ဒေးလီးစတား

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ဦးဆောင်ရေ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့စွာ သြဂုတ် ၁၁ ရက်နိ့က ရခိုင်မြောက်ပိုင်း အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လားရောက် ကြည့်ရှု ခကတ်ပါရေ။

ဒုက္ခသည်တိ့ကို မူလနီရပ် ပြန်ပနာ နီရာချထားဖို့အတွက် မြန်မာအစိုးရက ပြင်ဆင် ဆောင်ရွက်နီမှုတိ့ကို မျက်မြင်တွီ့ရှိဖို့ မောင်တောမြို့ အနီးအနား ကျေးရွာတိ့ကို လားရောက် လေ့လာခပါရေ။

ယေလေ့သင့် နီရပ်ပြန်လာဖို့ လူတိ့အတွက် နီရာချထားပီးကေလေ့ အဆောက်အအုံ နီရာစီစဉ်မှု အပိုင်းမှာတော့ တိုးတက်မှုတိ့က ကောင်းမဖြစ်စလောက်ရာ ဟိ့သိ့ကြောင်း ဒါကာနန့် ရန်ကုန်က သံတမန်တိ့က ပြောရေလို့လည်း သိရပါရေ။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီး Ali ကို နေရပ်စွန့်ခွာထွက်ပြီးသူ မြန်မာနိုင်ငံသားထောင်နန့်ချီ နီထိုင်ကတ်တေ ဆိုရေ မြန်မာနိုင်ငံဘက်ခြမ်းနယ်စပ်က “ နှစ်နိုင်ငံနယ်နမိတ်မျဉ်း” ကို ခေါ်ပနာ ပြခရေလို့လည်း သိရပါရေ။

သူရို့တိ့ကို ဘင်္ဂလားဒေ့ရှ်ဘက်က လူသားချင်းစာနာမှု အကူအညီတိ့ ပီးနီမှုတိ့ကို ရပ်ဆိုင်းဖို့နန့် ယင်းအစား မြန်မာဘက်က လူသားချင်းစာနာကူညီမှုတိ့ ပီးဖို့ ဆိုပနာ မြန်မာအစိုးရက တောင်းဆိုထားရေလို့လည်း ဆိုပါရေ။

ပြီးခရေ သြဂုတ် ၁၀ ရက်နိ့က နှစ်နိုင်ငံ အစည်အဝေးတစ်ရပ် ကျင်းပခပနာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်စွာမှာတော့ သက်ဆိုင်ရာက သဘောတူထားရေ ကတိကဝတ်တိ့ကို ဖော်ဆောင်ဖို့လိုအပ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ်နန့် မြန်မာအကြား သဘောတူထားရေ နီရပ်ပြန်လာဖို့ လူတိ့ကို ပြန်နီရာချထားရေးဆိုင်ရာ ကိစ္စတိ့ကို အယင်ဆုံး အရှိန်မြှင့်ပနာ ဖော်ဆောင်ဖို့ နှစ်ဘက်စလုံးက သဘောတူညီထားရေလို့လည်း သိရပါရေ။

ယပြီးနာ ပြန်လာကတ်ဖို့ ရှိကတ်တေ လူတိ့ကို စိစစ်အတည်ပြု ဖောင်တိ့ ကျကျယ်ပြပြန့် ထုတ်ပီးရေးဆိုင်ရာ နားလည်မှုတစ်ရပ် နှစ်ဘက်ကြား သဘောတူညီမှု ရခရေလို့လည်း ဆိုပါရေ။

ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကျန်ရှိနိသိ့ရေ လက်ခံရေးစခန်းတိ့ကို တည်ဆောက်ဖို့ကိလည်း နှစ်ဘက်ကြား သဘောတူခကတ်ပါရေ။ ပြန်လာဖို့ ရှိရေလူတိ့ဘက်က စိစစ်ရေးကတ် လက်မခံချင်ကတ်တေ ကိစ္စကို မြန်မာဘက်က တာဝန်ယူ ရှင်းပြပီးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခရေလို့လည်းသိရပါရေ။

ယင်းတွက် စိစစ်ရေးကတ် အကျိုးကျေးဇူးတိ့အကြောင်း ရှင်းပြဖို့ ကိုယ်စားလှယ်အဖွဲ့တိ့ ကော့ဘဇား ကမ့်တိ့ဘားကို မြန်မာဘက်က စေလွှတ်ပီးရဖို့လို့ သိရပါရေ။ နှစ်နိုင်ငံ နယ်စပ်ကြား “ နှစ်နိုင်ငံနယ်နိမိတ်မျဉ်း” ထက်မှာ လက်ရှိ နေထိုင်နီသူတို့ကို အယင်ဆုံး မူလနီရာကို ပြန်ပနာ နီရာချထားဖို့ လုပ်ဆောင်လားဖို့ နှစ်ဘက်ကြားသဘောတူခကတ်တေလို့ သိရပါရေ။

 422 total views,  1 views today