Arakan Yoma

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ နယ်စပ်မြို့ဖြစ်တေ မောင်တောမြို့မှာ သွီးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနဲ့ အခြားကူးစက်ရောဂါတိ ဖြစ်ပေါ်မှုကို ကာကွယ်နိုင်ဖို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်မှုတိ လုပ်ခရေလို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခရေ ဇွန်လ ၁ ရက်နိ သတင်းစဉ်မှာ ဖော်ပြချက်အရ သိရပါရေ။

ယင်းဒေသက ရပ်ကွက်နီထိုင်သူတိကို သွီးလွန်တုပ်ကွေး ရောဂါ ကာကွယ်နိုင်ဖို့ ဖုံး ၊ သွန် ၊ လဲ ၊ စစ် နဲ့ အဘိတ်ဆီးခတ်ခြင်းတိကို ကွင်းဆင်းသူတိက ဆောင်ရွက်ခကတ်စွာပါ။

ယင်းကွင်းဆင်းလုပ်ငန်းစဉ်ကို မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မောင်မောင်သိန်း က  ဦးဆောင်စွာဖြစ်ပြီး မြို့မ အနောက်ရပ်ကွက်၊ အလယ်ရွာ၊ ဒေါက်ရွာတိမှာ ကြိုတင်ကာကွယ်ရေးတိကို ဆောင်ရွက်ခကတ်စွာပါ။ ယင်းအပြင် မသွန်နိုင်ရေ ရီလှောင်ကန်တိကိုလေ့ အဘိတ်ဆီးခတ်စွာတိကိုပါ လုပ်ပီးခရေလို့ ယင်းသတင်းစဉ်ပါ ဖော်ပြချက်အရ သိရပါရေ။ 

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုနဲ့အတူဗျာလ် သွီးလွန်တုပ်ကွေး ကင်းဝီးရေး အားလုံးပူးပေါင်းဆောင်ရွက်ပီး လက်ကမ်းစာစောင်တိကို ဖြန့်ဝီခရေလို့ သိရပါရေ။

သွီးလွန်တုပ်ကွေးရောဂါစွာ ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်တေ ခြင်ကနီတဆင့် အကိုက်ခံရခြင်းဖြင့် အချေတိမှာ အတွေ့များရရေ ရောဂါတစ်ခုလေ့ ဖြစ်ပါရေ။ များသောအားဖြင့် အသက် ၃ လသား အရွယ်ကနီ ၁၅ နှစ်အရွယ်ကြား ဖြစ်တတ်ကတ်ပါရေ။ ခုနောက်ပိုင်းမှာတော့ကေ အသက် ၂၀ ကျော် အရွယ်တိမှာလေ့ တွေ့ရတတ်ပါရေ။ သွီးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ရေ ခြင်တစ်ကောင်စွာ သူရဲ့ ဥကနီတဆင့် နောက်မျိုးဆက် ၃ ဆက်အထိ ယင်းရောဂါပိုးကို ဆက်လက် သယ်ဆောင်နိုင်ရေလို့ ကျန်းမာရေးဦးစီးဌာန၏ အသိပညာပီး စာစောင်ပါ ဖော်ပြချက်အရ သိရပါရေ။

 407 total views,  1 views today