Arakan Yoma |

အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနဲ့ ယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေးအတွက် အကြိုတွိ့ဆုံဆွေးနွေးမှုတစ်ခုကို မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စုပေါင်းရုံးမှာ ပြုလုပ်ခကတ်ပါရေ။

လက်ရှိမှာ ယင်းပွဲတော် ဒုတိယအကြိမ် ကျင်းပဖို့ စီစဉ်နီကတ်စွာဖြစ်ပြီး ပထမအကြိမ်ကို အိန္ဒိယနိုင်ငံမာ ၂၀၁၈ နှစ်ကုန်ပိုင်းက ကျင်းပခကြောင်း သိရပါရေ။

နီရာဒေသအလိုက် ကွဲပြားနီကတ်တေ သက္ကမလူမျိုးရို့၏ စာပီ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာစကားတိကို မူရင်းပုံစံပိုင် တသားတည်း ဖြစ်အောင် ပြန်လည်ပေါင်းစပ်နိုင်ဖို့  ရည်ရွယ်ပြီးကေ ကျင်းပဖို့ ကြိုးပမ်းနီကတ်စွာ ဖြစ်တေလို့ သက္ကမတိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်တိက ပြောပါရေ။

“ဦးဇင်းတို့မှာဆိုလို့ရှိကေ အရှေ့သက်၊ အနောက်သက် ရခိုင်သမိုင်းမှာလည်း ရှိရေ။ တောက်လျှောက်။ ယင်းကဏ္ဍတိ နည်းနည်းကွဲပြားနီစွာ ရှိရေ။ ယင်းချင့်တိကို ပြန်ပေါင်းစပ်ဖို့။ ဘာသာစကားဆိုလည်း ယင်းအတိုင်းပဲ နေရာဒေသအလိုက် ကွဲပြားနီရေ။ ယင်းချင့်တိကို ဒစ်ရှင်နရီပိုင်ပုံစံမျိုး ပြန်ပြီးတော့ကေ ဖော်ဆောင်နိုင်အောင် မူရင်းဘာသာစကားအနီနဲ့သုံးဖို့၊ မူရင်းယဉ်ကျေးမှုအနီနဲ့သုံးဖို့ တစ်ခုတည်းဖြစ်အောင်ပေါ့။ ယင်းရည်ရွယ်ချက်ပါ။”လို့ ဦးဆောင်ဆရာတော် ဇောတိပါလ(သက္ကမ) က မိန့်ကြားပါရေ။

ယင်းကျင်းပဖို့ပွဲတော်မှာ ရခိုင်ပြည်နယ်အတွင်းနီထိုင်ကတ်ပြီးကေ ဒိုင်းနက်လို့ ခေါ်ဆိုကတ်တေ သက္ကမတိုင်းရင်းသားတိအပြင် အိန္ဒိယနဲ့ င်္ဘလားဒေ့ရှ်ရို့မှာ နီထိုင်ကတ်တေ သက္ကမလူမျိုးတိလည်း ပါဝင်ဖို့ ဖြစ်ပါရေ။

ဒုတိယအကြိမ်ကို မြန်မာနိုင်ငံထဲက သက္ကမတိုင်းရင်းသား အများဆုံးနီထိုင်လျှက်ရှိရေ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းကျားကျေးရွာမှာ ၂၀၂၀ အစောပိုင်းမှာ ကျင်းပနိုင်ရေး စီစဉ်နီကတ်စော်လည်း ဖြစ်ပါရေ။

တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ဦးဦးကျော်ဝင်းက”ကျနော်ရို့က ဒေကိစ္စကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေကနီတစ်ဆင့် ရခိုင်ပြည်နယ် အစိုးရဖွဲ့ကို တင်ပြပီးလားပါမယ်။”ဟု အဆိုပါနိ့က တွေ့ဆုံစဉ် သတင်းမီဒီယာများကို ဖြေကြားခပါရေ။

၎င်းရို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်တေအခါမှာ အစိုးရအပါအဝင် ညီနောင်တိုင်းရင်းသားတိကလည်း ကာယအား၊ ဥာဏအားနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီကတ်ဖို့လည်း အိန္ဒိယနိုင်ငံက သက္ကမလူမျိုးတစ်ဦးဖြစ်တေ အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနဲ့ ယဉ်ကျေးမှုပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူး Dr. Jyodir Moy Chakma က ပြောဆိုတိုက်တွန်းရေလို့ ၎င်း၏ မြန်မာဘာသာပြန်ပီးသူက မီဒီယာတိကို ဖြေကြားပါရေ။

ယင်းနိက ပြုလုပ်တေ အကြိုတွိဆုံပွဲကို အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနဲ့ ယဉ်ကျေးမှုပွဲတော်ကျင်းပရေးကော်မတီဝင်တီ ဖြစ်တေ အိန္ဒိယနိုင်ငံမှ သက္ကမလူမျိုးတိအပါအဝင် တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတ်နေ ရခိုင်ဒေသခံသက္ကမတိုင်းရင်းသားရို့လည်း တက်ရောက်ခဲ့ကတ်ပါရေ။

သတင်းဓာတ်ပုံ – မေလ၂၁ ရက်နေ့ကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနှင့် ယဉ်ကျေးမှုပွဲတော်ဖြစ်မြောက်ရေး အကြိုတွေ့ဆုံပွဲ (ဓာတ်ပုံ – အောင်အောင်ထူး)

 429 total views,  1 views today