေါ့။ အရည်သောက်ဆိုကေ အရည်သောက်ထက်က အဖူးမှာ အသီးက အငယ့်စိချေ။ ကွမ်းသီးလုံးချေပိုင်။ ဆိုကေ အောက်ကအသီးက အရည်သောက်။ နောက်ပြီးကေ ယင်းအုန်းသီးနန့် ကပ်ပြီးကေ အခွံမဲဆိုကေ အောက်ကအုန်းသီးက ပေါ့လားယာ။ အသားထူဖြစ်နီယာ။”

ယကေလေ့ သူမကျွမ်းကျင်ရေ အရာလေ့ ရှိပါရေ။ အုန်းသီးပိုင်မျိုး အကြမ်းထည် ထုတ်ကုန်တစ်ခုတည်း မဟုတ်ဘဲ အမျိုးမျိုးသော တောင်သူလယ်သမားတိကပါ ခံစားနီကတ်ရစွာပါ။ ဒေချင့်ကတော့ ကုန်စည်တိရဲ့ ပထမထုတ်လုပ်သူ လူတန်းစားတိက ဆင်းရဲ သည်ထက် ဆင်းရဲလာပြီးကေ သူတို့ရဲ့ ထုတ်ကုန်တိကို အသုံးချလို့ တစ်ဆင့်ခံဝယ်ယူသူတိကရာ အမြတ်ကြီးရလားစွာပါ။

တကယ်တမ်းကျကေ ဒေချင့်က ဖြစ်သင့်ရေကိစ္စ မဟုတ်ပါ။

“ကျနော်ရို့ပါးက အုန်းသီးတစ်လုံးကို၂၀၀၊ ၃၀၀ နဲ့ ရောင်းလို့ ဖဲသာတောင်မချီရသိမ့်။ သူရို့က ချက်ချင်း ၁၀၀၀၊ ၁၅၀၀ ရောင်းပလိုက်ကတ်ယာ။ ယင်းပိုင်စော်တိ မြင်ရရေ။ အကြီးမသံတိဆိုကေလေ့ အားဓမ္မတင်တောင်းမှ ၄၀၀၊ ၅၀၀ လောက်ရရေ။ ယင်း ချင့်တိကို ကြည့်နီရရေ။ ဇာပိုင်ခံစားရဖို့လဲ ကျနော်ရို့က တစ်ခြားလူမှ မဝယ်။ သူရို့ကရာဝယ်နီစွာကို။ သူရို့တိနဲ့ ကိုယ်ရို့တိ မျှမျှတတ ဖြစ်စီချင်ပါရေ။”

ဒေချင့်တိက ဇာနဲ့ဆိုင်လဲလို့ဆိုကေ အုန်းသီးရောင်းချဖို့အတွက် ဈေးကွက်ကောင်းကောင်း မရှိ၊ ရွီးချယ်မှု မရှိစွတိနဲ့ တိုက်ရိုက် သက်ဆိုင် နီစွာပါ။

ပိုဆိုးစွာတစ်ခုကတော့ နည်းပညာအခက်အခဲပါ။ သူရို့ရေ လွန်ခရေနှစ်ပေါင်း ထောင်ပေါင်းများစွာကလေ့ ဒေနည်းလမ်းကို အသုံးပြုလို့၊ ရှိသမျှ ကိုယ်ကာယအားစိုက်ပြီး အုန်းပင်ထက်ကိုတက်၊ အုန်းသီးကို အခွံဖျင်စရေ ရှေးရိုးနည်းစဉ်အတိုင်းရာာ လုပ်နီကတ်ရစွာပါ။ အမှန် ဆိုရင် ဒေလောက်အုံးသီးပေါကြွယ်ဝရေ နရာမျိုးမှာ စက်ရုံတိ မရှိလို့ဆိုကေတောင်မှ သူရို့ကို ခေတ်မှီစက်ကိရိယာတိ ပံ့ပိုးပီးမှုတိရှိနီသင့်ပါဗျာလ်။

“ကျနော်တို့ စိတ်ကူးစွာက ဒေကျွန်းမှာ ဒေလောက်အုန်းသီးတိ ထွက်ယင့်သားနဲ့ စစ်တွေကိုယာ လားတင်ရရေ။ စစ်တွေ မှာ ဝယ်ရေလူတိကလေ့ ဈေးကြီးမပီး။ တစ်ကျွန်းလုံးမှာ ဒေလောက်အုန်းခြံတိပေါရေ။ အုန်းဆီစက်တိဖြစ်ဖြစ် ဒေကျွန်းမှာ တစ်ခုခုရာရှိဖို့ ဆိုကေ ဇာလောက်ကောင်းဖို့လဲပေါ့။ ငါရို့ဆင်းရဲသူဆင်းရဲသားတိလေ့ နည်းနည်းပါးပါး အဆင်ပြေကတ်ဖို့ကားလို့လေ့ စိတ်ကူးမိရေ။”

 692 total views,  1 views today