လူတရပ်ခန့်စာ မမြင့်ရေ တဲကုတ်သာသာ အိမ်အောက်မာ ကင်ဆီပရာနန့် ဒယောအဟောင်းကို ဝတ်ဆင်ထားရေ အရပ်ရရှည်၊ ပပိန္ပပါး အသက် ၆၀ အရွယ် အခင်တစ်ယောက်ရေ နပူပြင်းချိန်ဖြစ်တေ ညခင်း ၁ နာရီကျော်မှာ ချွေး ပြိုက်ပြိုက် ကျပနာ အဖြူရောင် ဆာလာအိတ်တခုထဲကို ရီသန့်ဗူးခွံတိကို စီစီရီရီ ထည့်နိန်ပါရေ။

သူကတော့ခါ ဆိုက်ကားနဲ့ ရီသန့်ဗူးခွံ၊ ပုလင်းခွံတိကိုကောက်ရေ ဦးစိန်မောင်လို့ လူသိများရေ စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်က အမျိုးသားတစ်ယောက်ဖြစ်ပါရေ။

ဦးစိန်မောင်စွာ ပြီးခရေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ရုတ်တရက် အကြောရောဂါဖြစ်ပြီးကေ ညာဘက်ခြီထောက် မသန်စွမ်းဘဝကို ရောက်ရှိခရပါရေ။

သူပိုင်ဆိုင်ရေဆိုက်ကားချေကို လက်နဲ့မနိုင်တနိုင်တိုးပြီးကေ စစ်တွေကမ်းနားလမ်းတလျှောက် လူငယ်တိ သောက်စားပနာ လွှင့်ပစ်ထားရေ ပုလင်းခွံ၊ ဗူးခွံတိကို လှည့်ပတ်ကောက်ယူပြီးကေ ရောင်းချပနာ သူအပါအဝင် မိသားစု ၈ ယောက်စလုံး စားဝတ်နီရေးအတွက် ဖြေရှင်းနီသူ တစ်ယောက်ဖြစ်ပါရေ။

“အခြီ နီမကောင်း ဖြစ်လားခရေ ခါ ဆိုက်ကားကိုလေ့ မနိုင်တနိုင် တိုးလားရပါရေ။” လို့ ယင်း မသန်စွမ်းဖြစ်နိန်ရေ ခြီထောက်ကို ကိုင်ပြပြီးကေ ပြောပါရေ။

အကြောရောဂါ ဖြစ်ရေအတွက်နဲ့ မိဘတိဘားက အမွီရထားရေ ခြံချေကို ရောင်းချပနာ ရလာရေ ဖေသာ သိန်း ၁၀ ကျော်နဲ့ ယင်းရောဂါကို စစ်တွေမြို့က အကြောဆရာဝန်နဲ့ ပြခရပါရေ။ ဖေသာအကုန်ကျခံလို့ ပြခကေ့လေ့ သူ့ခြီထောက်စွာ နဂိုအတိုင်းဖြစ်မလာခပါယာ။

ဦးစိန်မောင်စွာ သူ့မိသားစု စားဝတ်နီရေးအတွက် သူ့ဆိုက်ကားကို လက်နဲ့တိုးပြီးကေ ကမ်းနားလမ်းကို နိတိုင်း ညဇာဖက် ၃နာရီကနိန်စထွက်ပြီးကေ ရီသန့်ဗူးခွံနဲ့ ပုလင်းခွံ အလုံး ၂၀ လောက်ကို ဆိုက်ကားထက်မှာတင်ပနာ ညဉ့်ခါသား ၉ နာရီကျော်မှ အိမ်ကိုပြန်လာပါရေ။ ယင်းပိုင် ပုလင်းခွံ၊ ရီသန့်ဗူးခွံ အလုံး၂၀ လောက်ရကေ ဝင်ငွေ သုံး/လေးထောင် လောက် ရရေ လို့ ဆိုပါရေ။

တခါတရီ ရုံးပိတ်ရက်တိမှာ လူငယ်တိ ကမ်းခြေဘက်ကို အပန်းဖြီဖို့ ပုံမှန်နိရက်တိထက် အများကြီးရောက်တေအတွက် ရီသန့်ဗူးခွံနဲ့ ပုလင်းခွံ ၃၀ ခန့်လောက် ကောက်ယူ ရရေလို့ဆိုပါရေ။ယင်းပိုင်နိရက်တိမှာဆိုကေ ဦးစိန်မောင်စွာ ပျော်ရွှင်ပနာ အိမ်ကိုဝင်လာတတ်မြဲပါ။

ယေကေလေ့ ကိုဗစ်အခြေနီကြောင့် စစ်တွေကမ်းနားလမ်းကို ယာယီပိတ်ထားရေအတွက် ပုလင်းခွံ၊ ရီသန့်ဗူးခွံကောက်စွာကိုလေ့ ရပ်ထားခရရေအတွက် ဦးစိန်မောင်၏ မိသားစု စားဝတ်နီရေးအတွက် အခက်ခဲဖြစ်ခရရေလို့ဆိုပါရေ။

“ကမ်းနားလမ်းကိုပိတ်ထားခါက ဆိုကေကျွန်တော့်မိသားစု ကောင်းကောင်း အကျပ်အတည်းနဲ့ ခံလိုက်ရပါရေ။” လို့ ပြောပါရေ။

ကမ်းနားလမ်းကို အစိုးရက ယာယီပိတ်ထားရေအတွက် ဦးစိန်မောင်တစ်ယောက်တည်း အကျပ်အတည်းနဲ့ရင်ဆိုင်ရစွာမဟုတ်ပါ။ အခြား ဗူးခွံ၊ ပုလင်းခွံကောက်ရေလူတစ်ချို့လေ့ မိသားစုစားဝတ်နိန်ရေးအခက်အခဲနဲ့ ကြုံတွိ့ရစွာကို ကမ်းနားလမ်း ဗူးခွံ၊ ပုလင်းခွံကောက်ရေ အသက် ၃၅ နှစ်အရွယ် ဦးမောင်ဘုက ဆိုပါရေ။

“ကျွန်တော်က BXT ကမ်းနားလမ်းဘက်ကိုလည်း လားကောက်တေ။ ယကေလေ့ ယင်းဘက်ကကျကေ ဒေကမ်းနားလောက် ပုလင်းခွံမရ။ ဒေဘက္ကိုယာ အဓိကအားထားရစွာ။ ဒေဘက်ကိုပိတ်ပြီးကေ ရဲတိဘာတိအစောင့်ချထားကေ ကျွန်တော့်မိသားစု စားဝတ်နိန်ရေးအတွက် ကကောင်း အခက်ခဲဖြစ်လားရေ။ ” လို့ မြေဆီအိတ်အဖြူအကြီးတစ်လုံးကို လက်နဲ့ ကိုင်ထားပနာ ရပ်လို့ ပြောပြပါရေ။

ဦးမောင်ဘုမှာ သားသမီး ၃ ယောက်နဲ့ အိမ်ရှင်မတစ်ယောက် ရှိပနာ သားသမီးပညာရေးနဲ့ စားဝတ်နိန်ရေးအတွက် ပုလင်းခွံ၊ ဗူးခွံ ကောက်ပနာဝင်ငွေရှာနိန်စွာ ၅ နှစ်လောက်ရှိယာလို့ သိရပါရေ။

“ကျွန်တော်ရို့ပိုင် လူတိအများကြီးရှိရေ။ အမျိုးသမီးတိ အချေတိပါ။ ကိုဗစ်ကြောင့် ကမ်းနားလမ်းပိတ်ထားတုန်းကဆိုကေ အားလုံး ဒုက္ခရောက်လခကပ်တေပါ့ယေ။ ” လို့ မြေဆီအိတ်ကို နောက်ကုန်းမှာကျောပိုးတင်ထားပြီးကေ တဖက်လက်နဲ့ကိုင်လို့ လမ်းလျှောက်ပနာ ဦးမောင်ဘု ပြောပြပါရေ။

ဦးမောင်ဘုပိုင် ပုလင်းခွံ၊ ဗူးခွံကောက်ပနာ မိသားစုစားဝတ်နိန်ရေးအတွက် ဝင်ငွေရှာနိန်ရရေ ဦးစိန်မောင်မှာ အဂုပိုင် ပုလင်းခွံကောက်တေ အလုပ်ကိုမလုပ်ခင် ဆိုက္ကားကို နှစ်ပေါင်း ၃၀ ကျော်နင်းခရေလို့ ဆိုပါရေ။

၂၀၁၅ ခုနှစ်လောက်မှာ သုံးဘီးနဲ့ နှစ်ဘီးဆိုင်ကယ်တိ ပေါများလာရေအတွက် ဆိုက်ကားစီးသူမရှိရေအထိ နည်းလာရေအတွက် တစ်ရက်ကို ဝင်ငွေ သုံးထောင်လောက်ယာ ရယာဖြစ်လို့ မိသားစုစားဝတ်နိန်ရေးမဖုံလုံရေအတွက် ဆိုင်ကားဆက်မနင်းခပါ။ ယင်းနောက် ၂၀၁၅ ခုနှစ်လောက်မှာ စစ်တွေမြို့က NGO/INGO အဖွဲ့အစည်းတိမှာ လုပ်ကိုင်ရေ နိုင်ငံခြားသားတိ ငှားနိန်ရေ အိမ်မှာ သန့်ရှင်းရေးလုပ်ခပါရေ။

ယပိုင် သန့်ရှင်းရေးလုပ်လို့ တစ်လ ကို ဝင်ငွေ နှစ်သိန်းကျော်ရရေအတွက် မိသားစုစားဝတ်နိန်ရေးအတွက် အဆင်ပြေခပါရေ။ယင်းပိုင် သန့်ရှင်းရေးလုပ်စွာ ၅ နှစ်မြောက်ကို ရောက်လို့ ၂၀၁၉ ခုနှစ်မှာ ဦးစိန်မောင်အတွက် ကံဆိုးမှုတခု စပနာ ဝင်ရောက်လာခပါရေ။

ကိုဗစ်-၁၉လို့ခေါ်ရေ ကမ္ဘာ့ကပ်ရောဂါဆိုစွာ ကမ္ဘာအနှံ့မှာရှိရေ နိုင်ငံအများအပြားမှာ စလို့ကူးစက်လာခရေအတွက် ဦးစိန်မောင် သန့်ရှင်းရေးလုပ်ရေ အိမ်က နိုင်ငံခြားသားတိမှာလည်း သူရို့နိန်ရပ်ကို ပြန်လားခကပ်တေအတွက် ဦးစိန်မောင်မှာ အလုပ်လက်မဲ့ဘဝကို ရောက်ခရပါသိမ့်ရေ။ယင်းနောက်ပိုင်း ကိုဗစ်ကပ်ရောဂါအကြား အဂုပိုင် ဆိုက်ကားနဲ့ ပုလင်းခွံ၊ ရသန့်ဗူးခွံကောက်ရေ ဘဝကို ရောက်ရှိလခစွာဖြစ်တေလို့ ဆိုပါရေ။

“မိသားစုစားဝတ်နိန်ရေး၊ တဖက်မှာ အချေတိ ပညာရေး။ အိမ်မှာက ဆယ်တန်းတက်နိန်ရေ အချေတိလည်းရှိရေ။ ယချင့်ကို အဂု ပုလင်းခွံကောက်ပနာ ဝင်ငွေရှာဖြေရှင်းနိန်ရစွာ။”လို့ ဦးစိန်မောင်က ပြောပြပါရေ။

သားသမီး ၈ ယောက်ရှိစွာထဲက နှစ်ယောက်မှာ အိမ်ထောင်ကျလခပနာ ကျန် ၆ ယောက်ထဲမှာ မိသားစုစားဝတ်နိန်ရေးအတွက် ဖုံလုံအောင်ရှာကျွေးနိုင်လောက်တေ အရွယ်မရောက်သိမ့်လို့ လင်ဖြစ်သူ ဦးစိန်မောင်မှာ ခြီမသန်စွမ်းဘဝနဲ့ ငွေရှာနိန်ရစွာဖြစ်တေလို့ အိမ်ရှင်မဖြစ်သူ ဒေါ်လှယဉ်က ဆိုပါရေ။

“ကြားထဲ ကိုဗစ်ဖြစ်လခကေ ကမ်းနားလမ်းကို အစိုးရက ယာယီပိတ်ခစွာရှိရေ။ ယင်းခါကဆိုကေ ပုလင်းခွံတိမကောက်ရရေခါ စားဖို့မရှိ သောက်ဖို့မရှိဖြစ်ခရေ။ အိမ်ရှင်မကလည်း အိမ်မှာထမင်းချက်နိန်ရခါ အပြင်ထွက်လုပ်ဖို့အဆင်မပြေ။ သားသမီး ၈ ယောက်ရှိစွာမှာ အကြီး နှစ်ယောက်ကအိမ်ထောင်ကျလခလို့ အိမ်ကိုမထောက်ပံ့ပီးနိုင်ပါ့ယေ။” လို့ ဦးစိန်မောင်က ဆိုပါရေ။

ကမ်နားလမ်းတလျှောက် တခြား ပုလင်းခွံကောက်တေလူတချို့ရှိသိမ့်ရေအတွက် ဦးစိန်မောင်မှာ မိမိတယောက်တည်းရလိုစိတ်နဲ့ လောဘကြီး ကောက်ယူခစွာမျိုးမဟုတ်ဘဲ တနိတာအတွက်ဖုံလုံလောက်တေ ဝင်ငွေပမာဏရဖို့ ပုလင်းခွံနဲ့ ရသန့်ဗူးခွံကိုရကေ ယင်းနိအတွက် ရှေ့ဆက်မကောက်ဘဲ တခြားလူတိကောက်ဖို့ ချန်ထားခတတ်သိမ့်ကြောင်း ဦးစိန်မောင်က ပြုံးပနာ ပြောပြပါရေ။

ယင်းပိုင် ရီသန့်ဗူးခွံနဲ့ ပုလင်းခွံကောက်ပနာ မိသားစုစားဝတ်နိန်ရေးကို ဖြေရှင်းနိန်ရရေ လူဦးရေ မြို့တော်စစ်တွေထဲမှာ လက်ညိုးထိုးရေတွက်လို့ မကုန်နိုင်လောက်အောင်ရှိကြောင်း အသက်မပါရေ အပြုံးနဲ့ ဦးစိန်မောင်က ပြောပြပါရေ။

 275 total views,  1 views today