ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


အဖက်ဖက်ကနိမ့်ကျနီရေ မိမိရို့မျိုးနွယ်စုကို ပြန်လည်ကယ်တင်နိုင်ဖို့အတွက် မူရင်းနာမည်နဲ့ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု ထွန်းကားလာရေး ဒိုင်းနက် (ခ) သက္ကမလူမျိုးတိက ကြိုးပမ်းလာနီကတ်ပါရေ။


ဒိုင်းနက် (ခ) သက္ကမလူမျိုးတိစွာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တိမှာ နီထိုင်ကတ်ပနာ ရခိုင်မျိုးနွယ်စု (၇) မျိုးထဲမှာ ပါဝင်ရေ မျိုးနွယ်စုချေတစ်ခုလည်း ဖြစ်ပါရေ။


မြန်မာတစ်နိုင်ငံလုံးမှာမှ လူဦးရေအားဖြင့် လေးသောင်းကျော်လောက်ရှိပြီးကေ တောတောင်နဲ့ လယ်ယာ လုပ်ငန်းတိကို မှီခိုလုပ်ကိုင် စားသောက်နီရေ လူမျိုးစုတစ်ခုဖြစ်တေအလျောက် နိုင်ငံရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးစရေ ကဏ္ဍအသီးသီးမှာ နိမ့်ကျနီရေ လူမျိုးစုလည်း ဖြစ်ပါရေ။


ပါဠိဘာသာစကားစကားကိုပြောဆိုကတ်ပြီးကေ အစဉ်အလာအရ ဗုဒ္ဓဘာသာကိုးကွယ်ကတ်တေ သူရို့စွာ ကိုယ့်လူမျိုးအချင်းချင်း သက္ကမလို့ ခေါ်ဆိုကတ်ကေလည်း တခြားတိုင်းရင်းသားတိကတော့ ဒိုင်းနက်လို့ သိရှိကတ်ပါရေ။ မူရင်းအမည်ကတော့ သက္ကမဖြစ်ပြီးကေ လက်ရှိမှာတော့ မူရင်းအမည်ပျောက်နီရေလို့ ဦးစောမောင်ကြီးက ပြောပါရေ။


”ကျနော်ရို့အချင်းချင်း သက္ကမလို့ခေါ်ရေ။ ဒိုင်းနက်ခေါ် သက္ကမ။ ကိုယ်ရို့ကလည်း သက္ကမလို့ခေါ်ကတ်တေ။ ပြောကတ်တေ။ ကျနော်ရို့ ဇာအချိန်၊ဇာကာလကပင် သက္ကမကနီ ဒိုင်းနက်ဖြစ်လားလည်း ဆိုးစွာကိုတော့ ရာစုနှစ်ကိုတော့ ကျနော်ရို့ မသိ,,။


ဦးစောမောင်ကြီးစွာ ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ။ဒေကျေးရွာမှာ အိမ်ခြေ ၂၇၀ ကျော်နဲ့ လူဦးရေ ၁၄၀၀ ကျော်ရှိပါရေ။ ဒေကျေးရွာစွာ ရခိုင်လူမျိုးတိအများစုနီထိုင်ရေ ယိုးတရုတ်ကျေးရွာနဲ့ ကပ်လျက်ဖြစ်ပြီးကေ စစ်တွေဖက်က ဧည့်သည်တိ မိုးရာသီမှာ အပမ်းဖြေဖို့ လာရောက်လေ့ရှိရေ ယိုးတရုတ်မြောင်နဲ့အနီးကပ်ဆုံးရွာလည်း ဖြစ်ပါရေ။


သမိုင်းအထောက်အထားတိအရပြောရဖို့ဆိုကေ ရခိုင်ဘုရင်မင်းထီးလက်ထက် အရှေ့သက်လို့ခေါ်ရေ သက္ကမရို့၏ မစ္စဂီရိဒေသကို သိမ်းယူပြီးရေနောက် သက္ကမလူမျိုးတိကို အမ်း၊ ဒါးလက်ဘက်မှာ နယ်စားပီးပြီးကေ အနက်ရောင်ဒိုင်းကို အခွန်ပီးဆောင်စီခရာက ဒိုင်းနက်လို့ခေါ်ကတ်တေပိုင် နောက်တမျိုး ဒိုင်းလက်နက်ကို ကျွမ်းကျင်ရေသူတိဖြစ်တေအတွက် ဒိုင်းနက်လို့ ခေါ်ဝေါ်သုံးစွဲခစွာကစပြီးကေ ဒိုင်းနက်လို့ အမည်တွင်လာခစွာပါ။


စစ်တွေခရိုင် သက္ကမစာပေနဲ့ ယဉ်ကျေးမှုကော်မတီခေါင်းဆောင် ဦးကျန်သိန်းမောင်က နိုင်ငံတကာမှာရှိရေ သူရို့လူမျိုးတိနဲ့ ချိတ်ဆက်မှုရရှိနိုင်ဖို့ ကိုယ်ပိုင်အမည် သက္ကမလူမျိုးလို့ ခေါ်ဆိုသတ်မှတ်ဖို့လိုအပ်ပြီးကေ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှု တတ်စွမ်းသလောက် ဖော်ထုတ်လားဖို့လို့ ပြောပါရေ။


”ဒိုင်းနက်၊ သက္ကမလို့ခေါ်ရေ။ အရင်ကဆိုကေ စက္ကမနာမေဆိုပြီးရှိရေ။ ယင်းမူရင်းနာမေ ပပျောက်လားလို့ အခု မူရင်းနာမေရရှိအောင် ကိုယ့်မျိုးရိုးသက္ကမနဲ့ နိုင်ငံတကာမှာရှိရေ သက္ကမလူမျိုးနဲ့ ချိတ်ဆက်မှု ရနိုင်အောင်ဆိုပြီးကေ စာပေယဉ်ကျေးမှုတိ ဖော်ထုတ်တေ။ ရိုးရာစာပေရှိရေ။ ယဉ်ကျေးမှုရှိရေ။ ယင်းကဏ္ဍတိမှာ ငါရို့လူမျိုးစွာ အဖက်ဖက်ကနိမ့်ကျနီရေ။ တိုင်းရင်းသားလူမျိုးစုချေလည်း ဖြစ်တေ။ ဆင်းရဲစွာမှာလည်း ပထမ။ ဆင်းရဲနွမ်းပါးလို့ ပညာအရည်ချင်းလည်း မရှိ။ ပညာတတ်လည်း မရှိ။ ယင်းကြောင့် အဖက်ဖက်က နိမ့်ကျနီစွာတိကို ပြန်လည်ထူထောင်လာနိုင်အောင် ငါရို့စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တိက စည်းရုံးပြီးကေ နောင်လာရေ သားတော်မြေးတော်တိ နိုင်ငံတကာမှာရှိရေ ကိုယ်ရို့သက္ကမလူမျိုးတိနဲ့ ချိတ်ဆက်မှုရနိုင်အောင်၊ တခြားလူမျိုးတိနဲ့ တန်းတူလားနိုင်အောင် ရည်ရွယ်ပြီးကေ သက္ကမ စာပေယဉ်ကျေးမှုအဖွဲ့က ဖော်ထုတ်နီစွာ,,။


သက္ကမလူမျိုးရို့စွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရမ်ဂါမတီ စစ်တကောင်းတောင်တန်းဒေသ၊ အိန္ဒိယနိုင်ငံထဲက သြရာနတျာပရာဒေ့ရှ်၊ တြိပူရနဲ့ မီဇူရမ် ဒေသတိမှာလဲ နေထိုင်ကတ်ပြီးကေ မြန်မာနိုင်ငံက သက္ကမတိနဲ့ ကူးလူးဆက်ဆံမှု ရှိရေပိုင် ပြောဆိုရေဘာသာ စကားအသံ အနည်းငယ် ကွဲလွဲကေလည်း အတူတူပင် ဖြစ်တေလို့ ဆိုကတ်ပါရေ။


နိုင်ငံတော်ကလည်း သက္ကမအမည်နဲ့ ယဉ်ကျေးမှုနဲ့ စာပေကော်မတီတိဖွဲ့စည်းစွာကို အသိအမှတ်ပြုထားပြီး ဖြစ်တေပိုင် တိုင်းရင်းစာပေသင်ဖို့ ပညာရေးဝန်ထမ်းခန့်အားပီးထားပြီး ဖြစ်ကေလည်း ကိုယ်ပိုင်စာပေပြဌာန်း ရန်ပုံငွေလိုအပ်နီသေးရေလို့ အစိုးရဆီကို အကူညီတောင်းခံကတ်ပါရေ။


ဦးကျန်သိန်းမောင်က ”လောလောဆယ် အစိုးရပါးက ရန်ပုံငွေနည်းနည်းပါးပါးရနိုင်ကေ ပိုကောင်းဖို့။ စာပီထမြောက်နိုင်ရေးအတွက် ရန်ပုံငွေမရှိဖြစ်နီရေ။ စိတ်ကရှိရေ။ ကိုယ်ကမပါ။ Grade 1, Grade 2, Grade 3 ထိသင်နိုင်အောင်၊ နောင်လာဖို့သားချေ၊ မြိးချေတိ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ် နိုင်အောင် ရန်ပုံငွေက အဓိကလိုပါရေ,, ။လို့ ပြောပါရေ။


ရိုးရာဝတ်စားဆင်ယင်မှုအပိုင်းမှာက အမျိုးသားတိက အဖြူရောင်ကိုပင် ဝတ်ဆင်ကတ်ပြီးကေ ခေါင်းပေါင်းအဖြူကို ဘယ်ဘက်အစချ၊ အင်္ကျီ အဖြူနဲ့ ဒယော အဖြူကို ခါးတောင်းကျိုက်ပုံစံ ဝတ်ဆင်ခ ကတ် ပြီးကေ အမျိုးသမီးတိကတော့ ရင်ကပ်အင်္ကျီ၊ အပေါ်ရုံပုဝါနဲ့ ထဘီကို ဝတ်ဆင်ကတိပါရေ။ နောက်ပိုင်းမှာတော့ ဒေဝတ်စုံကို အခမ်းအနားတိရှိရေအခါမှရာ ဝတ်ကတ်ပြီးကေနောက်ပိုင်းမှာတော့ အဖြူသက်သက်အင်္ကျီပင် မဟုတ်ပဲ အမျိုးသမီးတိ၏ အဆင်အသွေးနဲ့ လိုက်ဖက်အောင် ဆင်တူပန်းကွက်ဖော်ပြီးကေ ဂျာကင်အင်္ကျီပုံစံမျိုးချုပ်လုပ် ဝတ်ဆင်လာကတ်စွာလဲ ရှိပါရေ။


သက္ကမအမျိုးသမီးတိက ငွေသားကိုပင် အဆင်တန်ဆာအဖြစ် သုံးစွဲကတ်ပြီးကေ ငွေဘယက်၊ ငွေခါးစည်းကြိုး၊ လက်ကောက်နဲ့ ခြေကျင်းတိကို ဆင်ယင်လေ့ရှိပါရေ။ ရွှေကိုတော့ ဘာသာရေးအရ အထွဋ်တမြတ် သုံးစွဲ ကတ်စွာဖြစ်လို့ ကိုယ်ခန္ဓာမှာ အလှဆင်ပစ္စည်းအနေနဲ့ မသုံးကတ်လို့ ပြောကတ်ပါရေ။ ​ဒေ ခေတ်မှာတော့ ငွေသား အဆင်တန်ဆာတိ မရနိုင်ယာဖြစ်တေပိုင် တန်ဖိုးလဲ မြင့်လာစွာကြောင့် ဆင်ယင်နိုင်စွာမရှိတော့ပါ။ တချို့ က ငွေသားဈေးနှုန်းမြင့်လာ​ရေအတွက် အဆင်တန်ဆာတိကို ရောင်းချလိုက်ကတ်စွာကြောင့် ပျောက်ကွယ်ရေပိုင် ဖြစ်လာနီရေလို့ ဆိုပါရေ။


သက္ကမတိုင်းရင်းသားတိအနေနဲ့ ပညာရေးမှာနိမ့်ပါးပြီးကေ ပညာတတ်မထွန်းကားစွာ၊ ဒေသဖွံ့ဖြိုးရေးအားနည်းပြီးကေ ဆင်းရဲမွဲတေစွာတိစွာ အမှန်အမည်ပျောက်နီပြီး​ကေ နိုင်ငံတကာမှာရှိစွာ သက္ကမတိနဲ့ ချိတ်ဆက်နိုင်မှု ပြတ်တောက်နီစွာကြောင့်လို့ ယူဆပါရေ။


အခုပိုင် နိုင်ငံရေးမတည်မငြိမ်မှုများပြီးကေ ကုန်ဈေးနှုန်းတိတက်နီချိန်မှာ သူရို့စွာလည်း တခြားသော အခြေခံလူတန်းစားတိပိုင် စားဝတ်နေရေးအခက်အခဲဖြစ်နီကတ်ပါရေ။ ရှင်တော်ကျေးရွာခံ အသက်(၃၃)နှစ် အရွယ် ဒေါ်မသန်းဌေးဆိုကေ လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးကေ ကုန်ဈေးနှုန်းတိတက်လို့ စိုက်ပျိုးလယ်မြေမှာ မြေသြဇာမထည့်နိုင်သေးပါ။


”အလုပ်က လယ်လုပ်​တေ။ လယ်လုပ်ရစွာကလည်း မြေဆီတစ်အိတ်ကို ၇ သောင်း။ နှစ်တိုင်းဝယ်နီစွာက ၃ သောင်းကျ။ ​ဒေ နှစ်မှာ ၇ သောင်း။ မြေဆီဇာပိုင် ကြဲရဖို့လဲ။ မြေဆီမကြဲကေ လယ်ပြင်ဇာပိုင် ဖြစ်လားဖိုလဲ စဉ်းစားကြည့်။ တခြားအလုပ်မရှိ။ဖျံဦးတူး။ လယ်လုပ်။ ဝါးတုတ်ချိုး။ စားဝတ်နီရေးမှာ ကုန်ဈေးတက်လို့ ကြပ်တည်းရေ။ ငါးပိမစုံဆားမစုံစားနီရရေ။ တောင်တက်မှ ထမင်းစားရရေ။ တောင်မတက်ကေ ထမင်းမစားရ။ ဝါးတုတ်ချိုးလို့လည်း ယောက်ျားတစ်ယောက်စွာ ၄၊ ၅ ထောင်ရရေ။ ဟိုချင့်ဖြစ်၊ ဒေချင့်ဖြစ်နဲ့ လူတိမလာကတ်။ ရောင်းမထွက်။ တစ်ထောင်ဖိုးကို ၃ သိုက်၊ ၄ သိုက်ပီးရရေ။ တသိုက်ကို ၂ ရာကျ။ဈီးမှာလည်း။ယင်းချင့် ဂွ ကျစွာ မနန်း ,,လို့ ဒေါ်မသန်းဌေးက ရင်ဖွင့်ပါရေ။


အများစုစွာ ရာသီအလိုက် သီးနှံစိုက်ပျိုးလုပ်ကိုင်ကတ်စွာရှိရေပိုင် မိုးဥတုမှာဆိုကေ တောင်ထက်တက်ပြီးကေ ဝါးတုတ်ချိုးစွာ၊ ဖျံဥ တူးစွာ၊ ဟင်းရှာ၊ ခရုကောက်၊ ထင်းခွတ် စွာတိကို လုပ်ကိုင်ကတ်ပနာ ရရှိလာရေ အသီးအရွက်တိကို ဈီးမှာရောင်းချပြီးကေ စားဝတ်နီရေး ဖြေရှင်းကတ်ရကေလည်း ဒေနှစ်မှာတော့ကျပ်တည်းမှုဒဏ်ကို ပိုမိုခံစားနီကတ်ရပါရေ။


အခုကြုံနီရရေ အခက်အခဲနဲ့ နိမ့်ပါးမှုတိကနီ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက သက္ကမဆိုရေ မူရင်းအမည်ကို အားလုံးက သိရှိပြီးကေ ခေါ်တွင်ကတ်ဖို့နဲ့ ကိုယ်ပိုင်စာပီကို ထွန်းကားလာအောင်လုပ်ရင်း နိုင်ငံတကာမှာရှိနီရေသူရို့လူမျိုးတိနဲ့ ချိတ်ဆက်မှုကိုရယူနိုင်ဖို့ကတော့ သက္ကမရို့၏ ကြီးမားရေ မျှော်လင့်ချက်တစ်ခု ဖြစ်နီပါရေ။

 584 total views,  1 views today