ကဘား

ထူး၊ ရိုးမရေဒီယို မဂ္ဂဇင်း

တစ်နီကုန်အလုပ်လုပ်လို့ ပင်ပန်းနွမ်းနီသူတိစွာ ညနေပိုင်းရောက်လို့ ရုံးဆင်းဗျာလ်၊ အလုပ်ချိန်တိပြီးကတ်ဗျာလ်ဆိုကေ တစ်ထောက်အပန်းဖြေအနားယူလို့ ဖြစ်ဖြစ်၊ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီးကေ ဒေသအစားအစာတေိဖြစ်ဖြစ် လားရောက်စားအသောက်ပနာ အချိန်ဖြုန်းလေ့ ရှိကတ်ပါရေ။

ရခိုင်ပြည်နယ်၏ မြို့တော်လေ့ဖြစ်၊ ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုလြေ့ဖစ်တေ စစ်တွေမြို့မှာတော့ ကဘားဆိုစွာ ဒေသတွင်းနာမည်ကြီး အစားအစာတစ်ခုဖြစ်ပါရေ။

“ကဘားဆိုစွာက ဟင်းသီးဟင်းရွက်အစုံပေါ့။ ပဲပင်ပေါက်၊ ကင်းစွန်းရွက်၊ ဂေါ်ဖီ၊ အသီးအနှံအစုံပေါ့။ ယင်းချင့်ကို အသားနဲ့ လုံးပြီးကြော်လှော် ပြီးရောင်းရစွာ။ ခေါက်ဆွဲဆိုကေခေါက်ဆွဲ။ ထမင်းဆိုကေထမင်းပေါ့။ ကိုယ်စားချင်ရေ အစားအစာနဲ့ ဝက်သားဆိုဝက်သား။ ကြက်သားဆို ကြက်သား။ ယပိုင် အရီးက ခွဲပြီးရောင်းစွာ။”

သူကတော့ကေ စစ်တွေမြို့မှာ ကဘားကို နှစ်ပေါင်း ၂၀ ကျော်ရောင်းချလာရေ အသက် ၅၉ နှစ်အရွယ် ဒေါ်မရှင်ပါ။ ဒေါ်မရှင်ကဗားဆိုင်ဆိုကေ စစ်တွေမြို့မှာ မသိရေလူ ရှားပါရေ။

သူရေအရင်က မုန့်တီနဲ့ မုန့်ဟင်းခါးလုပ်ငန်းကိုရာ လုပ်ကိုင်ခကေလေ့ အိမ်ထောင်ဦးစီးဆုံးပါးလားပြီးနောက်မှာ သား၊ သမီးတိရဲ့ ပညာရေးကတစ်ဖက် စားဝတ်နီရေးကတစ်ဖက် တာဝန်ပိလာရေအချိန်မှာ ယင်းလုပ်ငန်းနဲ့ အဆင်မပြေနိုင်ယာဖြစ်တေအတွက်ကြောင့် ကဘားကြော် ရောင်းချဖို့ အိုင်ဒီယာရခစွာလို့ ဆိုပါရေ။

“ယဉ်ကျေးမှုပြတိုက်အနားနဲ့ တစ်ခြားနရာတိမှာ ၄၊ ၅ တိုင်လောက်လုပ်ကတတ်တေ။ အရီးကျကေ နောက်ဆုံးပေါ့။ နောက်ဆုံးမှ ရောင်းဖြစ်စွာ။ သူရို့ ကဘားရောင်းခါအရီးက မုန့်ဟင်းငါး၊ မုန့်တီရောင်းရေ။ ကဘားကိုတော့ ၉၉ ခုနှစ်ကစလို့ရောင်းလာစွာ။ ကိုယ်ကဖောက်သည် မရခင် ၃၊၄၊၅ နှစ်လောက်တော့ ဒုက္ခခံခရရေ။ ဖောက်သည်ရလာရေအချိန်မှာ အဆင်ပြေလာရေ။ အခက်ခဲဆိုစွာကတော့ တစ်ရင်းပြီးကေ နောက်တစ်ရင်းရင်းဖို့ မရှိနိုင် ရှာရကြံရရေ။ သား၊ သမီးတိ ပညာသင်ဖို့ ပညာစရိတ်တိရှာရရေ။ ယင်းပိုင် အခက်ခဲပေါင်းစုံကြုံခရရေ။”

ကဘားဆိုတာက ရခိုင်ရိုးရာအစားအစာတစ်ခု မဟုတ်တေပိုင် ရခိုင်ပြည်နယ်ထဲမှာ စစ်တွေမြို့ကအပ တစ်ခြားမြို့တိမှာ ရောင်းချစွာက မရှိသလောက်ရှားပါရေ။

အသက်အရွယ်မရွီး အရွယ်သုံးပါးကြိုက်တတ်ကတ်တေ ကဘားကို မထိုးပိုင်းတိမှာ မရောင်းချကတ်တေပိုင် တယောက်ကလေ့ မိုးထပိုင်းတိမှာ စားသုံးလေ့ မရှိကတ်ပါ။

“ရခိုင်ရိုးရာအစားအစာတော့ မဟုတ်။ အိန္ဒိယအစားအစာပိုင်မျိုး။ မဆလာ၊ ငရုတ်မှုန့်တိပါရေ။  အိန္ဒိယအစားအစာရာဖြစ်တယ်။ ရန်ကုန်မှာဆိုရင် ပန်းသီးခေါ်တယ်။ အရီးရို့ ရခိုင်မှာဆို ကေကဘားလို့ နာမေကြီးလာစွာပေါ့။ စစောလည်း မစားကတ်။ ညပိုင်း ၆ နာရီ နောက်ပိုင်းဆိုရင် ညဥ့်အချိန်ထိပေါ့။ အလုပ်သမားတိ၊ အလုပ်ကလာသူတိ၊ အလုပ်မအားသူတိ ယပိုင်။ ပြီးကေ ထမင်းမစားချင် လူတိ ညဥ့်တိုင်ကေလာလို့ စားကတ်တယ်။ ထမင်းစားလို့ မကောင်း။ ဒေချင့် နည်းနည်းစားမယ်။ ယင်းပိုင် ပုံစံမျိုးတိ။ နောက်ပြီးအလုပ်လုပ်နေကတ်တယ်။ ဆီးခန်းတိက မှာကတ်တယ်။ အလုပ်မအားကတ်ကေ ပွဲတစ်ဆယ်၊ နှစ်ဆယ်မှာစားကတ်စွာရှိရေ။ အလုပ်တိ၊ ဘဏ်တိက ယင်းပိုင်။ ကမ္ဘောဇရို့၊ ရှေ့ဆောင်ဘဏ်ရို့က အပွဲနှစ်ဆယ်၊ သုံးဆယ်မှာစားကတ်စွာရှိရေ။ အလုပ်မအား။ အချိန်မရ။ ယင်းအချိန်တိမှာ မှာစားကတ်စွာ။” 

ရောင်းချရေ နေရာမှာလေ့ သူမ၏ စေတနာတိကြောင့် စစ်တွေမြို့ပေါ်က ဒေသခံဖောက်သည်တိ တိုးပွားလာရေပိုင် ပြည်မဖက်ကလာရေ ဧည့်သည်တိကတောင် မှာယူစားသောက်ကတ်စွာတိ ရှိရေလို့ ဆိုပါရေ။

“လူကြီးတိဆိုကေလေ့ လာကတ်တေ။ အော်ဒါတိလည်း အမြဲတမ်းလိုက်ပို့ရရေ။ အရင်ကလည်း ဒေမှာ တပ်ရင်းမှူးလုပ်ခစွာ ဗိုလ်မှူးတိ ဗိုလ်ချုပ်တောင်ဖြစ်နီကတ်ယာ။ သူရို့လာကေလည်း မရှင်ဆိုင်၊ မရှင်ဆိုင် ရှာပြီးကေ စားကတ်တေ။ ရန်ကုန်ကိုလည်း (ချိုင့်) ဆွဲကျိုက်တိနဲ့ မှာပြီးကေ ယူလားကတ်တေ။ ယပိုင်အားပီးကတ်တေ။ ဒေါ်မရှင်၊ စံရွှေမင်း(သားဖြစ်သူ) ဆိုရင် မသိလူတောင် မရှိဗျာလ်။ အခု နန္ဒလှိုင်(ဆိုင်ဝန်ထမ်း)ကြော်နီလို့ နန္ဒာလှိုင်လို့တောင် တစ်မျိုးနာမေကျော်နီယာအခု။ ယပိုင် ကြော်နီရေလူတိ နာမေ ကျော်ကြားလားကတ်တေ။”

စေတနာကောင်းလွန်းရေ သူမ၏အပြုအမှုတိကြောင့် ကဘားကြော်ရောင်းပြီးကေ သား၊ သမီးတိကို ပညာတတ်ဖြစ်အောင် သင်ပေးနိုင်ခရုံမကလို့ အခုဆိုကေ ဆိုင်ခွဲတိတောင် ဖွင့်ထားနိုင်ပြီးကေ သူကတောင် အနားယူချိန်ရနီပါဗျာလ်။

“မိတ်များလာရေ ဆိုင်ခွဲပီးရရေ။ သား၊ သမီးတိကလည်း ဘွဲ့ရကေလေ့ အလုပ်က မလုပ်ကတ်သလို့ သားကလည်း ခွဲပြီးကေ တစ်ဆိုင်ရောင်းရေ။ အရီးကတော့ ဘုရားတရားကယ်လို့ သူရို့တိ စားသောက်နိုင်ကတ်တေ။ အရီးမှာလည်း ဖဲသာရလို့ အိမ်တိဘာတိလည်း ဆောက်ရတယ်။ သားတိ၊ သမီးတိလည်းဘွဲ့ရလို့ အရီးကတော့ကေ အအီးချချမ်းနဲ့ နေနိုင်ခဗျာလ်။ ပုံမှန် ဖောက်သည်တိ ရထားဗျာလ်။ ဖောက်သည်မရခင်ကတော့ ဒုက္ခခံခရရေပေါ့။ ၄၊ ၅ နှစ်လောက်ကို။ အခုကတော့ ဖောက်သည်ရလို့ ရောင်းကောင်းလာယာ။ ပုံမှန်တော့ လည်ပတ်နီယာပေါ့။ တစ်ပွဲကို ၁၅၀၀ ရောင်းရေ။ ရောင်းကောင်းခါရှိရေ။ မိုးတွင်းဆိုတော့ ကောင်းရောင်းမကောင်း။ နီရာသီဆိုကေတော့ တစ်နိကို ၂ သိန်း၊ ၃ သိန်းဖိုးလောက် ရောင်းရရေ။”

အခုလက်ရှိမှာ အဆင်ပြေနီယာဆိုကေလေ့ အိမ်ထောင်ဦးစီးဖြစ်သူ ဆုံးလားပြီးနောက်ပိုင်း သား၊ သမီးတိ ဘွဲ့မရသိခင်က ဒေါ်မရှင်စွာ လောကဓံရဲ့ ရက်စက်မှုကို ကကောင်းခံခရသူပါ။ယကေလေ့ လောကဓံတရားရဲ့ ရက်စက်မှုကို သူမ၏ စေတနာတိ၊ အနစ်အနာတိနဲ့ အလဲထိုးနိုင်ခပါရေ။

သူမ၏ ကဘားစွာ တစ်ခြားသူတိကြားထင်ပေါ်ကျော်ကြားနေအောင်ဆိုရေ စိတ်ဓာတ်မျိုးနဲ့ မဟုတ်ဘဲနဲ့ စားသုံးသူတိ အမြဲတမ်း ပိုမိုပြီးကေ အရသာရှိအောင် ရောင်းချနိုင်ဖို့ ကြိုးပမ်းလိုသူတစ်ဦးလည်း ဖြစ်ပါရေ။

“ကဘားမှာတော့ ရန်ကုန်အသီးအနှံ မုန်လာဦးနီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်တိ အစုံထည့်ပီးရရေ။ ပြီးမှလည်း စားကောင်ရေပေါ့။ အသီးအနှံတိ အစုံထည့်ပေးရရေ။ အကြော်အလှော်မှာညှက်အောင် စားလို့ကောင်းအောင်ကြော်ပီးရရေ။ အဆင့်မြှင့်ပြီးကေ လုပ်မယ်ဆို တော့ ကြောက်တေ။ နည်းနည်းပဲ သုံးရေ။ ပူပူလောင်လောင်ချေဆောက်မယ်ဆိုရင်။ မသွီးပဲသုံးရေ။ သူ့မှာ ဂတ်စ်တိနဲ့ ကြော်လို့မကောင်းဘူး။ ဒေအရသာကလေ မီးပြင်းကေ မကျက်နိုင်။ တူးလားရေ။ အနံ့လည်းမကောင်း။ မသွီးနဲ့ ဆိုတော့ အကြော်ညက်ပြီး စားကောင်းစွာ။ မီးကလည်း စကားပြောရေ။ မသွီးနဲ့ကြော်စွာထက် ဂတ်စ်နဲ့ကြော်စွာက ကောင်းမကောင်း။”

အသက် ၅၉ နှစ်အရွယ်ဒေါ်မရှင်ရို့ မိသားစု၏ လက်ရာဖြစ်တေ ကဘားကြော်ကို လူတိကြိုက်ရရေ နောက်ကွယ်မှာလေ့ လျှို့ဝှက်ချက် တစ်ခုလည်း ရှိနီပါရေ။

“ကြက်ပြုတ်ရည်ပေါ့။ ယင်းအရည်ကို လူတိကြိုက်တယ်။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနဲ့ လှလှပပလုပ်ကေ သူရို့ တိကကြိုက်ကတ်တယ်။ သောက်ကတ်တေ။ စားကတ်တေ။ တစ်ခွက်ပြီးကေတစ်ခွက်။ နှစ်ခွက်တောင်းသူကတောင်း။ ယပိုင်တာင်းကတ်တယ်။ တောင်းကေ ပီးရေ။ အပြင်ကလည်း လာဝယ်စွာတိရှိရေ။ ယကေလေ့ မရောင်း။ ပီးလိုက်တယ်။ ပါဆယ်။ ဒေအလုပ်ကနေပြီးကေ သမီးတိသားတိ အဆင်ပြေရေ။ ပညာသင်လို့ ဘွဲ့ရကတ်တေ။ ကိုယ်ရို့ကလည်း အဆင်ပြေပြေ အိမ်ချေယာချေနဲ့ ဆောက်ရရေ။ ပြေပြေလည်လည်နီရရေပေါ့။”

ဒေါ်မရှင်ကတော့ အခုအချိန်မှာ အရွယ်ရလို့ အနားယူနီဗျာလ်ဆိုကေလေ့ သူမ၏ မိသားစုဘဝကို ပြောင်းလဲတိုးတက်ဇီခရေ ကျေးဇူးရှင် ကဘားကြော်ချေကို သူ့သား၊ သမီးတိရဲ့ အင်အားနဲ့အတူ တတ်နိုင်သမျှတော့ကေ စားသုံးသူပရိတ်သတ်တိအတွက် ကြိုးစားရောင်းချနီဖို့သိပါလတ်။

 543 total views,  1 views today