ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာ ၁၁ ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တောမြို့မှာ ရခိုင်နှင့် မူဆလင်အမျိုးသမီး အသိုက်အဝန်းနှစ်ခုက အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ နှစ်ရက်တာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ခု ပြုခကတ်ပါရေ။

မတည်မငြိမ်ဖြစ်နေရေ မောင်တောဒေသကို တည်ငြိမ်အောင် နှစ်ဖက်အမျိုးသမီးတိ့အနေနှင့် ဇာပိုင် ဆောင်ရွက်ရန် လိုအပ်ပုံ၊ ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် ပတ်သတ်ရေ အကြောင်းအရင်းတိ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု စရေ ကဏ္ဍတိ့ကို နှစ်ဖက်အမျိုးသမီးတိ့ ဆွေးနွေးခကြခြင်း ဖြစ်ကြောင်း ဆိုပါရေ။

ဆွေးနွေးပွဲသို့ တက်ရောက်ခရေ ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်ညိုအေးက “ဆွေးနွေးရေ ကိစ္စကတော့ ရခိုင်ပြည်နယ်ရဲ့ ချွတ်ခြုံကျနေရေ စီးပွားရေး၊ အခု မငြိမ်မသက်ဖြစ်နေရေ Public Area တိကို ငြိမ်လားအောင် သူရို့ဖက်က ဘာလုပ်ကြဖို့။ သူရို့မှာ မိန်းမအချင်းချင်း ပြောကြတာ။ ပြီးတော့ မိခင်နဲ့ ကလေးစောင့်ရှောက်မှု အားနည်းလာရေအခါ နှစ်ဖက်စလုံးမှာ ကြုံရဖို့ ကိစ္စတိ အမျိုးသမီးနဲ့ သက်ဆိုင်ရေ ကိစ္စတိလို့ ဆိုရဖို့။ အဲဒီလို ဆွေးနွေးကြတာ။”ဟု ပြောပါရေ။

အဆိုပါ ဆွေးနွေးပွဲကို ဒေသမတည်ငြိမ်မှုတိ့ရှိနေရေ အသိုက်အဝန်းနှစ်ခုကြားမှ မတူကွဲပြားရေ နှစ်ဖက် အမျိုးသမီးတိ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်၊ အမျိုးသမီးအချင်းချင်း လွတ်လပ်စွာတိ့ဆုံ အမြင်ချင်းဖလှယ် ပူးပေါင်း တိုင်ပင်နိုင်ရန်နှင့်  လူမူသဟဇာတဖြစ်မှုကို မြှင့်တင်နိုင်ရေ အမျိုးသမီးတိ့ဖြစ်ရန် စရေ ရည်ရွယ်ချက်တိ့ဖြင့် ကျင်းရခြင်းဖြစ်ကြောင်း သိရပါရေ။

ဆွေးနွေးပွဲသို့ ရခိုင်နှင့် မူဆလင်အမျိုးသမီးတိ့အပါအဝင် မောင်တောမြို့က ရခိုင်နဲ့ မူဆလင် အသိုင်းအဝိုင်းနှစ်ခုစလုံး၏ အခြေ အနေတိ့ကို လားရောက်လေ့လာနေရေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တိ့အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပီးအဖွဲ့ဝင် Mr.Roelof Meyer ဦးဆောင်ရေ အဖွဲ့နှင့် မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတိ့ တက်ရောက်ခကြောင်း သိရပါရေ။

ရခိုင်ပြည်နယ်မှာ ရခိုင်နှင့် မူဆလင် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း အသိုင်းအဝိုင်းနှစ်ခုကြား မတည်ငြိမ်မှုတိ့ ရှိလာခ ခြင်းဖြစ်ပြီး ယခုလို နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါရေ။

 365 total views,  1 views today