Arakan Yoma |

သက်လူငယ်နန့် ရိုးရာဓလေ့ထုံးစံနဲ့ ပတ်သက်ပြီးကေ စကားဝိုင်းတစ်ခုကို စက်တင်ဘာလ ၂၉ ရက်နိက ရန်ကုန်မြို့ သာကေတမြို့နယ် မှာ ကျင်းပပြုလုပ်ခပါရေ။

သက်လူမျိုးတိရေ ဝိုင်းဖွဲ့နီထိုင်ကတ်တေခါက ရိုးရာဓလေ့ထုံးစံတိကို လူငယ်တိအနီနန့် သိရှိခကတ်ကေလေ့ နေရာအနှံ့ဖြန့်ကြဲနီထိုင် လာကတ်တေအခါမှာတော့ ရိုးရာဓလေ့တိရေ တဖြည်းဖြည်းပျောက်ကွယ်လာပြီးကေ သိရှိမှုအားနည်းလာမှုတိကို ဖြေဖျောက်နိုင်ဖို့အ တွက်ရည်ရွယ် ပြုလုပ်ရတစွာလို့ ဦးဆောင်ပြုလုပ်တေ သက်လူငယ်ဖွံ့ဖြိုးရေးအသင်းက ပြောပါရေ။

သက်လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ကိုအေးဝင်းလှိုင်က “အရင်ခါက ကျွန်နော်ရို့လူမျိုးတိက ရွာအလိုက်စုလို့နီကတ်တေခါ သူရို့က ရိုးရာဓလေ့ထုံးစံတိကို မြင်ဖူးကြားဖူးနီကတ်ပါရေ။ အခုကတော့ ယင်းပိုင်မရှိကတ်ပါယာ။ မြို့ကြီးပြာကြီးရို့၊ ရန်ကုန်ရို့ကို ရောက်လား ကတ်လို့ ရန်ကုန်မှာ ပေါက်ဖွားရေလူငယ်တိလေ့ ရှိကတ်တေ။ ယင်းထဲမှာ လူငယ်တိက ရိုးရာယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတိကိုမသိ ကတ်ပါယာ။ ယင်းချင့်တိကို ပိုမိုပြီးကေ သိရှိလာကတ်ဖို့အတွက် ရည်ရွယ်ပြီးကေ လုပ်စွာပါ။”လို့ ပြောပါရေ။

ဒေဆွေးနွေးပွဲစကားဝိုင်းမှာတော့ သက်လူမျိုးထဲက အထင်ကရပုဂ္ဂိုလ်တိက ဆွေးနွေးခကတ်ပြီးကေ ရခိုင်ပြည်နယ်ထဲမှာ နီထိုင်ကတ် တေ သက်လူငယ်တိ၊ ရန်ကုန်နန့် တစ်ခြားမြို့နယ်အနှံ့ကို ရောက်ရှိနီကတ်တေ သက်လူငယ်တော်တော်များများက တက်ရောက်ခရေလို့ သိရပါရေ။

ဒေပိုင်ဆွေးနွေးပွဲပြုလုပ်လိုက်ခြင်းအားဖြင့် လူငယ်တိအနီနဲ့ သူရို့ရိုးရာဓလေ့ထုံးစံတိအကြောင်းကို သိရှိခကတ်ရပြီးကေ အစိုးရအနီနန့် ရော အဖွဲ့စည်းတိအနီနန့်ကပါ ဒေပိုင်ဆွေးနွေးမှုတိ ပြုလုပ်ပီးကတ်ဖို့ဆိုကေ သူရို့လူမျိုးတိအတွက် ပိုမိုအကျိုးရှိနိုင်ဖို့လို့ ကိုအေးဝင်းလှိုင် က ပြောပါရေ။

“ဒေပိုင်ရိုးရာဓလေ့ထုံးစံတိကို နောက်ထပ်လည်းလုပ်သင့်ရေ။ အခုက ကျနော်ရို့က တစ်ခြားအဖွဲ့အစည်းတိရဲ့ ဝင်ငွေတိနဲ့ လုပ်နီစွာတော့ မဟုတ်ပါ။ ကိုယ်တတ်နိုင်သလောက် ကိုယ်ထူကိုယ်ထလုပ်ကတ်စွာရာဖြစ်တေ။ တစ်ခြားအဖွဲ့အစည်းတွေနန့် နိုင်ငံတော်ကလေ့ ကူညီပီးဖို့ဆိုကေတော့ ကျနော်ရို့လည်း ပိုလုပ်နိုင်ဖို့လို့ ယုံကြည်ပါရေ။”

သက်လူမျိုးတိရေ ရခိုင်မျိုးနွယ်စု ၇ မျိုးထဲက မျိုးနွယ်စုတစ်ခုအပါအဝင်ဖြစ်ပြီးကေ တစ်နိုင်ငံလုံးမှာမှ လူဦးရေအားဖြင့် ၃၀၀၀ ကျော် လောက်ရှိစွာလို့ သိရပါတယ်။
သူရို့ရေ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စရေမြို့နယ်တိမှာ အများဆုံးနီထိုင်ကတ်ပြီးကေ လက်ရှိမှာတော့ ရခိုင်ပြည်နယ်အနှံ့အပါအဝင် ရန်ကုန်ရို့မှာလေ့ ဖြန့်ကြဲနီထိုင်လျှက်ရှိကတ်ပနာ လူမှုရေး၊ ပညာရေးစရေဏ္ဍတိမှာ အားနည်းချက်တိ၊ လို အပ်ချက်တိရှိနီရေ လူမျိုးစုတစ်ခုလေ့ ဖြစ်ပါရေ။

 508 total views,  1 views today