လင်းဟိန်း ရေးသားပနာ 7 Days News ၏ Issue No.No.2001 Friday, December 7, 2018 မှာ ဖော်ပြလားခပြီးဗျာလ် ဖြစ်တေ ဒေဆောင်းပါးကို မူရင်းစာရေးသူနန့် မူရင်းသတင်းဌာနရို့၏ ခွင့်ပြုချက်နန့် Arakan Yoma မှာ ရခိုင်ဘာသာသို့ ပြန်ဆို၍ ဖော်ပြပါရေ။

အီးစိမ့်နီရေ ဆောင်းတွင်းကာလ နတ်တော်လဆန်းပိုင်းကို ရောက်လာဗျာလ်ဖြစ်တေအတွက် ပေါက်တော၊ စစ်တွေအနီးတစ်ဝိုက် နေထိုင်သူရို့ တတက်ကြွကြွဖြစ်နီကတ်ပါယာ။ ဆောင်းတွင်းရာသီမှာ ပင်လယ်လီ အအီးချေကို ရှုရိုက်ပနာ စိမ်းလန်းရေ တောတောင်သဘာဝအလှတရားတိ့ကို ခံစားရင်း ဘုရားဖူးလားဖို့အတွက် ဖြစ်ပါရေ။

နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း (ဒီဇင်ဘာလလယ်) လောက်မှာ ပုံမှန်ကျင်းပလေ့ရှိရေ မြေငူကျွန်းပေါ်မှာ တည်ထားရေ ဆံ တော်ရှင်ဘုရားပွဲကို လားရောက်ဖို့ စိတ်လှုပ်ရှားနီကတ်စွာပါ။ မြေငူကျွန်းမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဖရုံကာကျွန်းသုံးကျွန်းအထဲက လက်ဝဲအစွန်ဆုံးကျွန်းဖြစ်ပါရေ။ ဘင်္ဂလားပင်လယ်ဝ၌ တည်ရှိနေရေ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါရေ။

ဆံတော်ရှင်ဘုရားကို ဘင်္ဂလားပင်လယ်ဝရှိ ရေလယ်ကျွန်း ပေါ်မှာ တည်ထားရေအတွက် ဘုရားဖူးလားချင်လူတိ့မှာ စက် လှေ၊ အမြန်ယာဉ်၊ သင်္ဘောရို့ စီးပနာ လားရပါရေ။ စက်လှေစီးရင်း လမ်းတစ်လျှောက် မြစ်ပြင်ကျယ်ကြီးတိ့နန့် တောင်တိ့ကြားထဲက ဖြတ်သန်းလားရရေအတွက် လမ်းတစ်လျှောက် အလှတရားတိ့ကို ခံစားရဖို့စွာကတော့ သေချာပါရေ။

ယင်းဆံတော်ရှင်ဘုရားပွဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ ပွဲတော်တိ့ထဲမှာဆိုကေ အစည်ကားဆုံး ပွဲတော်တစ်ခုဆိုကေတောင် မမှားနိုင်ပါ။

ဆံတော်ရှင်ဘုရားပွဲကို စစ်တွေမြို့ကနီ အမြန်ရေယာဉ်၊ သင်္ဘောတိ့နန့် လားရောက်နိုင်ရေပိုင် နယ်ကျေးရွာတိ့ကလေ့သင့် စက်လှေတိ့နန့် လားလို့ရပါတယ်။ သဘာဝအလှတရားတိ့ကို ခံစားရင်း ဘုရားဖူးနိုင်ဖို့ မိုးထက် စစောသား မြူနှင်းတိ့ တဖွေးဖွေးကျနီရေ ဝေလီဝေလင်းအချိန် အိပ်ရာက ထပနာ ပြင်ဆင်ကတ်ရပါရေ။

ပေါက်တောမြို့နယ်နန့် စစ်တွေမြို့နယ်အတွင်းရှိရေ ကျေးရွာအများစုက ဆံတော်ရှင်ဘုရားပွဲကို စက်လှေတိ့နန့် နှစ်စဉ်နှစ်တိုင်း လားရောက်ကတ်ပါရေ။ အခြားမြေပုံ၊ မင်းပြားနန့် ရသေ့တောင်မြို့ နယ်အတွင်းက ကျေးရွာတချို့ကလည်း ယင်းပိုင် လားရောက်ကတ်ပါရေ။

ဆံတော်ရှင်ဘုရားကို လားရေ ဘုရားဖူးခရီးသည်တချို့မှာ ထမင်း၊ ဟင်းတိ့ အဆင်သင့်ချက်ပြုတ်ယူဆောင်လားပနာ စက်လှေထက်မှာ ဝိုင်းဖွဲ့ ပပျော်ပပါး စားသောက်ကတ်ပါရေ။ ဘင်္ဂလား ပင်လယ်ဝရှိ ဆံတော်ရှင်ဘုရားကို လားရေခါ ကစ္ဆပနဒီ (ခေါ်) ကုလားတန်မြစ်ကို ဖြတ်သန်းလားရပါရေ။

ဆံတော်ရှင်ကို လားရာလမ်း တစ်လျှောက်မှာ စက်လှေကြီး ငယ်တိ့နန့် ဝမ်းရေးအတွက် ငါးဖမ်းနီကတ်လူတိ့၊ ဘုရားဖူး စက်လှေတိ့ကို အစီအရီတွီ့နိုင်ပါရေ။ ဆောင်းတွင်းကာလဖြစ်တေအလျောက် မြစ်ပြင်မှာ မြူခိုး မြူနှင်းတိ့ကို တွီ့နိုင်ပနာ ခိုဖြူတိ့ ရခိုင်အခေါ် စိုင်းဒြားခွာတိ့၊ ရေပြင်လှိုင်းလုံးတိ့ကြားမှာ ပနံသင့်ပနာ ပျံသန်းအစာရှာနီကတ်စွာကိုလည်း မြစ်ကြောင်းတစ်လျှောက် တွေ့ရဖို့ဖြစ်ပါရေ။

ယင်းအပြင်  မြစ်ကြောင်း တစ်လျှောက် ထိုးထိုးထောင် ထောင်ထွက်နိရေ တောင်တန်းတိ့ကြားထဲက ဖြတ်ပနာ သဘာဝ အလှအပတိ့ကိုလည်း ခံစားကတ်ရဖို့ဖြစ်ပါရေ။ ဆံတော်ရှင်စေတီရှိရာ မြေငူကျွန်းစွာ ပေါက်တောမြို့ကနီ မိုင် ၃၀ ခန့် ကွာ ဝေးပနာ စစ်တွေမြို့က ဆိုကေ ၁၈ မိုင်ခန့် ကွာဝီးပါရေ။

စက်လှေနန့် လားပနာ ဆံတော်ရှင်စေတီတော်ကို မရောက်ခင် ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသားတိ့ နီထိုင်ရေ စိုးမဲကျီ ကျေးရွာဆိပ်ကမ်းကို အရင်ရောက်ဖို့ ဖြစ်ပါရေ။ စက်လှေက တဆင့် သမ္ဗန်ငယ်(ကူးတို့လှေ) တိ့နန့် ကမ်းထက်ကို တက်ရပါရေ။

စိုးမဲကျီရွာဆိပ်ကမ်းတစ်လျှောက် အအီးဆိုင်တိ့၊ အလှူခံမဏ္ဍပ်တိ့ကို တွီ့ရပါရေ။ ယင်းနေရာကနိတဆင့် ဆံတော်ရှင်စေတီဦး ရှိရာ နီရာကိုရောက်ဖို့ နှစ်မိုင်ကျော်လောက် ခကျင်လျှောက်ပနာ ခရီးဆက်ရဖို့ဖြစ်ပါရေ။ တောင်ကျော်တောလမ်းကို ဖြတ်ပနာ ဆက်လျှောက်ရဖို့ ဖြစ်ရေအတွက် တောင်တက်စွာမှာ လွယ်အောင်ဆိုပနာ ဝါးတုတ်ချေတိ့ ရောင်းနီရေ အချေသူငယ်တိ့ကိုလည်း တွီ့ရပါရေ။  တုတ်တစ်ချောင်းကို ၂၀၀ ကျပ်၊ ၁၀၀ ကျပ်နန့် ရောင်းနီကတ်စွာပါ။

တောင်တက်လမ်းတစ် လျှောက်မှာ ဘုရားဖူးလာကတ်တေ လူကြီး၊ လူငယ်၊ အချေအစ အရွယ်စုံကို တွီ့ရရေအပြင် ရဟန်းသံဃာတိ့ကိုလည်း တွေ့ရပါရေ။ ဘုရားဖူးလာကတ်လူတိ့ထဲမှာ အနီးတစ်ဝိုက်က လာကတ်တေ လူတိ့အပြင် ရန်ကုန်အပါအဝင် အခြားဒေသတိ့က လာရောက်ကြသူရို့လည်းပါဝင်ပါရေ။ နိုင်ငံခြားသားခရီးသွားတိ့ကလည်း လာ ရောက်လည်ပတ်ရင်း ဆံတော်ရှင် ဘုရားကို လားကတ်ပါရေ။

ယင်း တောင်တက်လမ်း တစ်လျှောက် ဘုရားဖူးခရီးသည်တိ့ အမောပြေ စားသောက်နိုင်ဖို့ ရေခဲချောင်း၊ မုန့်လက်ဆောင်း၊ အအေး၊ သကြားလုံး၊ အသုပ်ရို့ကို ရောင်းချနီကတ်တေ ဒေသခံ ခမီတိုင်းရင်းသားတိ့ကိုလဲ တွီ့ရပါရေ။

ယင်းလမ်းအတိုင်း မိနစ်စကေလောက် ခကျင်လျှောက်ပနာ ရေအပြည့် ဖြည့်ထားရေ ရေအိုးအလုံး ၁၀၀ ခန့်ကို တွီ့ရဖို့ဖြစ်ပါရေ။

ယင်းရေအိုးတိ့ကို အသက် (၈၀) ကျော် အဘွားအိုတစ်ဦးက လာရောက် လှူဒါန်းထားစွာပါ။ ယင်းအဘွားအိုမှာ သူ့မိဘ လက်ထက်ကတည်းက ဆံတော်ရှင်ဘုရားပွဲ အချိန်တိုင်း နှစ်စဉ် ရေလာရောက် လှူဒါန်းစွာယေ နှစ်ပေါင်း ၅၀ လောက်ရှိယာ ဆိုပါရေ။

နှစ်မိုင်ကျော်ခန့် ဝေးကွာရေ ယင်း တောလမ်းခရီးတစ်လျှောက် ခရီးသည်ပြတ်တေလို့ မရှိဘဲ အဆက်မပြတ် လားလာ နီကတ်စွာကို တွီ့ရပါရေ။ တချို့က မိသားစုနှင့်အတူ၊ တချို့မှာ သူငယ်ချင်းတိ့နန့် အုပ်စုလိုက်။ သူ့အုပ်စုနန့်သူ သသောင်းဖဖြ လားကတ်စွာပါ။ တေးခင်းအော်ဆိုလူက ဆို။ တစ်ယောက်နန့် တစ်ယောက် နတ်ယောင်ကားခံလူကခံ။ ယင်းပိုင်နမ့်ရာ ညောင်းဖို့ညာဖို့မရဘဲ ပျော်ဖို့ တဗျင်းကောင်းပါရေ။

တောင်ကိုးလုံးကို ကျော် ဖြတ်ပြီးမှရာ  ဆံတော်ရှင်စေတီ တော်ကို ရောက်တယ်လို့ အရင်က အရပ်ပြောစကားရှိခပါရေ။ ယေကေလေ့သင့် အခုချိန်မှာတော့ အရင်ကလောက် ခရီးမကြမ်းပါယာ။ စိုးမဲကျီဆိပ်ကမ်းကနီ တောင်လမ်းအတိုင်း တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးရေအခါ နိလပဗ္ဗတောင်ထက်မှာ တည်ထားရေ ဆံတော်ရှင်စေတီကို ရောက်ပါရေ။

ယင်းဆံတော်ရှင်စေတီတော်မှာ မြတ်စွာဘုရား ရခိုင်ပြည်ကို ကြွရောက်တော်မူခရေအချိန်အခါက နိလာပဗ္ဗတတောင်ထက်မှာ ရပ်တန့်ပနာ နဂါးရို့ တောင်းဆို ချက်အရ ဆံတော်နှစ်ဆူကို ပီးခပနာ နဂါးရို့က ယင်းဆံတော်နှစ်ဆူနန့် ဒေစေတီတော်ကို တည်ထားခစွာ ဖြစ်တေလို့ ဆိုပါရေ။

နဂါးရို့ တည်ထားရေ စေတီကို နောက်ပိုင်းမှာ အဆင့်ဆင့် ပြန်လို့ ပြင်ဆင်တည်ထားခရေ ဆိုပါရေ။

တောင်လမ်းကို ဖြတ်ပနာ စေတီရင်ပြင်ကို ရောက်လာရေအခါ ပွဲလမ်းသဘင်အခမ်းအနားတိ့က ကြိုဆိုနီကတ်ပါရေ။ ယင်းဘုရားရင်ပြင်မှာ ညအချိန် အအနားယူဖို့ ဝါးတိုင်ချေတိ့နန့် အခန်းဖွဲ့ပနာ ကောက်ရိုးနန့် အမိုးကာထားရေ ယာယီတည်းခိုခန်းတိ့မှာ တည်းရဖို့ ဖြစ်ပါရေ။ ညဇာဘက်အချိန်ဆိုကေ ပွဲလမ်းသဘင်အခမ်းအနားတိ့ကို ကြည့်ရဖို့ဖြစ်ပါရေ။

ပင်လယ်ထွက်ခရုမျိုးစုံနန့် လုပ်ထားရေ လက်ဝတ်ရတနာ၊ အချေကဇပ်စရာတိ့ ရောင်းချရေ ဆိုင်ခန်းတိ့ကိုလည်း တွီ့ရဖို့ဖြစ်ပနာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့ကောင်းပါရေ။

မိုးထက်သား အစောကြီး အာရုဏ်တက်ရေအချိန်မှာတော့ ဘုရားဖူးလာကတ်တေ လူတိ့စွာ စေတီတည်ဟိ့ရာ နိလာပဗ္ဗတ တောင်ထက်ကို တက်ပနာ ဆွမ်း၊ သစ်သီးရို့နန့် အရုဏ်ဆွမ်းကပ်လှူကတ်ပါရေ။ ပန်း၊ ရေချမ်းရို့လည်း ကပ်လှူကတ်ပါရေ။ ဘုရားဖူးဦးရေ များပြားလှရေအတွက် အရုဏ်ဆွမ်းကပ်လှူဖို့ကို အချိန်အကြာကြီး စောင့်ဆိုင်းကတ်ရပါရေ။

ဘုရားပေါ်မှာဆွမ်း၊ ပန်း၊ ရေချမ်းတို့ ကပ်လှူ အပြီးမှာ ပင်လယ်လေ အေးအေးချေကို ရှူရင်း ဘင်္ဂလားပင်လယ်အော်ထဲက ထွက်လာရေ နေမင်း၏ နံနက်ခင်း ဆည်းဆာအလှကို ခံစားကြရဖို့ဖြစ်ပါရေ။

ဘုရားတောင်ပေါ်က ဆင်းပနာ အရှေ့ကို မိနစ်စကေ့ချေလောက် လမ်းလျှောက်ကေ ဘုရားရှင် ကြွရောက်ခစဉ်အခါက ရပ်နားခရေ ခြေရာတော်ကို ရောက်ရှိဖို့ဖြစ်ပါရေ။ ခြေရာတော်မှာ ဒါနပြု ကုသိုလ်ပွားနိုင်ဖို့ဖြစ်ပနာ ယင်းခြေရာတော်နှင့် ကပ် ပနာ အရောင်အသွေးစုံလင်ရေ ပင် လယ်ခရုခွံတိ့နန့် အလှဆင်ထားရေ ကမ်းခြေရှိပါရေ။

ကမ်းခြေ အနီးတစ်ဝိုက်ရှိရေ ကျောက်ဆောင်ကျောက်တန်းတိ့နန့် သဲသောင်တိ့ကလည်း သဘာဝအလှတရားကို ပိုပနာ အားဖြည့်ထားပါရေ။ ယင်းကမ်းခြေမှာ ရီကဇပ်ချင်ကေ ရီကဇပ်လို့ရပါရေ။ အိမ်အပြန်မှာ ရောင်စုံခရုခွံတိ့ကို ယူလားလို့လည်း ရပါသိ့ရေ။

ကမ်းခြေက အရှေ့ကို မိနစ်နဲနဲ ထပ်လျှောက်ကေ ဘုရားရှင်ကြွရောက်ရေအချိန်က တနားတပွေ နားခရေလို့ ဆိုကတ်တေ သိမ်တော်ရာကို ရောက်ဖို့ဖြစ်ပါရေ။ ယင်းနေရာမှာ သိမ်သမုတ်တိုင် ၊ စတူပါ စေတီချေတိ့ကို တွေ့မြင်ရဖို့ဖြစ်ပါရေ။

ဆံတော်ရှင်ဘုရားပွဲကို လွန်ခရေ နှစ်ပေါင်းများစွာကတည်းက အစဉ်အဆက် ကျင်းပခပနာ ရခိုင်ပြည်နယ်အနှံ့က ဘုရားဖူး ခရီးသည်ပေါင်း သိန်းချီလာရောက်ကတ်ပါရေ။ ယင်းဘုရားပွဲ ထူးခြားချက်မှာ တောင်တက်ရင်း သဘာဝအလှတရားတိ့ကို ခံစားနိုင်ဖို့ အခွင့်အရေးရရှိဖို့ဖြစ်တေအတွက် လားရောက်သင့်ရေ ပွဲတော်တစ်ခုဖြစ်ကြောင်း ပေါက်တောမြို့က ကိုကျော်ကျော်ခိုင်က ပြောပါရေ။

ယင်းပွဲတော်ကို ဆောင်းရာသီ၏ အအီးဆုံးကာလဖြစ်တေ ဒီဇင်ဘာမှာ ကျင်းပစွာဖြစ်တေအတွက် ဆောင်းရာသီ အရသာကိုလည်း အပြည့်အဝခံစားခွင့်ရဖို့ဖြစ်ပါရေ။ ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်းကနိ နတ်တော်လပြည့်နိ့အထိ တစ်ပတ်၊ ဆယ်ရက်လောက် ကျင်းပပါရေ။

 745 total views,  1 views today