ထူး အာရ်ကန်ရိုးမ

မြောက်ဦးဒေသကို ကမ္ဘာ့ ရှီးဟောင်းယဉ်ကျေးမှုအမွီအနှစ် (UNESCO) စာရင်းဝင်ရေးအတွက် အဆိုပြုလွှာ မူကြမ်းကို စက်တင်ဘာလအစောပိုင်းကပင် တင်သွင်းလိုက်ယာ ဖြစ်ပါရေ။

လက်ရှိမှာ ပီးပို့လွှာစွာ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးပါးက တဆင့် ကမ္ဘာ့အမွီအနှစ်ကော်မတီပါးကို ရောက်ရှိလားယာ ဖြစ်ပါရေ။


၂၀၁၉ ခုနှစ်ကပင် တင်သွင်းဖို့စီစဉ်ခရေ ဒေအဆိုပြုလွှာကို နယ်မြီဒေသ အခက်အခဲတိကြောင့် ရပ်တန့်ထားခရကေလည်း လက်ရှိမှာတော့ ပို့ဆောင်နိုင်ခယာဖြစ်ပြီးကေ အချောသတ်လွှာကိုတော့ လာဖို့ ၂၀၂၂ အစောပိုင်း ဇန်နဝါရီလအတွင်းမှာ ပီးပို့ရဖို့လည်း ဖြစ်ပါရေ။


ယင်းနောက် ယူနက်စ်ကို တာဝန်ရှိသူတိအနေနဲ့ တရားဝင်အကြောင်းကြားလို့ဖြစ်စီ၊ ရှောင်တခင်ဖြစ်စီ လာရောက်ပနာ ကွင်းဆင်းစစ်ဆေးဖို့ဖြစ်ပြီးကေ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်မှု ရှိ၊ မရှိကိုတော့ ၂၀၂၃ ခုနှစ်မှာ ကြေညာဖို့ ဖြစ်ပါရေ။


မြောက်ဦးမှာရှိရေ ဘိုးဘီး ယဉ်ကျေးမှုအခံစွာ ကောင်းမွန်ရေအတွက် ယူနက်စ်ကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွီအနှစ်အဖြစ် သတ်မှတ်ရေးအတွက် အလားအလာကောင်းရေလို့ ရှီးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောပါရေ။


”အလားအလာက အင်မတန်မှ ကောင်းရေမျိုးပါ။ အခင်းအကျင်းက တကယ့်ကို ဗင်းနစ်မြို့ရို့ပိုင်။ သူ၏ Criteria တိထဲမှာ ယဉ်ကျေးမှုအခံက တော်တော်လေးကို ကောင်းရေ။ ကာကွယ်ရေးစနစ်အနေနဲ့ နိုင်ငံတော်အနေနဲ့ ထူထောင်ခရေ စီပွားရေးလုပ်ငန်းတိ၊ စစ်ရေးကာကွယ်ရေး လုပ်ငန်းတိ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတိ၊ ယင်းတိက အင်မတန်မှ ထူးခြားရေ လက္ခဏာတိပေါ့။ ရီအသုံးချမှုတိ၊ ရောင်းဝယ်ဖောက်ကားမှုတိ ယင်းတိကလည်း အင်မတန်မှထူးခြားရေ တန်ဖိုးလက္ခဏာတိပါ။ နောက်ပြီးကေ ယင်းခေတ်မှာ အသုံးပြုခရေ ခံတပ်တိလုပ်ခရေ ပညာရပ်တိ၊ သာသနိကပိုင်းအနေနဲ့ဆိုကေလည်း ကျောင်းတိလုပ်ထားရေ ရှီးဟောင်းအဆောက်အအုံတိဆိုကေလည်း လက်ရာက ကောင်း ကောင်း ကောင်းပါရေ။ ရှားပါးပါရေ။ ကျောက်ဆစ်လက်ရာဆိုလို့ မြောက်ဦးမှာပင် ရှိပါရေ။ ယင်းချင့်တိက စံထားရရေ အင်မတန်မှ ကောင်းမွန်ရေ အမွီအနှစ်တိပါ။ ဒေအမွီအနှစ်တိကြောင့် အားလုံးကလည်း စိတ်ဝင်စားပါရေ။ ယဉ်ကျေးမှုတိကိုစိတ်ဝင်စားရေ လူတိပါ။ ယင်းချင့်ကတော့ အဂယင့်ကိုပင် စံရှားပါရေ။ ယင်းချင့်တိကို ထိန်းသိမ်းဖို့ရာ ကျနော်ရို့က ဆောင်ရွက်ပီးနီရေ,,။


နိုင်ငံအသိမှတ်ပြုအဆင့်ကနီ ကမ္ဘာ့ကအသိမှတ်ပြုရေအဆင့်ဝင်လာကေ မြောက်ဦးဒေသကို ယခင်ကထက် နိုင်ငံခြားသား ခရီးလားတိ ဝင်ရောက်မှုတိ များပြားလာခြင်းနဲ့အတူ ဒေသစီးပွားရေး၊ လမ်းပမ်းဆက်သွယ်ရေးနဲ့ သာယာလှပရေး၊ ရိုးရာလက်မှုပညာစရေ ကဏ္ဍပေါင်းစုံမှာ တိုးတက်လာရုံရာမက နိုင်ငံတကာ ပညာရှင်ရို့၏ အထောက်အပံ့တိလည်းတိုးလာဖို့ ဖြစ်တေလို့ တတ်သိပညာရှင်တိက ဆိုကတ်ပါရေ။


မြောက်ဦးစွာ မြန်မာနိုင်ငံ၏ အနောက်ဖက်မှာတည်ရှိပြီးကေ ရခိုင်ပြည်နယ်၏ မြောက်ဘက်အရပ်၌ တည်ရှိရေ ရှီးဟောင်းမြို့တော်တစ်ခု ဖြစ်ပါရေ။ မြောက်ဦးမှာ ဝေသာလီ စင်္ဒြမင်းဆက်စွာ ၄ ရာစုနှစ်က စပြီးအုပ်စိုးခစွာလို့ သမိုင်းတိအရ သိရပါရေ။ ယင်းမှာရှိရေ ရှစ်သောင်းဘုရားမှာ တွိ့ရရေ ခရစ်နှစ် (AD) ၈ ရာစုဦးက အာနန္ဒစင်္ဒြကျောက်စာအရ ယင်းမင်းဆက်၏ အစမှာ ဒေဝစင်္ဒြလို့ သိရပါရေ။


သက္ကရာဇ် ၁၄၁၃ မှာ ရခိုင်ဘုရင် မင်းစောမွန်က ရခိုင်နိုင်ငံတော်၏ မြို့တော်အဖြစ် တည်ထောင်ခပြီးကေ ၁၇ ရာစုအလယ်မှာ မြို့တော်က ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရွား၊ အိန္ဒိယနိုင်ငံရို့နဲ့ ကူးသန်း ရောင်းဝယ်ဖောက်ကားခပါရေ။ ဆန်စပါး၊ ခြည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှီးအကြိုင်တိကို ကူးသန်းခရေပိုင် တိုင်းတစ်ပါးသားရို့ကပါ အမှုထမ်းခကတ်တေလို့ သမိုင်းရို့က ဆိုပါရေ။


ပြီးခရေ စက်တင်ဘာလ ၆ ရက်နိန့်မှာ မြောက်ဦးမြို့တည်နှစ် ၅၉၁ နှစ်ပြည့်ခယာ ဖြစ်ပါရေ။ လက်ရှိမှာ မြောက်ဦးဒေသက ယဉ်ကျေးမှုအမွေအနှစ်တချို့ဖြစ်တေ တောင်တိကို ဘတ်ဟိုးနဲ့ဖြိုဖျက်ပြီးကေ မြီရောင်းစွာ၊ တချို့နေရာတိမှာ ကျူးကျော်ဝင်ရောက်ပြီးကေ ဘုန်းကြီးကျောင်းနဲ့ နီအိမ်တိ ဆောက်လုပ်စွာ၊ ရှိရေလို့ သိရပါရေ။


ဒေလုပ်ရပ်တိစွာ ယူနက်စ်ကိုစာရင်းဝင်ရေးကို အဟန့်အတားဖြစ်စီရုံမက သမိုင်းဝင်ယဉ်ကျေးမှုတိကိုပါ နောင်တချိန်မှာ မြောက်ဦးအတွင်း သမိုင်းအမွီအနှစ်တိ ရှိခရေဆိုစွာကို သက်သီပြစရာ မကျန်လောက်အောင် ဖြစ်လားနိုင်ရေလို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်နီသူတိက ပြောကတ်ပါရေ။


မြောက်ဦး ရှီးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက”သမိုင်းအမွေအနှစ် ပျောက်လာစွာ အဟန့်အတားက ယူနက်စ်ကိုလောက်ကို မလားကေ့အုံး နောင်တချိန်၏ သမိုင်းကြောင်းကို ပြဖို့၊ ပြောဖို့တောင် မကျန်ပါယာ။ ဒေ တောင်တစ်လုံးပျောက်လားကေ ​ဒေ တောင်တစ်လုံးစွာ ဒေ နေရာမှာ ​ဒေပိုင်ရှိခရေ။ ကာကွယ်ရေးအတွက်လို့။ ပြဖို့တောင် မပြောနိုင်။ ဂူဂဲလ်မြေပုံကပင် ဇာနှစ်ကတော့ ရှိခရေ။ ဇာနှစ်မှာတော့ မကျန်တော့ယာ။ ရှက်ဖို့ကောင်းရေ။ ကိုယ်ရို့လူမျိုးတိ မထိန်းသိမ်းစွာကြောင့်ပေါ့,,။လို့ ပြောပါရေ။


မြောက်ဦးခေတ် အထွတ်အထိပ်ကာလရောက်ချိန်မှာ ဒါကာနဲ့ စစ်တကောင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်၏ တစ်ဝက်၊ ယခုလက်ရှိ ရခိုင်ပြည်နယ်နဲ့ မြန်မာပြည် အောက်ပိုင်းတစ်ခွင်ထိ အာဏာစက် သက်ရောက်ခရေ အုပ်ချုပ်ရေးမြို့ဖြစ်ခပါရေ။


ယင်းခေတ်မှာ ရခိုင်ဘုရင်ရို့က ရခိုင်စကားလုံး အာရဗီစကားလုံးနဲ့ ဘင်္ဂလီစကားလုံးတိပါဝင်ရေ ဒင်္ဂါးတိကို ခတ်နှိပ် သုံးစွဲခကတ်ပနာ မြောက်ဦးမှာ ဘုရားပုထိုးတိနဲ့ သာသနိက အဆောက်အဦများစွာ တည်ဆောက်ခကတ်ပါရေ။


ထင်ရှားရေ စေတီပုထိုးမှာ သျှစ်သောင်းပုထိုးတော်ကြီးဖြစ်ပြီးကေ ဆင်းတုတော် ၈၀၀၀၀ တည်ထားပါရေ။ ထုက္ကံသိမ်နဲ့ ကိုးသောင်းပုထိုးတော်ကြီး၊ မာန်ငါးပါး စေတီ ပုထိုးတိက အေဂုထိတိုင် ကမ္ဘာလှည့် ခရီးလားရို့၏ စိတ်ဝင်စားမှုတိကို ရရှိနီဆဲဖြစ်ပါရေ။


ရှီးအခါက ရခိုင်မင်းအဆက်ဆက်ရို့ နန်းစိုက်ခရာမြို့တော်မှာ အေဂု မျက်မှောက်ခေတ် ထိတိုင် တွိ့မြင်နိုင်ရေ ရှီးအတိတ်က ကောင်းစားခပုံရို့ကို သက်သီ သမိုင်းအမွီတစ်ခုပိုင် ထင်ရှားရှိနီဆဲဖြစ်ရာ အေဒေသကို ရခိုင်ရို့က ကမ္ဘာ့အမွီအနှစ်တစ်ခုအဖြစ် မှတ်တမ်း ရှိစီချင် နီကတ်ပြီးကေ သမိုင်းရို့ တည်တံ့နိုင်ဖို့လို့ ယုံကြည်နီကတ်စွာလည်း ဖြစ်ပါရေ။

 399 total views,  1 views today