Arakan Yoma

ကိုဗစ်ရောဂါပိုး ကူးစက်ခံရရေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်းမာရေးကောင်းမွန်လျှက် ရှိနီရေလို့ ကျောက်တော် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက အတည်ပြုပါရေ။


ယင်းစစ်ဘေးရှောင်စခန်းမှာ အနံ့ပျောက်နီရေ ကိုယ်ဝန်လေးလရှိ အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ ၂၁ ရက်နိန့်က ကျန်းမာရေးဆီးးစစ်ချက်ယူရေခါ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း သိရ စွာ ဖြစ်ပါရေ။


ယင်းအမျိုးသမီး ကူးစက်ခံရပြီးရေနောက် စခန်းတွင်းက ဒုက္ခသည် ၂၀ လောက်မှာလည်း အနံ့ပျောက်နီ စွာကြောင့် သံသယလူနာအဖြစ် အနီးကပ်စောင့်ရှောက်ပီးထားပြီးကေ ၄ ရက်မြောက်နိန့်အထိ ကောင်းမွန်ရေ ကျန်းမာရေးအခြေအနေရှိရေလို့ သိရပါရေ။


တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းက ပညာဝ၊ ငစွေ၊ ပါချေ စရေ ကျေးရွာတိက အိမ်ထောင်စု ၉၅ စုခိုလှုံလျက်ရှိပြီးကေ အမျိုးသမီး ၂၇၂ ဦးနဲ့ အမျိုးသား ၂၅၉ ဦးရှိရေလို့ စခန်းခေါင်းဆောင် ကိုအောင်ကျော်ဝင်းက ပြောပါရေ။


ဒေ ဒုက္ခသည် ၅၀၀ ကျော်ရို့ စွာ ၂ နှစ်ကျော်ကြာမြင့်ခရေ ပြီးခရေ AA နဲ့ စစ်ကောင်စီ တိုက်ပွဲတိအတွင်း နီရပ်စွန့်ခွာနီထိုင်ကတ်သူတိပါ။ တချို့ကလည်း ရွာကို တချက် တဖြုတ် လားကြည့်စွာရှိရေပိုင် တချို့ကလည်း လုံးဝပြန်မလားကတ်သိပါ။


လက်ရှိမှာတော့ ထောက်ပံ့မှုစွာ မရှိသလောက်နည်းပါးနီပြီးကေ ICRC အဖွဲ့က လူတစ်ဦးကို ငွေကြေး ၁ သောင်းခွဲနှုန်း ထောက်ပံ့ရေ ငွေကြေးနဲ့ လောက်ငှမှုမရှိလို့ အပြင်ထွက်လုပ်ကိုင်ကတ်ကေလည်း ဒေကာလမှာ အလုပ်အကိုင်ရှားပါးစွာကြောင့် စားဝတ်နီရေးအဆင်မပြေလို့ ဆိုကတ်ပါရေ။


ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှု လျော့ကျလားယာဆိုကေလည်း ပြီးခရေ အပတ်အတွင်းမှာပင် သံတွဲနဲ့ ရသေ့တောင်က ကူးစက်ခံလူနာတချို့သီဆုံးစွာ ရှိခပါသိရေ။

 370 total views,  1 views today