ရိုးမရေဒီယိုမဂ္ဂဇင်း

သြဂုတ် ၁၄ ရက်။ ။ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ပို့ကုန်တင်ပို့မှု အခြေအနေဟာ လစဉ် မြင့်တက်လာနေကြောင်း ကုန်သွယ်ရေး ဦးစီးဌာန မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။

မြင့်တက်လာတဲ့ ပို့ကုန်မှာ ဂျင်းအစိုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပွဲတော်ရက်များနှင့် နီးစပ်လာတာကြောင့် အချိုရည်ထုတ်လုပ်ဖို့ လိုအပ်တဲ့ အဲဒီကုန်ပစ္စည်းကို ပိုမို တင်သွင်းလာကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးက ရေချိုငါးများ တင်ပို့လာနိုင်တယ်လို့လည်း ဆိုပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဆန်၊ ပဲအမျိုးမျိုးနှင့် တညင်းသီးအပါအဝင် နနွင်း၊ ရေထွက်ကုန်များ၊ ကုန်ချောပစ္စည်းတွေဖြစ်တဲ့ ဆီးယိုထုတ်များ၊ ကွေကာနှင့် လုံချည် စတာတွေကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၀၈၉၀၇ ဒဿမ ၁၆၇ ထိ ပို့ကုန်တန်ဖိုးရှိခဲ့ကြောင်း စခန်းရဲ့ ကုန်သွယ်မှု မှတ်တမ်းများအရ သိရပါတယ်။

 490 total views,  1 views today