Arakan Yoma |

ရခိုင်ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုတစ်ခုကို ပြည်နယ်ပညာရေးနဲ့ ပြည်နယ်ကျန်းမာရေးဌာန နှစ်ခုက ပူးပေါင်းဆောင်ရွက်ခကတ်ပါရေ။

သြဂုတ်လ တတိယသီတင်းပတ် ရက်တစ်ခုဖြစ်သည့် ၂၁ ရက်နိမှာ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမမှာ ပြုလုပ်ခကတ်စွာဖြစ်ပါရေ။ အဆိုပါ အခမ်းအနားမှာ ကျောင်းကျန်းမာရေးနဲ့ ပတ်သတ်တေ တစ်ကိုယ်ရည်သန့်ရှင်းမှုအကြောင်း၊ မူးယစ်ဆီးဝါးသုံးစွဲမှု၏ နောက်ဆက်တွဲ ဆိုး ကျိုးတိနဲ့ စားသုံးအပ်တေ၊ မစားသုံးအပ်တေ အစားအစာတိစရေ အကြောင်းအရာတိကို  အဆိုပါ ဌာနဆိုင်ရာတိ၏ တာဝန်ရှိသူတိက ဟောပြောပို့ချမှုတိပြုလုပ်ခကတ်ပါရေ။

လက်ရှိကျောင်းမုန့်စားတန်းတိမှာ ရောင်းချနီကတ်တေ အစားအစာတိစော် သန့်ရှင်းမှုမရှိရေပိုင် အာဟာရမပြည့်ဝခြင်းတိကို တွေ့ရပြီး ကေ ယင်းအစားအစာတိကို စားမိရေ နောက်ဆက်တွဲဆိုးကျိုးအနီနဲ့ ဝမ်းပျော့ဝမ်းလျှော့၊ သွေးဝမ်းကိုက်နဲ့ အသည်းရောင်အသားဝါရောဂါ တိ ဖြစ်လာနိုင်ရေအတွက် ပူးပေါင်းထိန်းသိမ်းကွပ်ကဲကတ်ဖို့ လိုအပ်နီကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက မိန့်ခွန်းမှာ ထည့်ပြောခပါရေ။

ဒေါက်တာချမ်းသာက “ကျောင်းတိမှာရှိရေ မုန့်ဈေးတန်းတိစော် စနစ်တကျ ဆောင်ရွက်ထားစွာတိ မဟုတ်ဘဲနဲ့ ပျံကျလာရောင်း စွာတိ တွိ့ရပါရေ။ ယင်းပိုင်လာရောင်းရေအခါ မသန့်ရှင်းရေအစားအသောက်တိကို တွေ့ရဖို့ ဖြစ်ပါရေ။ အဖုံးအကာမရှိ။ ယင်နားစွာတိကအစ တွိရရေ။ ရောင်းချရေအစားအသောက်တိကလေ့ အာဟာရနဲ့ ညီညွှတ်တေ အစားအစာတိ ဟုတ်ချင်မှလေ့ ဟုတ်ဖို့။ မဟုတ်စွာတိပိုများ ရေ။ ယင်းတွက်နန့် မုန့်စားတန်းတိကို ထိမ်းသိန်းဖို့ လိုအပ်လာပါရေ။ အသူ့မှာ တာဝန်ရှိလေဆိုကေ အားလုံးသူမှာ တာဝန်ရှိပါရေ။”လို့ ပြောဆိုခပါရေ။

ပြည်နယ်ပညာရေးဌာနတာဝန်ရှိသူတိကတော့ကေ ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းတိမှာ ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုနန့် အ တူ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတိနန့် ပူးပေါင်းလုပ်ဆောင်လားဖို့ ရှိနီကြောင်း ဆိုပါရေ။

“အသိပညာပီးရေပေါ့။ မူးယစ်ဆီးဝါးရဲ့ ဆိုးကျိုးတိ စာစီစာကုံးပြိုင်ပွဲတိ လုပ်ပီးရေ။ အချေတိ စိတ်ဝင်စားလာကတ်တယ်။ ကျနော်ရို့က တော့ အာဏာပိုင်အဖွဲ့အစည်းတိနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ပြည်သူတိ၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတိနဲ့ ပူးပေါင်းဆောင်ရွက်နီစွာရှိပါရေ။”လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ကာယ၊ ကျောင်းကျန်းမာ၊ စာကြည့်တိုက်ဌန ဦးစီးအရာရှိ ဦးအောင်ကျော်ငြိမ်းက ပြောပါရေ။

အခမ်းအနားမှာ ဦးဆောင်ပြုလုပ်ကတ်တေ ပညာရေးနန့် ကျမ်းမာရေးဌာနက တာဝန်ရှိသူတိအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ချို့၊ ဆရာဆရာမတိနန့် ကျောင်းသားကျောင်းသူတိ တက်ရောက်ခကတ်ပြီးကေ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ စာစီစာကုံး၊ ပန်းချီစရေ ကဏ္ဍတိမှာ ထူးချွန်ကျောင်းသားကျောင်းသူတိကို ဆုချီးမြှင့်ခပါသိမ့်ရေ။

 448 total views,  1 views today