Arakan Yoma |

ရခိုင်ဒေသတွင်း မြှင့်တင်ဖို့ လိုအပ်နီရေ ခရီးသွားလုပ်ငန်းတိအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုယ်တိုင် ဦးဆောင်ပနာ အကောင်ထည်ဖော်လျက်ရှိနီရေလို့ ဟိုတယ်နုဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရပါရေ။

ခရီးသွားလုပ်ငန်းတိ တိုးတက်လာစီဖို့ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နီခြင်းလည်း ဖြစ်ပါရေ။

ယင်းကော်မတီမာ ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူထားပါရေ။ အတွင်းရေးမှူးအဖြစ် ဟိုတယ်နဲ့ ခရီးသွားမှုဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန် ကြားရေးမှူးနဲ့ တစ်ခြားပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်တိလည်း ပါဝင်ရေလို့ ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ်ညွှန် ကြားရေးမှူး ဦးရဲအောင်မိုးက ပြောပါရေ။

လက်ရှိ ဒေသတည်ငြိမ်မှုမှာ ပြည်နယ်၏ မြောက်ပိုင်းထက် တောင်ပိုင်းမှာ ပိုမိုကောင်းမွန်လျက်ရှိနီရေအတွက် သံတွဲ ၊ ဂွ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်ရို့ကို ပိုမိုဦးစားပီးပနာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့၊ ရှိရင်းစွဲကမ်းခြေတိကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ဖို့ရို့ကို လုပ်ဆောင်နီစော်လို့ ဆိုပါရေ။

ရခိုင်ပြည်နယ်ကို ခရီးသွားဝင်ရောက်မှုမှာ အထူးသဖြင့် တောင်ပိုင်းတွင် ငပလီနဲ့ မြောက်ပိုင်းတွင် မြောက်ဦးရို့ ဖြစ်ပါရေ။

၂၀၁၅ ခုနှစ်က စတင်ပနာ ရခိုင်ပြည်နယ်အတွင်းကို နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာခရေလို့ဆိုရဖို့ ဖြစ်ကေလည်း ၂၀၁၈ ခုနှစ်နဲ့ ယင်း နောက်ပိုင်းတိမှာ သိသိသာသာ ကျဆင်းလာခပါရေ။ ၂၀၁၉ ခုနှစ်မှာ ရခိုင်မြောက်ပိုင်းကို ခရီးသွားဝင်ရောက်မှုရေ လုံးဝကျဆင်းသည့်အနေအထားမှာ ရှိလာပြီး ၂၀၁၉ ခုနှစ်၏ ဧပြီနှင့် မေလရို့မာ ခရီးသွားဝင်ရောက်မှုရေ တစ်ဦးလေ့ မရှိလိုက်ပါယာ။

ယင်းအခြေအနေတိကို ပြန်လည် ထိန်းချုပ်လာနိုင်ရေး အခုပိုင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင် ဆောင်ရွက်လာခြင်းလည်း ဖြစ်ပါရေ။

 442 total views,  1 views today