Arakan Yoma |

ကြုံလာနိုင်ရေ သဘာဝဘေးအန္တရာယ်တိ လျော့ပါးရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတိ့ အကူအညီနဲ့အတူ ပြည်နယ် အဆင့်ဌာနဆိုင်ရာတိက စီမံကိန်းရေးဆွဲနိုင်ဖို့ စီစဉ်နီကတ်ပါရေ။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၁ ရက်နိကနီ ၁၂ ရက်နိထိ ၂ ရက်တာကြာမြင့်ရေ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်ခဗျာလ်လည်းဖြစ်ပါရေ။

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနဲ့ ပတ်သက်လို့ စံထားရဖို့ စီမံကိန်းတစ်ခုဖြစ်လာဗျာလ်ဆိုကေ ကြိုတင်ကာကွယ်ရေးစနစ်တိနဲ့ ပြန်လည်ထူထောင်ရေးစနစ်တိ အားကောင်းလာဖို့ဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ဦးရဲမင်းဦးက ပြောပါရေ။

“ပြည်နယ်မှာ SOP လို့ ခေါ်တဲ့ စံထားရမယ့် စီမံချက်တစ်ခုဖြစ်လာဗျာလ်ဆိုလို့ ရှိကေ ဇာပဲပြောပြော ကျနော်ရို့ ဘေးလွတ်ရာတိ၊ ခိုလှုံသင့်ရေအရာတကို အသေးစိပ်သိရဖို့။ နောက်ပြီးတော့ ကြိုတင်ကာကွယ်ရေးစနစ်တိဆိုလည်း အားကောင်းလာဖို့။ နောက်ပြန်လည်ထူထောင်ရေးကဏ္ဍတိမှာလည်းပဲ ပစ္စည်းဆုံးရှုံးစာရင်းတိကို ကျနော်ရို့ အချိန်နဲ့တပြေးညီ စနစ်တကျ ကောက်ယူနိုင်ရေ အတွက်ကြောင့် ပြန်လည်ထူထောင်ရေနေရာမှာလည်း အားသာချက်တိရှိမယ်။ ယင်းပိုင်အားသာချက်တိ ပြည့်ဝအောင် ဆောင်ရွက်ရေအတွက်ကြောင့် ဒေအလုပ်ရုံဆွေးနွေးပွဲလုပ်ရခြင်း ရလဒ်က များပါရေလို့ ကျနော်ပြောရခြင်းဖြစ်ပါရေ။”လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တေ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဆင့်သော ဌာနဆိုင်ရာတိကို ဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်လို့ စီမံခန့်ခွဲမှုတိ၊ ကြိုတင်သတိပေးချက်စနစ်နဲ့ အရေးပေါ်ကာလတုံ့ပြန်ဆောင်ရွက်မှုကဏ္ဍာတိမှာ ပိုမိုအားကောင်းလာအောင်လုပ်ဖို့ စီမံချက်တိနဲ့ လိုအပ်တေ ပစ္စည်းတိကူညီပီးနီရေလို့ ဆိုပါရေ။

“ADPC အဖွဲ့နဲ့လည်း ပူးပေါင်းပြီးကေ ကြိုတင်သတိပေးချက်စနစ်တိ ပိုမိုအားကောင်းလာအောင်ဆိုပြီးကေ မြို့နယ်အသီးသီးမှာ ဆက်တိုက် လေ့ကျင့်ခန်း ပြုလုပ်မှုတိ၊ ကြိုတင်သတိပေးချက်နဲ့ ပတ်သတ်တေ ပစ္စည်းတိ၊ Icon တိ၊ ဆက်သွယ်ရေးပစ္စည်းတိ ပံ့ပိုးပီးရေလုပ်ငန်းတကိုလည်း ပြုလုပ်ပီးရေ။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနဲ့ နားလည်မှုစာချွန်လွှာရေးထိုးထားပြီးကေ ဌာနရဲ့လိုအပ်ချက်တိနဲ့ ပေါင်းစပ်ပြီးတော့မှ အကျွန်ရို့ လုပ်ငန်းဆောင်တာတိ အများကြီးလုပ်နီပါရေ။”လို့ IOM ရဲ့အမျိုးသားအစီအစဉ်အရာရှိ ဒေါ်အေးသိမ့်သူပြောပါရေ။

စီမံချက်ရေးဆွဲနိုင်ဖို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတိ၊ နိုင်ငံတကာအဖွဲ့တိ၊ ပညာရှင်တနဲ့ ဆွေးနွေးလာတာဟာ အခုဆိုရင် ၅ ကြိမ် မြောက်ရှိလာဗျာလ် ဖြစ်ပြီးကေ ဒေနှစ် ၂၀၁၉ အောက်တိုဘာလမှာ အပြီးသတ်ရေးဆွဲပြီး ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြနိုင်ဖို့ ကြိုးပမ်းနီကတ်တယ်လို့ ဆိုပါရေ။

ဒီစီမံချက်တွေအကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရာမှာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်လာရေ ပဋိပက္ခတိကြောင့်လည်း ကြန့်ကြာမှုတိဖြစ်ပေါ်နီရေလို့လည်း ထောက်ပြကတ်စွာရှိပါရေ။

 431 total views,  1 views today