ရခိုင်ပြည်နယ်အတွင်းက လူငယ်တိ၏ ခေါင်းဆောင်မှုနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး  စရေ နယ်ပယ်အသီးသီးမှာ ပါဝင်ဆောင်ရွက်မှု စွမ်းဆောင်ရည်များ မြှင့်တက်လာနိုင်ဖို့ကို ရည်ရွယ်ပနာ Youth Camp အစီစဉ် တစ်ရပ်ကို ဖော်ဆောင်လားဖို့လို့ သိရပါရေ။

“အဓိကတော့ Youth Camp ပြီးလားလို့ရှိကေ ယင်းက လူ ၂၀၀ ၊ ၂၅၀ ကို ဒေမှာ ပါဝင်ဆွေးနွေး၊ သူရို့ကြားမှာ ရင်းနှီးမှုရ၊ ယုံကြည်မှုရ၊ ပြီးကေ ကျွန်တော်ရို့ ပတ်ဝန်းကျင်မှာ ပိုပနာ သဟဇာတဖြစ်အောင်ကြိုးစားကတ်တေ အစီစဉ်ပဲ ဖြစ်ရေပေါ့။ ယေလေ့သင့် Youth Camp ပြီးလားလို့ရှိကေ ယင်းကနေတော့မှ အလားအလာရှိရေ အယောက် ၃၀၊ အယောက် ၉၀၊ အယောက် ၆၀ ရွေးပနာ ကျွန်တော်ရို့ အခုနကပြောရေပိုင် နောက်တစ်ဆင့်ပေါ့။

အေချင့်ကတော့ Youth Camp ပြုလုပ်ရရေ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပနာ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ရေ လူငယ်အဝိုင်းအဝန်း ဒါရိုက်တာ ကိုစောထွန်းထွန်းက ပြောကြားခဲ့စွာ ဖြစ်ပါရေ။

ယင်းပိုင် အဆင့်ဆင့်တိ လုပ်ဆောင်လားနိုင်ဖို့အတွက်ကိုလည်း ဒီဇင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တိမြို့မှာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခပါရေ။

ဆွေးနွေးပွဲစွာ ဒေနှစ်အတွင်းမှာ UNFPA ၊ ဆွေသဟာ၊ GPS နဲ့ လူငယ်အဝိုင်းဝန်းရို့က ရခိုင်ပြည်နယ်အတွင်း ပူးပေါင်းလုပ်ဆောင်ဖို့ Youth Camp အစီစဉ်အတွက် အစိုးရအဖွဲ့တိ၊ လွှတ်တော်ကိုယ်စားလှယ်တိ၊ အရပ်ဖက်အဖွဲ့စည်းတိ၊ တိုင်းရင်း သားမျိုးနွယ်စု ခေါင်းဆောင်တိနဲ့ တွိ့ဆုံပနာတော့ ဆွေးနွေးခစွာလည်း ဖြစ်ပါရေ။

ဆွေးနွေးပွဲက ရရှိလာရေ အချက်တိအပေါ် မူတည်ပနာ မကြာခင်မှာ သင်တန်းတစ်ခု ဖွင့်လှစ်လားဖို့လေ့ ဖြစ်ပါရေ။

လူငယ်တိ ၏ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ကဏ္ဍပေါင်းစုံက သင်ကြားပေးဖို့ ယင်းသင်တန်းမှာ အနည်းဆုံး လူငယ် ၂၅၀ ခန့် အထိ သတ် မှတ်ပနာ ဆောင်ရွက်လားဖို့ ဖြစ်ရေလို့လည်း ဆိုပါရေ။

“ဒေ Skill ပေးရေ ကျွမ်းကျင်မှုသင်တန်းတိကို ဆက်လုပ်ဖို့ ရှိရေ။ နောက်ပိုင်း ရက် ၂၀ သင်တန်း၊ ၁၅ ရက်သင်တန်းရှိရေ။ ယင်းသင်တန်းတိ ပြီးလားကေ ပြန်လာကေ ဒေလူငယ်တိက သူ့ရပ်ကျေးရွာ၊ သူ့ရပ်သူ့ဒေသမှာ သူရို့ ဦးဆောင်ပနာလုပ်ဖို့ အစီစဉ်တိကို ကျွန်တော်ရို့ဘက်က နေပြီးတော့မှ နည်းပညာအရရော၊ ရံပုံငွေအရရော ပံ့ပိုးပီးပနာ ဆက်လုပ်ဖို့ ဖြစ်ရေ။” လို့ ကိုစောထွန်းထွန်းက ဆက်ပြောပါရေ။

ယင်း သင်တန်းကို ရခိုင်ပြည်နယ်အပြင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ စရေ ဒေသတိမှာလည်း ပြုလုပ်ပီးရေလို့ သိရပါရေ။

မတူညီရေအရာတိကို တစ်ဦးနဲ့ တစ်ဦး အသိမှတ်ပြုလေးစားပနာ တိုင်းပြည်တည်ဆောက်ရေးမှာ တတ်နိုင်ရေ အခမ်းကဏ္ဍကနီ ပါဝင်ဖို့ အရေးကြီးရေပိုင် လူမှုပတ်ဝန်းကျင်မျှတဖို့ လူငယ်တိက ဦးဆောင်မှ ဖြစ်ဖို့အတွက်တာနန့် ရခိုင်လူငယ်တိကို နွေးထွေးစွာ ကြိုဆိုကြောင်း လည်း ကိုစောထွန်းထွန်းက ပြောဆိုခပါရေ။

 420 total views,  1 views today