အောင်​​ကျော်​ဝေ(စစ်​​တွေ)

ဝါကျွတ်​ဖို့ ပါးလာယာဆို​ကေ ရင်​ခုန်​တတ်​​တေအကျင့်​စွာ ​ဒေဂုထက်​ထိ မ​ပျောက်​နိုင်​သီး။ ဝါကျွတ်​ဖို့ယာလို့ စိတ်​မှတ်​လိုက်​စွာနန့်​ အတွင်းသန္တန်မာ ကပ်​ပါလာစွာက အရုပ်​ကြီးပါ​ဗျာလ်​။ အကျွန့်​ပိုင်​ စိတ်​ခံစားရမှုကို စစ်​​တွေသားတိုင်း ခံစားရဖို့ ထင်​ပါ​ရေ။ ဟုတ်​ပါ​ရေ။ စစ်​​တွေ မြို့မာ အရုပ်​ကြီးဆိုစွာ ဝါကျွတ်​သရုပ်​ပါ​ဗျာလ်​။ ဝါကျွတ်၊ တန်​​ဆောင်​မုန်း ပါးလာစွာနန့်​ အရုပ်​ကြီးထွက်​တတ်​စွာပါ။ ​ယေဒါ​လေ့ နှစ်​တနှစ် ​အတွက်​ အရုပ်​ကြီးကို ပထမဆုံးမြင်​ရစွာက ဝါကျွတ်​လပါမဟုတ်​လား။ ​ယေနန့်​ အရုပ်​ကြီးကို မြင်​​ကေ ဝါကျွတ်​ဖို့​ဗျာလ်​ ဆိုစွာ​ရေ စစ်​​တွေသား တိုင်း ရင်​ထဲမာ သိနီကတ်​ပါ​ရေ။

အကျွန်​ရို့ ရပ်​ကွက်​က ဝင်္ကဘာကွင်း၊ ဘုရားကြီးနားမာဟိနီ​ရေအတွက်​ အရုပ်​ကြီး ဇာနိစထွက်​ဖို့လဲဆိုစွာကို အယင်​ဆုံး သိရပါ​ရေ။ အ​ချေခါ မိဘတိက နက်​ဖန်​ခါ အရုပ်​ကြီးလည်​ဖို့ယာလတ်​ လို့ ​ပြောစွာနန့်​ ​ဒေနိကပင်​ အကျွန်​ရို့ တက်​ကြွနီကတ်​ပါယာ။ မိုးလင်းစွာနန့်​ ဘုရားကြီးကို ​​စော​စောလား၊ ပြီး​ကေ ​ဘောက်​ ​ဘောက်​ နန့်​ပင်​ ဘုရားရှိခိုး၊ အရုပ်​ကြီးထား​ရေ အခန်းနားကို လားလို့ ဝိုင်းကြည့်​ပါ​ရေ။ အယင်​ကခါဆို​ကေ အရုပ်​ကြီးကို ဝါးစိတ်​၊ ဝါးနှီးတိနန့်​ ရက်​လုပ်​ပနာ စက္ကူကပ်​၊ အဝတ်​ဝတ်​ထားပါ​ရေ။ လွန်​ခ​ရေ သုံးနှစ်(၂၀၁၅)​​လောက်​ကမှ အရုပ်​ကြီးစွာ ပလက်​စတိတ် ​ကော်​ရုပ်​ဖြစ်​လာပါ​ရေ။ အရုပ်​ကြီး တိုးတက်​ ​ပြောင်းလဲမှုပ​ယေ။

အကျွန်​ရို့ အရုပ်​ကြီးစွာ ဘာသာ​ရေးကို ရို​သေကိုင်းယှိုင်း​ရေ ပုဂ္ဂိုလ်​တိဖြစ်​ပါ​ရေ။ ဘုရားကြီးကနီ အရုပ်​ကြီး စထွက်​​ဗျာလ်​ဆို​ကေ ဘုရားကြီးဝကနီ ​ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ပူ​ဇေမိဆိုပျာ သုံး​ခေါက်​ရှိခိုးပါ​ရေ။ ပြီး​ကေ ​ဗဟိုဧစာတီရှိမာ​လေ့ ယင်းပိုင်​​ယှောင်​ ရှိခိုးပါ​ရေ။ ပြီးစွာနန့်​ ပတ်ဖို့ လမ်း​ကြောင်းတိအတိုင်း ဆက်​လို့လား​ရေ။ အလှူခံပါ​ရေ။

အရုပ်​ကြီးလည်​​ကေ အ​ချေတိ​တောင်​မက အကြီးတိ​လေ့ ​ပျော်​ကတ်​ပါ​ရေ။ အရုပ်​ကြီးကို မြင်​​ကေ ကြည်​နူးကတ်​ပါ​ရေ။ ကိုယ့်​အိမ်​ပါး ကျောင်းနားမာ အရုပ်​ကြီးလာက​ကေ ဝမ်း​မြောက်​ကတ်​​တေ။ ​ပြောရဖို့ဆို​ကေ အရုပ်​ကြီးကို မြို့ကလူတိုင်း ခင်​မင်​နှစ်​သက်​ကတ်​တေ။ အ​ချေတိ ဆို​ကေ အရုပ်​ကြီးကို ကိုင်​ကြည့်​ချင်​ကတ်​​တေ။ ​ယေ​လေ့ အရုပ်​ကြီးကိုက်​ဖို့​ကြောက်​လို့ တ​ယောက်​​လေ့ အနားမကပ်​ဝံ့ကတ်​ပါ။ အရုပ်​ကြီး​ရေ ဝါကျွတ်​၊ တန်​​ဆောင်​မုန်း လပြည့်​နိတိခါ မြို့လုံးကျွတ်​ ဆွမ်း​တော်​ကြီး​လောင်းဖို့အတွက်​ မြို့ပတ်​လို့ အလှူခံပီးပါ​ရေ။ လပြည့်​နိမကျခင်​ နှစ်​ပတ်​ ​လောက်​ကပင်​ပါ​လေ။

ဒေပိုင်​ အရုပ်​ကြီးလည်​စွာနန့်​ ပတ်​သက်​လို့ အကျွန့်​ဘဝမာ အမှတ်​တရ​ချေတခု ဟိခပါ​ရေ။ အကျွန်​ ​ခြောက်​နှစ်​သား(၂၀၀၀ ပြည့်​နှစ်​ ​လောက်​က) တတန်းတက်​နီခါပါ။ ဝါကျွတ်​လား၊ တန်​​ဆောင်​မုန်းလား မိန့်​ကျလားပါယာ။ ယင်းခါ အရုပ်​ကြီးလည်​​ရေ တရက်​မာပါ။ အကျွန်​​ရေ အရုပ်​ကြီးကြည့်​ဖို့ ဘုရားကြီးကို လားပါ​ရေ။ အရုပ်​ကြီးစွာ ဘုရားကြီး၊ ဧစာတီကို ရှိခိုးပြီး​ကေ မြို့ကိုပတ်​လို့ အလှူခံလားပါယာမလား​ယေ။ အကျွန်​​လေ့ အရုပ်​ကြီးကို ကြည့်​ ယင်း ကြည့်​ယင်းနန့်​ ​နောက်​ကလိုက်​ပါလားပါ​ရေ။ အရုပ်​ကြီးနားမာက အ​ချေတိရက်​ပတ်​ ဝိုင်းနီပါ​ရေ​လေ။ ဇာလို့ဆို​ကေ အရုပ်​ကြီး​ရောက်​​တေနီရာတိုင်းမာ အ​ချေတိ ဝိုင်းကြည့်​ကတ်​ပါ​ရေမလား။ ​ယေနန့်​ အကျွန်​စွာ အရုပ်​ကြီး​နောက်​က လိုက်​မှန်းမသိ လိုက်​နီ​ရေခါ ကြာလာစွာနန့်​ ဝမ်းဆာလာပါယာ။ အိမ်​ပြန်​ဖို့လို့ စိတ်​ကူးပြီး​ကေ အကျွန်​ ​ရောက်​နီ​ရေပတ်​ဝန်းကျင်​ကို လှည့်​ကည့်​လိုက်​ပါ​ရေ။ အကျွန်​မသိ။ ဇာနားကို​ရောက်​နီ​လေ အကျွန်​မသိပါယာ။

အကျွန်​​ရေ ​ကြောက်​လာ​ရေ။ ရင်​ထဲမာ ​ပြောပြဖို့မတတ်​​အောင်​ ​ကြောက်​လန့်​ခံစားလာရပါ​ရေ။ အကျွန်​အိမ်​ကို ဇာပိုင်​ပြန်​ရဖို့လဲ မသိပါ ယာ။ ဝမ်းက​လေ့ ဆာလာ​ရေ။ ရီတ​ပေါက်​​ချေဖြစ်​ဖြစ်​ ​သောက်​ပစ်​ချင်​​ရေ။ ယင်းအချိန်​မာ အကျွန်​ အမိကို ​အောက်​မိလာပါ​ရေ။ အမိ… အမိ ဇာမာ​လေ မသိပါ။ အမိနန့်​ တွိချင်​​ရေ။ ထမင်း​လေ့ ဝမ်းဆာ​ရေ။ ပတ်​ဝန်းကျင်​မာ “အရုပ်​​ကောင်​ကြီး ဂျီးပုံ… ဂျီးပုံ…”နန့်​ အယင်​ခါ ​ပျော်​ဖို့ ​ကောင်းခ​ရေ ပတ်​ဝန်းကျင်​စွာ အဂု ထိတ်​လန့်​စရာဖြစ်​လာ​ရေ။ ​ဒေအရုပ်​ကြီးနားမာ​လေ့ မနီချင်​ယာ။ အိမ်​ကို လားချင်​​ရေ။ ထမင်းစားချင်​​ရေ။ ကိုယ်​နန့်​တူတူလာ​ရေ ​အေးမကို​လေ့ ရှာမတွိ။ ​ယေနန့်​ ​ပျော်​စရာ​ကောင်းနီ​ရေ ပတ်​ဝန်းကျင်​ထဲမာ အကျွန်​ ငိုချင်​လာ​ရေ။

“အမိ… အမိ ဇာနားကို​ရောက်​နီ​လေ…။ သားကို လာ​ခေါ်ခလိုက်​။ ​မေ​မေ… ဝမ်းဆာ​ရေ…။ အီး… ဟီး…ဟီး…။ အီး… ဟီး…ဟီး…။”

အကျွန့်​ရင်​ထဲက ဝမ်းနည်းခံစားမှုတိစွာ ငိုသံနန့်​တူတူ အပြင်​ကိုထွက်​လာ​ရေ။ အရုပ်​ကြီးနားမာလား​ဗျာလ်​ ငိုလို့လိုက်​နီ​ရေ အ​ချေ တ​ယောက်​ကို မြင်​​ရေခါမှရာ ​ဂေါပကအဖွဲ့က အခင်​ကြီးတ​ယောက်​က လာမိန်း​ရေ။ ကံ​ကောင်းချင်​စွာက ယင်း​ဂေါပကအဖွဲ့မာ အကျွန်​ရို့နန့်​ အိမ်​နားပါးချင်းအိမ်​က အခင်​ကြီးတ​ယောက်​ပါပါ​ရေ။ ယင်း အခင်​ကြီးက မြင်​ခါမှ “ယာ… မင်းဇာပိုင်​ပါလာ​လေ” မိန်းပါ​ရေ။ အကျွန်​က အမိပါးသို့လားဖို့လို့ ​ပြောပါ​ရေ။ ယင်း အခင်​ကြီးက အိမ်​ပြန်​လို့မရသီး၊ တနား​ကေ ထမင်းစားဖို့ ဘုန်းကြီး​ကျောင်းကို​ရောက်​ဖို့၊ ယင်းခါမှရာစားဖိ၊ ပြန်​ခါ ငါရို့နန့်​ တူတူပြန်​ရဖို့ ဆို​ဗျာလ်​ တိုးဂါရီထက်​မာ ထိုင်​နီခိုင်းပါ​ရေ။ ယင်း​ခေတ်​က အရုပ်​ကြီးလည်​​ကေ အသံချဲ့စက်​နန့်​ ဆိုင်းဝိုင်းတိကို တိုးဂါရီထက်​မာ တင်​လို့ လည်​ကတ်​ရပါ​ရေ။ ယင်းပိုင်​နန့်​ အကျွန်​​ရေ တိုးဂါရီထက်​မာ တက်​ထိုင်​၊ ဘုန်းကြီး​ကျောင်းတ​ကျောင်းမာ ထမင်းစား၊ ပြန်​ထွက်​လာ ကတ်​ခါ တိုးဂါရီထက်​မာ အိပ်​လို့လိုက်​၊ တမြို့လုံးပတ်​ပြီးလို့ ညဇာ​ခြောက်​ချက်​တီး​လောက်​ခါမှရာ အိမ်​ပြန်​​ရောက်​ပါ​ရေ။ ယင်းနိခါ အကျွန့်​ ကို ငိုနီယင်းနန့်​ သတ်​​တေ၊ ဖက်​နမ်း​ရေ၊ ရီချိုးပီး​ရေ အမိမျက်​နှာကို အကျွန်​တသက်​လုံး မမိန့်​နိုင်​ပါ။ ​ဒေဂုအချိန်​မှရာ ယင်းခါက အမိခံစားချက်​ကို နားလည်​လာပါ​ရေ။ ​ဒေဟင့်​​ရေ အရုပ်​ကြီးနန့်​ အကျွန်​နန့်​ ကြားက ဆက်​နွယ်​မှု​ချေတခုပါ​ယေ။

စစ်​​တွေမြို့မာ ဝါကျွတ်​၊ တန်​​ဆောင်​မုန်း လပြည့်​နိတိကျ​ကေ မြို့လုံးကျွတ်​ ဆွမ်း​တော်​ကြီး​လောင်းပွဲ ကျပါ​ရေ။ မြို့ထဲက ဝင်္ကဘာကွင်း တပတ်​စီ ဆွမ်း​လောင်းကတ်​ပါ​ရေ။ (ထိုးအယင်​ခါ သုံးရက်​တိတိ လောင်း​ရေလို့ ကြားဖူးပါယင့်​။) ယင်းဆွမ်း​တော်​ကြီး​လောင်းပွဲမာ အစိုးရ ဌာနဆိုင်​ရာအဖွဲ့တိ၊ သာ​ရေးနာ​ရေး အလှူသျှင်​အဖွဲ့တိ၊ ရပ်​ကွက်​အလိုက်​ အလှူအဖွဲ့တိ၊ မိသားစုတိ လာလို့ ဆွမ်း​လောင်းကတ်​စွာ စည်​စည်​ ကားကားနန့်​ ​ပျော်​ဖို့​ကောင်းပါ​ရေ။ ကိုယ့်​အဖွဲ့နန့်​ကိုယ်​ အလှူပစ္စည်းအမျိုးမျိုးကို ​လောင်းလှူကတ်​ပါ​ရေ။ ယင်းနိဆွမ်း​လောင်းပွဲမာ ပြည်​နယ်​၊ မြို့နယ်​ သံဃမဟာနာယက ​ထေရ်​ကြီးဝါကြီး ဆရာ​တော်​ဘုရားရို့အပါအဝင်​ တမြို့လုံးက ရဟန်းသင်္ဃာ အပါး ၅၀၀ ​ကျော်​ရို့ နန့်​ သီလသျှင် ​သူ​တော်​မရို့ ကြွ​ရောက်​ အလှူခံ​တော်​မူပါ​ရေ။ တမြို့လုံးက အလှူသျှင်​တိက​လေ့ ​စေတနာ သဒ္ဓါတရားထက်​သန်​စွာနန့်​ ​လောင်းလှူကတ်​စွာ​ရေ မြင်​ရလူအ​ပေါင်း စိတ်​ ကြည်​နူးချမ်းသာပြီး​ကေ ပီတိဝှန်​လို့ သာဓု​ခေါ်စရာပါ။ ယင်းမြင်​ကွင်းတိကို ပိုလို့​ပျော်​စရာဖြစ်​​အောင်​ ဖြည့်​ဆည်းပီးစွာက အကျွန်​ရို့ အဖိုးသျှင်​၊ အ​ဘောင်​သျှင်​လို့ တင်​စားကတ်​​တေ အရုပ်​ကြီး​မောင်​နှံပါ​ယေ။

ဆွမ်းခံကြွ​ရောက်​ကတ်​​တေ ဆရာ​တော်​အသျှင်​သူမြတ်​ရို့နန့်​ သီလသျှင်​ရို့​နောက်​မာ အရုပ်​ကြီး​မောင်​နှံ​လေ့ လိုက်​ပါ အလှူခံပါ​ရေ။ ဆွမ်း​လောင်းပွဲမာ ​ရောက်​ဟိနီကတ်​​တေ လူကြီး၊ အ​ချေ အားလုံးသူစွာ အရုပ်​ကြီးကို ချစ်​ကတ်​​တေ။ အကြီးတိက အ​ချေတိကို ​ခေါ်​ဗျာလ်​ အရုပ်​ကြီးကို ကိုင်​ကြည့်​ခိုင်းကတ်​​တေ။ အကျွန်​ရို့အ​ချေခါပိုင်​ ​ဒေဂုအ​ချေတိ​လေ့ အရုပ်​ကြီးကို ​ကြောက်​ကတ်​ပါ​ရေ။ ချစ်​​လေ့ ချစ်​ကတ်​ပါ​ရေ။ အရုပ်​ကြီးအနားကိုလား​ဗျာလ်​ မကိုင်​ဝံ့ ကိုင်​ဝံ့နန့်​ လားကိုင်​ပြီး​ကေ ထွက်ြ​ဗီးလာကတ်​​တေ အ​ချေတိကို ကြည့်​ရစွာ​လေ့ ကြည်​နူးစရာ ပုံရိပ်​​ချေပါ ​ယေ။ အရုပ်​ကြီး​လေ့ အ​ချေတိကိုမြင်​​ကေ ခန္ဓာကို ကိုင်း​ဗျာလ်​လုပ်​ပါ​ရေ။ ​ယေ​ကေ အ​ချေတိက ​ကြောက်​လို့ ​နောက်​ဆုတ်​ပါ​ရေ။ ​ယေ​ကေ ယင်းအ​ချေတိ အရုပ်​ကြီးနားကို ပြန်​မလာကတ်​လားဆို​ကေ​လေ့ မဟုတ်​ပါ။ ပြန်​လာကတ်​ပါ​ရေ။ ​ဒေယှင့်​ပါ​လေ။

အရုပ်​ကြီးကို အကြီး၊ အ​ချေ အားလုံးသူချစ်​ကတ်​ပါ​ရေ။ အရုပ်​ကြီးက​လေ့ အားလုံးသူကို ​မေတ္တာထားလီပါဖို့။ ဟုတ်​ပါ​ရေ။ အရုပ်​ကြီးစွာ ဘာသာ​ရေးကို အလီးပီး​ရေ။ ဘုရားတရားကို ရို​သေကိုင်းယှိုင်း​ရေ။ သာသနာအတွက်​ ထမ်း​ဆောင်​ပီး​ရေ။ မြို့သူပြည်​သားကို​လေ့ ​ဖြေ​ဖျော်​​ရေ။ အရုပ်​ကြီး​ရေ အကျွန့်​အမိအဖရို့ အ​ချေခါကပင်​ ဟိခပါ​ရေ။ ​ဒေဂုအချိနိထိ​လေ့ ဟိပါသီး​ရေ။ ​နောက်​ကာလာအများကြီးအထိ​လေ့ အရုပ်​ကြီးစွာ သာသနာ့တာဝန်​ကို ဖြည့်​ဆည်း​ဆောင်​ရွက်​ပီးနီဖို့ ​မျှော်​လင့်​ပါ​ရေ။

အရုပ်​ကြီးစွာ အကျွန်​ရို့အားလုံးသူတိအတွက်​ ထာဝရ အသက်​ရှင်​နီ​ရေ အဖိုးသျှင်​၊ အ​ဘောင်​သျှင်​ရို့ မဟုတ်​ပါလား​ယေ။ ။

 606 total views,  1 views today