ArakanYoma

ပြည်မဘက်ကို အဓိကတင်ပို့နိန်ရေ ကမာကောင်မှာယူမှု အရင်ကထက် နည်းပါးလာစွာကြောင့် ရခိုင် ပြည်နယ်က ကမာကောင်လုပ်ငန်းလုပ်ကိုင်သူတိ အခက်ခဲတွိ့နိန်ကပ်ရပါရေ။


“ရောဂါတိကတမျိုး၊ စစ်ရေးကတမျိုးနဲ့ အဆင်မပြေ။ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေယာလို့။ ငွေအကြပ်အတည်းတိ ဖြစ်နိန်ရေ။ ကမာကောင်တိက ပုံမှန်တော့ ရနိန်ရေ။ အရင်ကပိုင်က မမှာနိုင်ကပ်ယာ။ နည်းလာရေပါ့။ ”လို့ ကိုခိုင်အောင်က ပြောပါရေ။


ရခိုင်ပြည်နယ်အတွင်းမှာဆိုကေ ကမာကောင်တိကို ရမ်းဗြဲမြို့နယ် အဝတောင်နဲ့ လက်ပံဒေသတိမှာ အဓိကနဲ့ တောင်ကုတ်နဲ့ အမ်းမြို့နယ် တပ်တောင်ဒေသတိမှာ အနည်းလုပ်ကိုင်ရရှိနိုင်စွာဖြစ်ပနာ အသက်မွီး ဝမ်းကြောင်းပြုသူတိကတော့ခါ ဒုံးကွန်မြစ်နဲ့ ပိုက်ဆိုက်တောင်ပေါ်မြစ်ရို့မှာ စက်နဲ့ ငုပ်ပနာ ဖမ်းယူကပ်ရစွာပါ။


“အကိုရို့ပို့စွာကတော့ မန္တလေး၊ မူဆယ်၊ လားရှိုး၊ ရန်ကုန်၊ စစ်တွေဖက်ကတော့ခါ အမှာအပြု နည်း ရေပါ့။ တခုနဲ့တခုချတ်ဆက်ပြီးပို့စွာ။ တစ်လမှာ ရောင်းအားက ၁၀၊ ၉ သိန်း၊ ၁၀ လောက်တော့ ထွက်တေ။ အရင်က သိန်း ၃၀၊ ၅၀ လောက်ထိ ထွက်နိန်စွာ။ အရင်နဲ့စာကေ အခုက ထက်ဝက် လောက်ယာ ထွက်နိန်စွာ။”


ရရှိလာရေ ကမာကောင်တိကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ မြဝတီ စရေ ပြည်မ ဘက်က မြို့နယ်အသီးသီးကို ကုန်ကားတိနဲ့တဆင့် ပို့ပီးစွာဖြစ်ပြီးကေ လက်ရှိမှာတော့ခါ နိုင်ငံရေး အခြေနိန်နဲ့ ကိုဗစ်ရောဂါရို့ကြောင့် မှာယူမှု အားနည်းနိန်ကပ်စွာ ဖြစ်ပါရေ။


ပြည်မဘက်က ကမာကောင်မှာယူမှု နည်းပါးလားရေအတွက် ရခိုင်ပြည်နယ်ထဲက မြို့နယ် တချို့ လောက်ကိုယာ ပို့ဆောင်နိုင်ယာဖြစ်ပြီးကေ တစ်ကောင်ကို ဖေသာ တစ်ထောင်ကျော်ရရှိခစွာကနိန် လက်ရှိ ကမာကောင်တစ်လုံးကို ဖေသာ ၇၀၀ လောက်ထိ ကျဆင်းလားရေလို့ အဆိုပါလုပ်ငန်းနဲ့ အသက်မွီး ဝမ်းကြောင်းပြုနိန်ရေ ကိုခိုင်အောင်က ပြောပါရေ။


ယင်းကြောင့် လုပ်ငန်းပုံမှန်လည်ပတ်နိန်ချိန်က တစ်လမှာ ကမာကောင်တင်ပို့ရောင်းချလို့ ဖေသာ သိန်း ၅၀ လောက်ဝင်ကေလေ့ လက်ရှိမှာတော့ခါ တစ်လကို သိန်း ၂၀ ဝန်းကျင်ယာဝင်ပြီးကေ လုပ်ငန်းအတွက် ကုန်ကျစရိတ်ကိုနှုတ်ကေ အမြတ်မကျန်လို့လည်း ဆိုပါတယ်။


“မှာရေလူက နည်းပါးလားပြီးကေ စျီးကလည်း ကျဆင်းလားရေ။ အရောင်းအဝယ်က မလိ်ုက်ယာ။ ဖေသာက မသုံးနိုင်၊ မဖြုန်းနိုင် ဖြစ်လခကပ်ခါ အရောင်းအဝယ်မလိုက်ဖြစ်လားရေ သဘောပါ့။”


အဝတောင်ကျေးရွာက ကမာကောင်လုပ်ငန်းကို အဓိကထားလုပ်ကိုင်နိန်သူတိဆိုစွာ အခုပိုင် လုပ်ငန်း ပုံမှန်မလည်ပတ်စွာကြောင့် မိသားစုစားဝတ်နိန်ရေးအတွက် အခက်အခဲအများကြီးရှိရေလို့ ကမာကောင်လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ငြိမ်းက ပြောပါရေ။


“လုပ်ငန်းကတော့ စနိန်ယာ။ ပစ္စည်းယူသူတိကိုယာ ကျနော်ရို့က ကြည့်နိန်ရစွာ။ ရန်ကုန်က ပစ္စည်း ယူမှ ကျနော်ရို့က ထုတ်ရစွာ။ အခုက သူရို့ တဖေ့ချေယာ ယူရေ။ ပွင့်ပွင့်လင်းလင်း ပြောရကေ တောင်ကုတ်ကယာ အများဆုံးယူယာ။ ယင်းဖက်က ကကောင်းမယူယာ။ တောင်ကုတ်က ကိုယ့်လူတိလောက်ယာပါ့ယေ။ ဗမာပြည်ဖက်ကတော့ခါ တဆင့်ခံယူလားတော့ မသိ။ ကျနော်ရို့ကတော့ တောင်ကုတ်ဖက်ကိုယာ မှီခို နိန်ရ စွာယာ။”


အဂုပိုင် ပွင့်လင်းရာသီမှာယာ အဓိက ဖမ်းယူရရှိရေ ဒေလုပ်ငန်းကို လက်ရှိမှာ မှာယူသူတိကလည်း ပြန်လို့ရာင်းချစွာမှာ အရင်ကပိုင် ဖေသာ မလည်ပတ်နိုင်စွာကြောင့် အဓိက လုပ်ကိုင်သူတိ လက်ထဲကို ဖေသာ မရောက်နိုင်စွာကလည်း စားဝတ်နိန်ရေး ထိခိုက်စီရရေ အကြောင်အရင်းထဲ ပါဝင်ပါရေ။


“ပြည်မဖက်က အဓိက မှာယူခစွာ။ မန္တလေး၊တောင်ညို၊ တောင်ကြီး။ ပြောရဖို့ဆိုကေ ယင်းဖက်က ကျနော်ရို့အတွက် အမှာတော့ နည်းလခရပါ့။ နောက်မှ များလာဖို့လား မပြောတတ်။ နိုင်ငံရေးကိစ္စတိရှိနိန်ရမေလား။ ယင်းကြောင့်နဲ့ ကျနော်ရို့က ယူဆစွာပါ့။ ကိုဗစ်ကလည်း ယလောက်ထိ ကြီးကြီးကျယ်ကျယ်က မဟုတ်ယာလေ။”


“ကျနော်ရို့ တစ်နှစ်လောက် အီးအီးဆေးဆေး ရပ်ထားလိုက်ရရေ။ အတိကျတောင် သတိမထားမိလိုက်ယာ။ တစ်ဖက်မှာလည်း ကိုဗစ်၊ တစ်ဖက်မှာလည်း နိုင်ငံရေးတိနဲ့ ဗမာပြည်ဖက်က လူတိမရောက်စတွိပါ့ယေ။ ယင်းချင့်တိပါ့။”


“စျီးကမရယာ။ အောက်ခြေဝယ်စျီးနဲ့ သူများတိ လာဝယ်ရစျေီးနဲ့က အထက်ကို ဖြန့်ရစျေီးနဲ့ ကျနော်ရို့က အမြတ်အစွန်းတဖေ့ချေယာ ရယာ။ ကျနော်ရို့ဘားမှာ ပစ္စည်းကလည်း ရှားလာယာ။ ရှားလာသလောက် မမြတ်နိုင်ဖြစ်လာရေ။”


ကမာကောင်လုပ်ငန်းပိုင် ရခိုင်ပြည်နယ်က ထွက်တေ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတိကို ပြည်မ ဖက်ကို တင်ပို့နိန်ကပ်ရစွာဖြစ်ပြီးကေ ကိုဗစ်ကြောင့်နဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာပါ ဒေလုပ်ငန်းတိ ထိခိုက်နိန်စွာတိ ရှိပါရေ။

 466 total views,  1 views today