အိန္ဒိယ-မြန်မာချစ်ကြည်ရေးအတွက် ကွန်ပျူတာများနှင့် လယ်ယာသုံးစက်များကို ရခိုင်ပြည်နယ်ကို လှူဒါန်းပေးအပ်

Arakan Yoma |

အိန္ဒိယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီးကေ အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွက် ကွန်ပျူတာတိနဲ့ လယ်ယာသုံးပစ္စည်းတစ်ချို့ကို စစ်တွေမြို့မှာဖော်ဆောင်ထားရေ အိန္ဒိယဆိပ်ကမ်းမှာ ဇွန်လ ၁၃ ရက်နိက အခမ်းအနားတစ်ရပ်ပြုလုပ်ပြီးကေ လှူဒါန်းလိုက်ပါရေ။

ရခိုင်ပြည်နယ်ထဲက လိုအပ်တေနေရာတိမှာ အသုံးပြုနိုင်ဖို့ ကွန်ပျူတာအလုံး ၄၀၊ စပါးရိတ်သိမ်းခြွေလှေစက် ၁၅ လုံးနဲ့ ထွန်စက် ၁၅ လုံးရို့ကို လှူဒါန်းခစွာဖြစ်ပြီးကေ အရင်နှစ်တိကလေ့ အခုပိုင် လယ်ယာသုံးပစ္စည်းတိ၊ နည်းပညာသုံးကိရိယာတိ လှူဒါန်းမှူတိရှိခပါရေ။

အခုပိုင်လှူဒါန်းရစွာရေ အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံကြား ပိုမိုကောင်းမွန်ရေ ဆက်ဆံရေးတစ်ရပ်ဖြစ်လာဖို့၊ လူငယ်တိ အလုပ်အကိုင် အခွင့်အလမ်းသစ်တိရရှိဖို့နဲ့ ရခိုင်ပြည်နယ်အတွက် ကောင်းမွန်ရေ ဖွံ့ဖြိုးတိုးတက်မှုတြိဖစ်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်စွာလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr.Saurabh Kumar က အခမ်းအနားမှာ ပြောဆိုခပါရေ။

အဆိုပါအခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတိ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr.Saurabh Kumar နဲ့ နှစ်ဖက်တာဝန်ရှိသူတိ တက်ရောက်ခကတ်စွာဖြစ်ပါရေ။

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ဆိုပြီးကေ အရင်ကလေ့  အခုပိုင် ပစ္စည်းတိသာမက ရခိုင်ပြည်နယ် စစ်တွေမြို့ကနီ ချင်းပြည်နယ်၊ ပလက်ဝနဲ့ အိန္ဒိယနိုင်ငံအထိ လားလာကူးသန်းနိုင်ဖို့ ကုလားတန်မြစ်ကြောင်းစီမံကိန်းအတွက်အသုံးပြုနိုင်ဖို့ သင်္ဘောတိကိုလေ့ လှူဒါန်းလျှက်ရှိပါရေ။

ယင်းကုလားတန်မြစ်ကြောင်း စီမံကိန်းကို ဒေဂုနှစ် ၂၀၁၉ ခုနှစ်မှာဗျာလ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရှိနီကြောင်းလည်း သိရပါရေ။

 510 total views,  1 views today