Arakan Yoma

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမူလာနှင့်အဖွဲ့သည် မေလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ လာရောက်လေ့လာခဲ့သည်။

ရောက်ရှိလာသည့်နေ့တွင်ပင် စစ်တွေမြို့နယ် ဘာဆာရာကျေးရွာသို့ သွားရောက်ကာ ဒေသခံ မူဆလင်များအား တွေ့ဆုံခဲ့သည်။

ထိုနည်းတူ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲနှင့် တွေ့ဆုံခဲ့သလို စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာရှိ မူဆလင်ဒုက္ခသည်စခန်းသို့ သွာရောက်ကာ ဒေသခံများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များအား မေးမြန်းခဲ့သည်။

မစ္စမူလာ ဦးဆောင်သည့် ကုလအဖွဲ့၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်မှာ ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကိုလည်း သွားရောက်မည်ဖြစ်ကာ မေလ ၉ ရက် ၁၄ ရက်နေ့ထိ ၆ ရက်တာ ကြာမြင့်မည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စု အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်းတွေ့ဆုံရန် ရှိကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

သတင်းဓာတ်ပုံ – လူသားချင်စာနာမူဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ စစ်တွေမြို့ ဒါးပိုင်ကျေးရွာရှိ မူဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ – အောင်အောင်ထူး)

 455 total views,  1 views today