နိုဝင်ဘာ ၈ ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လာဖို့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အနက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တစ်ခုချင်းစီမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အနည်ဆုံးတစ်ဦးစီကို ပါဝင်ယှဉ်ပြိုင်ခိုင်းဖို့ စီစဉ်နီကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေက ပြောဆိုလိုက်ပါရေ။

“၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးသမီးကိုယ်စားလှယ်တိ ပါနိုင်အောင်။ ကျနော်ရို့ မြို့နယ်တိုင်းမှာ လွှတ်တော် သုံးရပ် အနက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တိမှာ မြို့နယ်တစ်ခုကို အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ် အနည်းဆုံး တစ်ယောက်လောက် ပါအောင်ထိ ကျနော်ရို့လုပ်ဖို့ စီစဉ်ထားရေ။”

လက်ရှိမှာ ရခိုင်ပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတိ့ရှိ မြို့နယ်တစ်ခုချင်းစီမှာ အောက်တိုဘာလကုန်ကို  အပြီးသတ်မှတ်ပနာ အမျိုးသမီးကိုယ်စားလှယ်တိ့ကို ရွေးချယ်ခဲ့ပြီး ယင်းကတစ်ဆင့် ခရိုင်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်မှာ ၎င်းရို့ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်လားဖို့ ဖြစ်ကြောင်း ဆိုရေ။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှာလည်း ပြည်ခိုင်ဖြိုးပါတီအနေနှင့် အမျိုးသမီးညီလာခံတစ်ရပ် ကျင်းပဖို့ စီစဉ်ထားပြီး ထိုသို့ စီစဉ်ထားရေ အတွက်လည်း ဂုပိုင် မြို့နယ်အလိုက် အမျိုးသမီးတိ့ကို ရွေးချယ်နီခြင်းလည်း ဖြစ်ရေ။

 437 total views,  1 views today