Htoo | Arakan Yoma

စစ်တွေမြို့မှာ ပြီးခရေ ၇ နှစ်မတိုင်ခင်ကတော့ လူမျိုးပေါင်းစုံရောယှက်နီထိုင်ခကတ်ဖူးပါရေ။ ၂၀၁၂ ခုနှစ်ကာလနဲ့ အလွန်မှာတော့ အစိုးရက မြို့နှင့် ခပ်လှမ်းလှမ်း တစ်နေရာမှာ နီအိမ်တိ တည်ဆောက်ခပြီးကေ မြို့ပေါ်က မူဆလင်တိကို ယင်းမှာ နေရာချပေးခပါရေ။ ယင်းနောက်မှာဗျာလ် သူရို့  နဲ့ မြို့ပေါ်နီထိုင်သူတိရေ အယင်ပိုင် မြင်တွိ့ခွင့်၊ ထိတွေ့ဆက်ဆံမှုက နည်းပါးလာကတ်ပါရေ။

ယကေလေ့ ယင်းမှာနီထိုင်ကတ်သူတိနဲ့ စစ်တွေမြို့ပေါ်က လူတိကြား နေ့စဉ်ထိတွေ့စကားပြောဆိုနိုင်ဖို့ နေရာတစ်ခု ရှိလာခပါရေ။ ယင်းချင့်ကို ငြိမ်းချမ်းရေးဈီးလို့ အရပ်က ခေါ်ကတ်ပါရေ။ စစ်တွေမြို့အနောက်ဖက်မီးရထားလမ်းအလွန်မှာတည်ရှိရေ ဘုမေရွာက ဈီးငယ်ချေမှာ မကျည်းမြိုင်၊ ဘုမေနဲ့ ဒါးပိုင်စရေ ဒုက္ခသည်စခန်းတိက မူဆလင်တိ လာရောက် ရောင်းချသူတိ ရှိရေပိုင် နေ့တွက်အငှားလာလုပ်သူတိလည်း ရှိပါရေ။

ဈီးကွက်မှာ ကြက်ကို အများဆုံးရောင်းချကတ်ပြီးကေ အမဲသား၊ ဟင်းသီးဟင်းရွက်နဲ့ ကွမ်းယာ ရောင်းချသူတိကိုလည်း အနည်းငယ် တွေ့မိကတ်ပါဖို့။

“ကျနော်က ကြက်ရောင်းစွာပါ။ အရင်က ကျနော့်အကိုတိက (စစ်တွေ) ဈီးကြီးမှာရောင်းရေ။ အခုဈီးကြီးမှာ ထားလို့မရ၊ မြို့ထဲ မှာထားလို့မရလို့ ဒေမှာ ကျနော်ရို့ရောင်းစွာ ၇ နှစ်လောက်ရှိယာပေါ့။ ကြက်က ရန်ကုန်ကလည်း လာရေ။ ဥစားကြက်တိ။ ရွာက ကြက်လည်းပါရေ။ အားလုံးအရောရောရောင်းရေပေါ့။”

ဒေချင့်ကတော့ ဘုမေဈေးမှာ ၇ နှစ်တာရောင်းချလာရေ အသက် ၂၅ နှစ်အရွယ် ဘုမေကျေးရွာသား မာမူးချိုကူး (ခ) ကိုနိုင်နိုင်က ဖောက် သည်တိအလာကို မျှော်ကိုးနီရင်း တဒင်္ဂမှာ ပြောပြစွာပါ။ သူရေ ၂၀၁၂ ခုနှစ် အရေးအခင်းမတိုင်ခင်က စစ်တွေမြို့မဈီးမှာ ရောင်းချခွင့် ရခကေလေ့ ကန့်သတ်လိုက်ပြီး နောက်ပိုင်းမှာတော့ ဒေဈီးငယ်ချေမှာပဲ ဆက်လက်ရောင်းချခွင့်ရခစွာလို့ ဆိုပါရေ။

မူဆလင်တိရောင်းချနီကတ်တေ ယင်းဈီးမှာ အဓိကဖောက်သည်တိကတော့ ရခိုင်တိ ဖြစ်ပါရေ။ ရခိုင်တိလို့ဆိုရေအအထဲမှာလည်း စီး ပွားရေးအရ ဝယ်ယူပြီး ပြန်ရောင်းချကတ်သူတိပါဝင်ရေပိုင် ၁ ထပ်စာ၊ ၂ ထပ်စာဝယ်ယူသူကအစ အလှူပွဲနဲ့ အပျော်တမ်းထမင်းချက်စားဖို့ လာရောက်ဝယ်ယူရေ လူငယ်တိကလည်း နိစိုင်ရက်ဆက်ဆိရေုပိုင် ရှိနီတတ်ပါရေ။

ဒေအကြောင်းကိုမာမူးချိုကူးက “ဒေကြက်တိကို အကုန်လုံးက မြို့ထဲက လာဝယ်ကတ်စွာယာလေ။ ဈီးကြီးမှာ ရောင်းသူတိလည်းရှိရေ။ အိမ်မှာစားဖို့လိုလို့ ကျနော်ရို့ပါးက လာဝယ်ရေ။ ယင်းပိုင် ဝယ်ကတ်တေ။ အားလုံးသူက ရခိုင်သားတိယာလေ။ ဒေချင့်ရောင်းလို့ စားနီရစွာယာလေ။ ကျနော်ရို့ ၇ ထောင်ဈီးဝယ်ကေ ၇ ထောင် ၅ ရာရောင်းရေ။ အိမ်ကြက်တစ်ကောင် ၁ သောင်း ၂ထောင်နဲ့ ဝယ်ကေ ၁ သောင်း ၃ ထောင်ရောင်းရေ။ အိမ်ကြက်ဆိုကေ တစ်ကောင်တစ်ထောင်မြတ်တယ်။ ဥစားကြက်ဆိုကေ ၅ ရာ၊ ၃ ရာပေါ့။”လို့ သူရို့လုပ်တေဈီးကွက်စနစ်ကို ရှင်းပြပါရေ။

အစာကွင်းဆက် သဘောသဘာဝအရ သက်ရှိတိရေ တစ်ဦးကိုတစ်ဦး အမှီပြုနီကတ်ရပိုင် တစ်ဦးကို တစ်ဦးကူညီဖေးမပီးနီကတ်တယ်ဆိုလည်း မမှားပါ။ အဲဒီနေရာချေစွာ စစ်တွေတက္ကသလိုလ်ကို လားရေလမ်းမကြီးဘေးနားမှာ တည်ရှိရေပိုင် အနီးအနားမှာ ရဲကင်းတစ်ခုလည်းရှိပြီး ကေ တက္ကသိုလ်ဆရာ၊ ဆရာမတွေနေထိုင်တဲ့ အဆောင်လည်း ရှိပါသိမ့်ရေ။

ယကေလေ့ ဇာသူတစ်ဦးတစ်ယောက်ကလည်း ပိတ်ပင်တားဆီးစွာမျိုးကိုတော့ မတွေိ့ရပါ။ မတွေ့ရရေအပြင် အရာရှိအသိုင်းအဝိုင်း တိကတောင် လာဝယ်စွာမျိုးရှိရေလို့ ပြောဆိုကတ်ပါရေ။ ဟင်းရောင်းနီရေ အသက် ၄၀ ကျော်အရွယ် ဦးဟာရှိန်းက ဖက်ဆေးလိပ် တစ်ဖွာသောက်လိုက်ရင်းနဲ့ အခုပိုင် ပြောပြပါရေ။

“ကျနော့်မှာက သား၊ သမီး ၅ ယောက်ရှိတယ်။ မြို့ထဲကလူတိက လိုစွာကို ဖုန်းနဲ့မှာကတ်တယ်။ ကျနော့်မှာကတော့ သဲချောင်း၊ ဒါးပိုင်၊ ဘုမေစရေရွာတိက ဝယ်စွာပေါ့။ ကျနော်ရို့မှာလိုက်ကေ သူရို့က ဈီးကောင်းမပီးပါလေ။ တစ်ဆင့်တဆင့် အမြတ်စားပစ်လိုက်က တ်တယ်။ စားကတ်ဖို့နန်းရာ။ သူရို့မှာလည်း ၀မ်းပါစွာကို။ ကျနော့်မှာလည်း ဒေအလုပ်က ကောင်းမဆင်မပြေလေ။ သားတစ်ယောက်က နှစ်ဘီးနင်းလို့ တစ်ရက်မှာ ၄ ထောင်၊ ၅ ထောင်ရပါရေ။ ယင်းပိုင် နည်းနည်းပါးပါးရရေလေ။ ခုနားက မြင်လိုက်တယ်မလား။ သူဌေးလေ။ ဗိုလ်ကြီးဇနီးထင်ရေ။ လာပြီကေး သူရို့အားပီးရေ။ ဆင်းရဲသားတိ၊ သူဌေးတေိအလှည့်ကျ ယပိုင်လာကတ်စွာယာလေ။ လာကေ ကြိုက်ကေယူရေ။ မကြိုက်ကေမယူကတ်ပေါ့။”

ဒေပိုင်ရောင်းချကတ်တေ အခါမှာလေ့ ရောင်းသူနဲ့ ဝယ်သူတိက အပြန်အလှန် ယုံကြည်မှုတည်ဆောက်ထားကတ်တေပိုင် နားလည်းမှုလည်း အပြည့်အဝပီး ထားကတ်စွာတွိ့ရပါရေ။

“တစ်ရက်ရောင်းကေ တစ်ရက်စားလို့ရရေ။ မရောင်းကေ စားလို့မရ။ ကျနော်ရို့ ယပိုင်နီကတ်စွာ။ အရင်ကပိုင် ရောင်းလို့ ဖဲသာတိ အိမ်မှာ အများကြီးထားလိုက်ဖို့ဆိုလို့က မရယာလေ။ ရခိုင်သားတိနဲ့ ကျနော်ရိုပါ့းကို လာရေ။ ကျနော်တို့ရောင်းရေ။ သူတို့နဲ့ ဆက်ဆံလို့ ရောင်းနီရစွာယာလေ။ ကျနော်ရို့ ရောင်းဈီးနဲ့ သူရို့ဝယ်ရရေ။ အကုန်လုံးနဲ့ ဒေပိုင်ဆက်ဆံနီကတ်စွာပဲ။ သူရို့မှာလည်း ရောင်းစားဖို့အတွက် ဒေကလာလို့ ကျနော်ရို့ပါးကဝယ်လို့ ဈီးမှာရောင်းစွာ။ ကျနော်တို့ပါးက ဈီးများကေသူတို့မှာလည်း ရောင်းစားလို့ အဆင်မပြေ။ မမြတ်ဆိုရင် ရောင်းစားလို့ မရ။ ယင်းပိုင် ပြောကတ်တယ်။ ကျနော်ရို့ကလည်း ပေးနိုင်ဖို့ဆိုကေ နည်းနည်းပါးပါးလျှော့ပီးလိုက်တေပေါ့။ သူတို့မှာလည်း ရောင်းစားရဖို့စွာဗျာလ်လေ။ ကျနော်တို့လည်း ရောင်းရရေ။ ယင်းပိုင်အများအမြတ်စားဖို့ မလို။ တစ်ရက်စာတစ်ရက် စားရကေ ပြီးရာ။” လို့ မိဘကို လုပ်ကျွေးနီရေမာမူးချိုကူးက ပြောပြပါရေ။

ယင်းပိုင် နားလည်မှုတိနဲ့ ယုံကြည်မှုတိ အခိုင်အမာတည်ဆောက်ထားကြဗျာလ်ဖြစ်လို့ ဇာသူက ဇာမှာနီမှန်းမသိ၊ လိမ်လားကေလည်း ခံရဖို့ အဖြစ်တိမှာတောင် တစ်ခါတစ်ခါမှာဆိုကေ အကြွေးပီးကတ်စွာတိလည်း ရှိတတ်ကတ်ပါရေ။

ဆက်လက်ပြီးကေသူက “အဆင်ပြေရေပေါ့။ ကျနော်ရို့က သူရို့ကို အကြွေးလည်းပီးရေ။ လက်ငင်းလည်းပီးရေ။ အကြွေးပေးကေ သူရို့ကလည်း နောက်တစ်ခါပြန်လာကေ ယင်းဖဲသာကို ရှင်းပီးရေ။ နောက်တစ်ဖြတ်ယူပေါ့။ယင်းပိုင်။” လို့ ဆိုပါရေ။

ဇလာက်ပဲဆိုဆို လူ့လောကမှာတော့ အခက်အခဲတိ၊ အဆင်မပြေမှုတိကတော့ တစ်ယောက်ချင်းစီမှာသော်လည်းကောင်း၊ မိသားစုတစ်စုချင်းစီမှာ သော်လည်းကောင်း ရှိနီကတ်စမြဲပါ။

“အဆင်ကတော့ မပြေလေ။ အမိနဲ့ ကျနော်နဲ့က အပြင်ထွက်ပြီး အလုပ်လုပ်ကတ်ရရေ။ ကျနော်လုပ်နီရေ။ ကျနော်ကြိုးစားနီ ရရေ။ ဖဲသာ ၂ ထောင့် ၅ ရာရရ၊ ၃ထောင်ပဲရရ ကျနော်စုထားရေ။ ဇာမှမစားလေ။ ကျနော့် ညီချေ၊ ညီမချေတိရဲ့ကျူရှင်၊ အစိုးရ စာသင်ကျောင်းမှာလည်း ပီးရရေ။ ညကျောင်းလခတိလည်းပီးရရေပေါ့။ ဆရာ၊ ဆရာမတိကလည်း တစ်လကို တစ်ထောင် ယူချင်ယူရေ။ ထောင့်ငါးရာ ယူချင်ယူရယ်။ ယပိုင်ယူရေ။ ယကေလေ့ ပညာသင်နီရလေ။ ကျနော့်အမိနဲ့ ကျနော်နဲ့က အလုပ်လုပ်နီရရေ။”လို့ ဒါးပိုင်ဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှာ နီထိုင်တဲ့ ကိုမောင်မောင်က သူရို့ အဆင်မပြေရေအကြောင်းကို ပြောပြပါရေ။

ယင်းအပြင် သူရေ အယင်က စစ်တွေမြို့ထဲမှာ နီထိုင်ခပြီးကေ စီးပွားရေးလုပ်ငန်းအဆင်ပြေနီခပနာ ပြောင်းရွှေ့ခံလိုက်ရရေနာက်ပိုင်း အဆင် မပြေလိုက်စွာလို့ ဆိုပါရေ။ သူရို့ အဆင်မပြေဘဲ အခုပိုင် အခက်ခဲတိ ကြုံတွိနီကတ်ရစွာရေ IDP စခန်းတိမှာ နီထိုင်ရစွာ ကြောင့်လို့ မှတ်ယူကတ်စွာကြောင့် မူလနေရပ်မှာ နီထိုင်လိုကြောင်း ပြောကတ်ပါရေ။

“သဘောက အားလုံးသူက ဇာပိုင်နီလဲ။ ကျနော်လည်း ယင်းပိုင်နီချင်ရေ။ တခြားတစ်ယောက်က တစ်မျိုးနီလို့ မရလေ။ ကျ နော်ရို့ကို မြို့ထဲမှာ မထားလို့ မဟုတ်ကေ ရခိုင်သားတိနဲ့ အောက်မှာဆင်းပြီး အလုပ်လုပ်လို့ ရရေ။ ကျနော်ရို့မှာ ဇာအကြောင်းလေ့မရှိ။ အကုန်လုံးရောနှောနီလို့ အလုပ်လုပ်နီလို့ အရင်ကပိုင် နီဖို့လို့ ဆန္ဒရှိရေ။”လို့ ပြောပါရေ။

ဇာပဲဖြစ်ဖြစ် မတူညီရေ အသိုက်အဝန်းနှစ်ခုကြား အခုပိုင် ရောင်းဝယ်ဖောက်ကားပြီးကေ တစ်ဦးကိုတစ်ဦးအပြန်အလှန် အကျိုးပြုနီကတ်တေ ဘုမေဈေးငယ်ချေက လူမျိုးစုနှစ်ခုကို ပေါင်းကူးပီးနီရေ ငြိမ်းချမ်းရေးဈေးငယ်ချေတစ်ခုပါ။

 457 total views,  1 views today