ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဂနိ့ ပုံနှိပ်အက္ခရာခေတ်မှာ နန်းကျဘုရင်လို့တောင် တင်စားရလောက်တေ လက်နှိပ်စက်စော် ၁၇ ရာစု အကုန်ပိုင်းနဲ့ ၂၀ ရာစု အလယ်ပိုင်းထိ လူ့သမိုင်းဖြစ်စဉ်မှာတော့ အရေးပါအရာရောက်ခစော် ငြင်းနိုင်ကတ်ဖို့ မထင်ပါ။

ယင်းအချိန်က လက်နှိပ်စာရိုက်နည်းကို သင်ယူတတ်မြောက်ထားရေလူတိစော် ရုံးနဲ့ အလုပ်တိုက်ပေါင်းများစွာမှာ သက်မွီးဝမ်းကြောင်း တစ်ခုအဖြစ် အသက်မွီးနိုင်ခကတ်ကေလေ့ ဒေဘက်ခေတ်မှာတော့ကေ မလွယ်ကူလိုက်ပါယာ။ ယကေလေ့ အသက်မွီးနီသူတစ်ချို့လေ့ ရှိနီပါသိရေ။ ယင်းအထဲမှာ ဦးစစ်သာအောင်လေ့ ပါဝင်ပါရေ။ သူရေ အသက် ၇၆ နှစ်အရွယ်ရှိပါယာ။ စစ်တွေမြို့ ရွှေပြားရပ်ကွက်မှာ နီထိုင်ပါရ။ စစ်တွေမြို့တရားရုံးက အလွတ်တန်းလျှောက်လွှာစာရေးအဖြစ် အသက်မွီးရေ ဦးစစ်သာအောင်ရေ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအလွန်ခါကပင် အေနိအချိန်ထိ လက်နှိပ်စက်ကို အသုံးပြုနီဆဲလေ့ ဖြစ်ပါရေ။

ခေတ်တိပြောင်းလာချိန်မှာတော့ ကွန်ပျူတာပညာရပ်ကို လေ့လာသင်ယူချင်ခကေလေ့ နောက်ကျခယာလို့ ဆိုပါရေ။ ယင်းကြောင့်လေ့ သူ့၏လက်စွဲတော် လက်နှိပ်စက်အဟောင်းကိုပဲ အားကိုးနီရစွာလို့ ပြောပါရေ။ တစ်ခေတ်တစ်ခါက ပုံနှိပ်အက္ခရာတိ မှတ်တမ်းတင်ရာမှာ အရေးပါခကတ်သူတိရဲ့ နေဝင်ချိန်ကတော့ လက်နှိပ်စက်ပိုင်ဗျာလ် ကျန်ရစ်ခကတ်ရယာလို့ ဆိုရပါဖို့။  ဒေတစ်ပတ်မှာတော့ စစ်တွေမြို့ တရားရုံးက လက်နှိပ်စာ စာရေး ဦးစစ်သာအောင်ရဲ့ သူ့ဘဝအတွေ့အကြုံနဲ့ သူ့ဘဝအသက်မွးဝမ်းကြောင်း တစ်စိတ်တစ်ပိုင်းကို Arakan Yoma ပရိသတ်များ သိရှိခွင့်ရဖို့ တင်ဆက်ပီးချင်ပါရေ။

ခေတ်တိဖွံ့ဖြိုးတိုးတက်လာစွာနဲ့အမျှ လူတိစော်လေ့ ခေတ်နဲ့လျော်ညီရေ ပစ္စည်းကိရိယာတိကို တီထွင်စမ်းသပ်လာကတ်ပြီးကေ ပြောင်း  လဲသုံးစွဲလာခကတ်စွာကိုတော့ အားလုံးအသိပါ။ ယင်းကြောင့်လေ့ ခေတ်ဟောင်းကပစ္စည်းတိက နောက်မှာကျန်နီခရစော်ပါ။ ယကေလေ့ တစ်ချို့ကတော့ ခေတ်ဟောင်းက ပစ္စည်းတိကိုပဲ အခုပစ္စုပန်အထိ အသုံးပြုကတ်စွာရှိရေအပိုင် တစ်ချို့ကတော့ အမှတ်တရအဖြစ်နဲ့ သိမ်းဆည်းထားတတ်ကတ်ပါရေ။

ယင်းပိုင် အလေ့အကျင့်တိစွာ နောက်လာနောင်သားတိအဖို့ အရင်အချိန်တိက ဒေပိုင်ပစ္စည်းတိကို အသုံးပြုခကတ်တယ်ဆိုစွာတိကို အသိပီးပြောပြနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တေပိုင် တစ်ချို့အတွက်လေ့ စိတ်ဝင်စားစရာ ဖြစ်နီတတ်ပါရေ။

အသက် ၇၆ နှစ်ရှိနီယာဖြစ်တေ ဘိုးဘိုး ဦးစစ်သာအောင်ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့တရားရုံးမှာ အလုပ်လုပ်တေ အလွတ်တန်း လျှောက်လွှာစာရေးတစ်ဦးပါ။ သူယင်းမှာ စလုပ်တုန်းကဆိုကေ ရုံးတိုင်းလိုလိုမှာ လက်နှိပ်စက်ကိုယ်စီရှိကတ်ပြီးကေ ကွန်ပျူတာဆိုစွာ မြန်မာနိုင်ငံမှာ ပေါ်မလာသိလို့ ဆိုပါရေ။

“ဘိုးဘိုး အခုလုပ်နီစွာကတော့ လျှောက်လွှာစာရေးပေါ့။ အသက်ကတော့ ၇၆ နှစ်ရှိနီယာ။ တရားရုံးမှာ တစ်နှစ်တစ်ခါ လိုင်စင်ခံရရေ။ နှစ်စိလို့ ဆက်လုပ်ဖို့ဆိုကေ ဆက်လုပ်လိုင်စင်ခံရရေ။ မလုပ်ယာ ဆိုကေလေ့ ကိုယ့်စွာနဲ့ကိုယ်ရပ်လိုက်လို့ ရရေ။ သဘောက တရားရုံး လုပ်ငန်းတိကို အကူညီပီးရစွာပေါ့။ ပြီးကေ ယင်းမှာ အာမခံဖို့ လုပ်ငန်းချတိရှိရေ။ တရားရုံးကိစ္စတပေါ့။ ယင်းချင့်ချေတိကို ဘိုးဘိုးက လုပ်ပီးရစွာ။”

ဒေလုပ်ငန်းစွာ တစ်နှစ်ပြီးတစ်နှစ် လိုင်စင်ခံလို့လုပ်ရရေ လုပ်ငန်းဆိုကေလေ့ ၁၉၈၈ ခု အရေးအခင်းဖြစ်ပြီးနောက်ပိုင်းကပင်စလို့ လုပ် ကိုင်လာစွာဖြစ်ပြီးကေ အခုဆိုကေ ဆယ်စုနှစ် ၃ ခုကျော်ရှိနီပါယာ။ ဒေလုပ်ငန်းကို သက်မွီးဝမ်းကြောင်းအဖြစ်ရွေးချယ်လိုက်ရရေ အကြောင်းအရင်းကတော့ တတ်ထားတဲ့ပညာကို အသုံးချလိုစွာကတစ်ကြောင်း စားဝတ်နီရေးကတစ်ကြောင်း ပါဝင်ပါရေ။

“လခလေ့ ရစွာမဟုတ်လေ။ ယကေလေ့ ကိုယ့်လုပ်ငန်းနဲ့ကိုယ်ပေါ့။ သဘောက စားဝတ်နီရေးအတွက်ပေါ့။ ကိုယ့်ဘဝနဲ့ကိုယ်။ ယင်းမှာ ဒေပိုင်လုပ်နီစွာ ၈၈ အရေးအခင်းနောက်ပိုင်းကနီ ဘိုးဘိုး ယင်းတရားရုံးမှာ လိုင်စင်ချေတစ်ခုခံပြီးကေ လုပ်နီစွာ။ လုပ်ငန်းစဉ်ကတော့ ယ ချင့်ဗျာလ်။”

ဘိုးဘိုးဦးစစ်သာအောင်ရို့ အငယ်ခါလေ့ ကျွန်တော်ရို့ ခေတ်လောက်တော့ မတိုးတက်ကေလေ့ သူတို့ခေတ်စွာလေ့ ကျွန်တော်ရို့ ခေတ်ပိုင်ပါဗျာလ်။ လူငယ်တိဖြစ်ရေအတွက်နန့် လိုအပ်တေသင်တန်းတိ လိုက်တက်ခကတ်ရစွာပါ။

“ကကောင်းကြာနီယာ။ အိုးတန်းရပ်ကွက်မှာ ဆရာဦးမောင်စောလှ ဆိုစွာရှိခရေ။ သူ့ပါးမှာသင်စွာ။ ယင်းက အောင်လက်မှတ်ရခစွာ။ ၂ လလောက်သင်ခရရေ။ အနှေးအမြန်။ ထပမတော့ တစ်လုံးချင်းတစ်လုံးချင်းရိုက်ရရေပေါ့။ နောက်ပိုင်းကျကေ အမြန်အတွက်လေ့ သင် တန်းတက်ရရေ။”

ယင်းပိုင် လိုအပ်တေပညာတိကို လိုက်သင်ခစွာကြောင့် လိုအပ်တေအချိန်မှာ အသုံးချခွင့်ရခစွာလို့ ဆိုရပါဖို့။ ယကေလေ့ ဒေအလုပ်ကို ရဖို့လွယ်ကူခစွာတော့ မဟုတ်ပါ။ ဒေအကြောင်းကိုလေ့ ဘိုးဘိုးဦးစစ်သာအောင်က အခုပိုင် မှတ်မှတ်ရရနဲ့ ပြန်ပြောပြပါရေ။

“အခက်ခဲကတော့ ဆရာပါးမှာသင်ရလေ။ မသင်လို့ မရဘူး။ ဘိုးဘိုးရို့က တရားရုံးလုပ်ငန်းတိကို နားလည်စွာမှ မဟုတ်။ ဆရာပါးဘမှာ ၃၊ ၄ နှစ်လောက်ည။ သင်ရရေ။ ယင်းခါ ဆရာက ယာမင်းဒေလောက်ယူ။ ဒေလောက်ပီး ယပိုင် ဆရာက ခိုင်းစွာကို လုပ်ရရေ။ ဆရာက သင်ပြီးမှ တတ်စွာကို မဟုတ်ကေ ဇာပိုင်တတ်ဖို့လဲ။ ဆရာကတော့ သီလားစွာ ကြာယာပေါ့။ ၈၈ အရေးအခင်း နောက်ပိုင်းကပင်။”

နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာချိန်မှာတော့ သူကခေတ်နဲ့အညီ လိုက်လျောညီထွေအောင် ကွန်ပျူတာကို လေ့လာသင်ယူဖို့ ကြိုးစားခကေလေ့ အခါနှောင်းလားခပါယာ။ ယင်းကြောင့်လေ့ သူ့လက်စွဲတော်လို့ ဆိုရလောက်တေ လက်နှိပ်စက်ဟောင်းနဲ့ပဲ ခရီးဆက်ဖြစ်ခပါရေ။

“ယင်းလက်နှိပ်စက်ကတော့ ကြာယာပေါ့။ ယင်းလက်နှိပ်စက်ချေနဲ့ လုပ်လာစွာ။ ကွန်ပျူတာ သင်ဖို့အချိန်ကလေ့ မရှိလိုက်ယာ။ သင်လေ့ မသင်လိုက်ယာ။ လက်နှိပ်စက်ဟောင်းချေနဲ့ပဲလုပ်လိုက်တယ်။ တရားရုံးက ဘိုးဘိုးပါးကပီးစွာတိကို တရားရုံးမှာတင် ပီးရရေပေါ့။ ယင်း အချိန်က ရုံးတိုင်းရုံးတိုင်းမှာတော့ လက်နှိပ်စက်ရှိကတ်တယ်လေ။ ယင်းခါက ကွန်ပျူတာလေ့ မပေါ်သိ။ ဘိုးဘိုး ဒေလောက်အရွယ်မှာ ကွန်ပျူတာ သင်ဖို့ဆိုစွာကလေ့ လွယ်ရေအလုပ် မဟုတ်ယာလေ။ အသက်လေ့ကြီးလားယာ။ လက်နှိပ်စက်ကတော့ အရင်ကနီ သုံးလာ စွာကို အခုကွန်ပျူတာတိုးတက်တေခေတ်မှာ ရုံးတိမှာ အရင်လိုရေ။ ပြီးကေ စနစ်တကျ ဖြစ်အောင်ဆိုပြီးကေ သူရို့က သုံးကတ်စွာလေ။ ကွန်ပျူတာကိုတော့။ ရုံးတိုင်းရုံးတိုင်းမှာ ရှိနီစွာကို။ ဘိုးဘိုးရို့မှာက ကွန်ပျူတာလေ့ သင်ဖို့မရလိုက်ယာ။ ကိုယ်ပိုင်ဝယ်ဖို့ကလေ့ အခက်ခဲ ရှိလို့ လက်နှိပ်စက်အဟောင်းချေနဲ့ ယပိုင်ပဲ လုပ်နီရစွာ။”

လက်ရှိ သူတရားရုံးမှာ အဓိကတာဝန်ယူရရေအပိုင်းကတော့ တရားရုံးနဲ့ တရားရုံးကို လာရောက်တေလူတိ၏ လိုအပ်ချက်တိကို ကူညီ လုပ်ဆောင်ပီးဖို့ပါ။

“ကျမ်းကျိန်ရေ ပုံစံမျိုးတိရှိရေ။ အိမ်ထောင်စုလို့ မဟုတ်။ အခက်ခဲကျလာလို့ ကိုယ့်စွာကိုယ် ကျမ်းကျိန်မယ်။ ကိုယ့်စွာကိုယ် လက်မှတ် ထိုးမယ်။ ယင်းပိုင် အကြောင်းအရာတိကို မီးပြီးကေ ဘိုးဘိုးကလုပ်ပီးစွာတိရှိရေ။ ဝါသနာပါရေလို့လေ့ မဟုတ်။ ကိုယ့်မှာ စားဖို့၊ သောက် ဖို့၊ နီဖို့အတွက်လုပ်နီရစွာ။ လျှော့လို့လေ့လုပ်ရရေ။ အသက်လည်းကြီးလာလို့ ဘုရားကျောင်းကန်တိမှာလှူရေ။ ဆွမ်း၊ ပန်းကျွေးရေပေါ့။ အဆင်ပြေရေလို့လေ့ မဟုတ်ယာ။ စားသောက်ဖို့ ဈီးဖိုးလောက်ကတော့ရရေပေါ့။ ရစွာချေကိုလှူ။ တန်းရေ။ ကျောင်းကန်လားရေ။”

ဘိုးဘိုး ဦးစစ်သာအောင်မှာက သူနဲ့အသက်ရွယ်တူ ဇနီးတစ်ဦးလေ့ သီမတူရှင်မကွာ နီထိုင်လျှက်ရှိပါရေ။ သူရို့နှစ်ယောက်မှာ ရှားရှား ပါးပါး သား ၂ ယောက်ရာရှိပါရေ။ သားတိကိုလေ့ သူရို့မျက်စိအောက်က အပျောက်ခံသူတိ မဟုတ်ရေပိုင် သူရို့လုပ်နိုင်သမျှ အရွယ်ထိ တော့က တစ်ယောက်ကိုလေ့ အားကိုးတတ်သူတိ မဟုတ်ပြန်ပါ။

“သားက ၂ ယောက်ရှိရေ။ သူရို့မှာ ကိုယ့်မော်တော်ကားချေနဲ့ကိုယ် ရှာစားကတ်တယ်လေ။ ဘိုးဘိုးကတော့ သားတိကို တစ်ခြံတည်းမှာ ထားရေ။ ဟိုဖက်ကတစ်ယောက်၊ ဒေဖက်ကတစ်ယောက်။ သူရို့မှာလေ့ သူရို့လုပ်ငန်းချေနဲ့ သူရို့ပေါ့လေ။ မြီးကတော့ အားလုံး ၇ ယောက်ရှိရေ။ အငယ်သားမှာ သား၊ သမီး ၄ ယောက်။ အကြီးလူမှာ သားယောက်ျားချည်းယာ ၃ ယောက်ရှိရေ။ သူတို့မှာလေ့ သူတို့ နည်းနဲ့သူရို့။ ဘိုးဘိုးမှာလေ့ ဘိုးဘိုးရို့ လင်မယားနှစ်ယောက် ကိုယ့်စွာနဲ့ကိုယ်။”

အသက် ၈၀ နားကပ်နီယာဖြစ်တေ ဘိုးဘိုး ဦးစစ်သာအောင်ကတော့ ဒေနှစ်ကုန်ကေ လက်နှိပ်စက်နဲ့ ဖြတ်သန်းလာရရေ ဘဝကို စွန့် လွှတ်ပြီးကေ သေရာကိုပါဖို့ တရားဘာဝနာဖက်ကိုရာ အားထုတ်ဖို့ယာလို့ ဆိုပါရေ။ ဘဝမှာ အလားရှိကေ အပြန်ရှိရေဆိုရေ စကားပုံ ချေပိုင် သူအလုပ်နားချိန်မှာ သား၊ သမီးတိကိုပဲ မှီခိုဖို့ယာလို့ ဆိုပါရေ။

“ရှေ့နေတိပိုင် လိုင်စင်ခံရရေ။ တစ်နှစ်ဆိုကေ တစ်ခါစီလိုင်စင်ခံရရေ။ လိုင်စင်ပီးကေ လုပ်လို့ရရေ။ ဒေနှစ်ကုန်ကေ ဒီဇင်ဘာလမှာ လိုင် စင်ခံရရေ။ ဘိုးဘိုးကတော့ ဒေချင့်ပြီးကေ မလုပ်ယာလို့ ဆုံးဖြတ်ထားရေ။ အသက်ကြီးလာယာမလား။ ဒီဇင်ဘာမှာ ဘိုးဘိုးက လိုင်စင် မတင်ယာ။ ကိုယ်ရို့မှာ ရှိစော်ချေနဲ့ လင်မယားနှစ်ယောက် စားသောက်ဖို့ယာ။ ယင်းနောက်ပိုင်းမှာတော့ သားတိကိုပဲ အားကိုးရဖို့ယာ လေ။ သူရို့ကလေ့ အထောက်အကူပြုကတ်လိမ့်မယ်လို့ မျှော်လင့်ရေ။ ကိုယ်ကလေ့ အကူညီပီးထားစော်တိလေ့ရှိရေလေ။ အထောက် ကူပြုလိမ့်မယ်။”

 515 total views,  1 views today