ဇင်ထွန်း

မြန်မာ့ရိုးရာ စားစရာတိ့ထဲမှာ တစ်ခုအပါအဝင်ဖြစ်ရေ မုန့်သန်းကိုလုပ်ရေ အမျိုးသမီးသမီး တစ်ယောက်အကြောင်းကို ပြောပြပီးချင်ပါရေ။ သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ သက်ကယ်ပြင် ကျေးရွာမှာနေထိုင်ပြီး မုန့်သန်းလုပ်ရောင်းချ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေသူတစ်ယောက်ပါ။

ဒါ့အပြင် မုန့်သန်းက ရေငံတစ်ရိုး ပိုင်ကာစိုးပါရေ စောင်းတော်ရှင် ဦးရှင်ကြီး နတ်ကို ပူဇော်ပသရေအခါမှာလည်း အဓိက ပါဝင်ပါရေ။ မုန့်သန်းကို ဈေးကွက်ထဲမှာတော့ အလွယ်တကူ ဝယ်ယူလို့ ရနိုင်ကေလေ့ မုန့်သန်း အဆင့် ရောက်လာအောင် ပြုလုပ်ရစွာကတော့  အမှန်ပင် မလွယ်ကူလှပါ။ မုန့်သန်းကို အဓိက စပါးကနေ အဓိကပြုလုပ်တာ ဖြစ်ပါရေ။

ဒေါ်ဖြူလှစိန်ကတော့ စစ်တွေမြို့ထဲက ဈေးတိ့ထဲမှာ မုန့်သန်းတင်သွင်းရောင်းချသူဖြစ်ပါရေ။

“စပါးက လူများဘားကဝယ်ရေ။ လူများဘားက ထမ်းရေ။ ပြီးကေ ယင်းစပါးကို ရေမှာစိမ်ရေ။ နှစ်ညစိမ်ရေ။ နှစ်ညစိမ်ပနာ ထောင်းရေ။ ထောင်းပြီးစွာနန့် ရောင်းဖို့လုပ်ရေ။ မိန်းမချေ နှစ်ယောက်က ထောင်းရေ။ အရီးက လှော်ရေ။”

အမျိုးသမီးသုံးယောက်လောက်က ဒေမုန့်သန်းကို ဝိုင်းဝန်းလုပ်ကိုင်ကတ်ကေလေ့ ရလာရေ မုန့်သန်းကို ဈေးကွက်ထဲမှာ ပြန်ပနာ ရောင်းချချိန်မှာ မုန့်သန်းဈေးကွက်က ကောင်းကောင်းကြီးတော့ မကောင်းလှ။

“ဈေးနှုန်းက တစ်ဘူးကို ငွေကျပ်သုံးရာလေ။ တစ်တောင်းဆိုကေ ၁၂ သိုက် (၄၈ ဗူး) ပါရေ။ တစ်သောင်းရရေ။ ထင်းဖိုးဖယ်၊ စပါးဖိုးဖယ်လိုက်ကေတော့ စားဖို့သောက်ဖို့ အများကြီး မကျန်ယာ။ သုံးလေးထောင်လောက်ပဲ ကျန်ရေ။”

“ပင်ပန်းရေ။ လှော်ရေအခါလဲ ပင်ပန်းရေ။ ထောင်းရေအခါလည်း ပင်ပန်းရေ။ လှန်းစွာပါ။ ရောင်းစွာပါ။ ပင်ပန်းရေလေ။ စပါးလားထမ်းလာရစွာလဲ။ ပင်ပန်းရေ။ အားလုံး ပင်ပန်းရေ။ မုန့်သန်းထောင်းစွာ။”

ဒေအလုပ်က သူရို့အတွက် ကောင်း အဆင်ပြေရေလို့ မရှိပါဘူး။ လုပ်ရစွာ ပင်ပန်းသလို၊ ရရေငွေကလည်း နည်းပါးရေအတွက်ကြောင့် သားသမီးတိ့ စားဝတ်နေရေးအတွက် အခြားအလုပ်တိ့ကိုလဲ ကြုံကေကြုံရေပိုင် လုပ်ကိုင်နေရသူတိ့ ဖြစ်ပါရေ။

“အဆင်မပြေပါဘူး။ အဆင်မပြေလဲ လုပ်ရစွာပဲ။ အလုပ်မရှိတော့ လုပ်ရစွာ။ အခုအချိန်ဆို မုန့်သန်း မထောင်းရရေအတွက် ပန်းရံလုပ်ရေ။ မြို့ထဲမှာ အလုပ်လုပ်ရေ။ သမီးနှစ်ယောက်က ကျောင်းသူလေ။ သူရို့ ကျောင်းစာ မလိုက်နိုင်မှာစိုးလို့ အရီးက မြို့ထဲမှာ ပန်းရံ အလုပ်လုပ်ရစွာ။ ပန်းရံလဲ အဆင်မပြေကေ တောထဲမှာ ဟင်းသီးဟင်းရွက် ခူးရောင်းရေ။”

မုန့်သန်းဖြစ်လာဖို့က စပါးကို မီးဖိုထက်တင်ပနာ လှော်ရစွာဆိုခါ ပင်ပန်းရေပိုင် ထိခိုက်ဒဏ်ရာတိ့နဲ့လည်း ကြုံရရေအလုပ်လို့ ပြောလို့ရပါရေ။

မီးဖိုပေါ်က ကျကျချင်း စပါးအပူတိ့ကို ဆုံထဲထည့်ပနာ ထောင်းရစွာဖြစ်လို့ အပူလောင်စွာတိ့လဲ ရက်ပြတ်ရက်ပြတ် ကြုံရပါရေ။

“ထောင်းနေတုန်း စပါးကို လှန်ရေဆိုရင် လက်ကပူရေ။ စပါးကို လှော်ရတော့ လက်မောင်းက ညောင်းရေ။ အချေတိ့က ထောင်းရေဆိုခါ ညောင်းရေပေါ့။ လက်တိ့လဲပေါက်ရေ။ အခု ဆုံက ထောင်းနေတုန်း မုန့်သန်းကို လှန်ရေမလား၊ လှန်ရေအခါ သတိမထားရေအခါ လက်က ထောင်းဆုံ ညှပ်ပါလားတတ်ရေ။”

ဒေပိုင် မုန့်သန်းရောင်းချရင်း အသက်မွေးနေရေ ဒေါ်ဖြူလှစိန်ကတော့ သားသမီး လေးယောက်မိခင်ဖြစ်ပါရေ။ ကျောင်းနေအရွယ်တိ့ဖြစ်ရေအတွက် ကျောင်းစရိတ်နဲ့ စားစရိတ်ရှာရစွာကလဲ လွယ်ရေအလုပ်တော့ မဟုတ်ပါ။ တစ်ယောက်ထဲက မိသားစုဝင်ငွေအတွက် ရုန်းကန်ရပ်တည်နေရစွာ ဇာကြောင့်များပါလဲ။

“အလုပ်မလုပ်ဗျာလ်။ အဆင်မပြေ။ စိတ်မမှန်။ သူက အလုပ်လုပ်မရရေအတွက် အရီးတစ်ယောက်ထဲ သူရို့ကို လုပ်ကျွေးနေရရေ။ ပြောပြရင်တော့ အန်တီအလုပ်လုပ်နေရင်း နေမကောင်းဖြစ်ခဖူးရေ။ နေမကောင်းဖြစ်ကေ အခက်အခဲတိ့ အမြဲ ကြုံရရေ။ သူများဘားကနေ ချေးပြီးစားရရေ။ သားသမီးတိ့ကလည်း စာသင်ဖို့အတွက် ကျောင်းစရိတ် ယေကေ အကျွန်ရို့က သူများဘားကနေ  ယူရရေ။ အခက်အခဲတိ့ အများကြီး။”

“စာသင်ဖို့အတွက် အခက်အခဲရှိရေ။ စားဖို့သောက်ဖို့အတွက်လည်း အခက်အခဲရှိရေ။ ကျောင်းစာအုပ်တိ့ အတွက်လဲ အခက်အခဲတိ့ ရှိရေ။”

ယေကေလေ့သင့် သားသမီးတိ့ ရှေ့မှာတော့ မားမားမတ်မတ် ရပ်တည်ဦးဆောင်နေရေ သူ့ရဲ့ လိုအင်ဆန္ဒ တစ်ခုကတော့  –

“သားသမီးတိ့ကို အခု စာသင်ပီးနေရေ။ အရီးကလေ။ သားသမီးတိ့ကို လုံးဝ ကျောင်းကို နောက်မဆုတ်ဘဲ မရှိရှိစွာနဲ့ သင်ပီးဖို့ အားမရှိလဲ ရအောင် သင်ပီးချင်ရေ။

 699 total views,  1 views today