Arakan Yoma-

ဟားဘတ်တက္ကသိုလ်က PHD ဘွဲ့ရဆိုပနာ လိမ်လည်ပြီးကေ စစ်တွေမြို့မှာ သင်တန်းဖွင့်လှစ်နီရေ ဒေါက်တာ စည်သူအောင်ဆိုသူကို ရခိုင့်တပ်တော် ပြည်သူ့အာဏာပိုင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားရေလို့ ထုတ်ပြန်ပါရေ။


စက်တင်ဘာလ ၁၅ ရက်နိန့်က AA ဒု စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သူ့၏ဖေ့စ်ဘုတ်လှုမှုကွန်ယက် စာမျက်နှာပေါ်မှာ ရခိုင်ဘာသာစကားနဲ့ ရီးသားထားထုတ်ပြန်လာစွာပါ။


စည်သူအောင်ဆိုသူစွာ စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ Vertex of Education လို့ နာမည်ပီးထားရေ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးကျောင်းကို တည်ထောင်ထားသူဖြစ်ပြီးကေ ပြီးခရေ လပိုင်းကတော့ REDP လို့ခေါ်ရေ Rakhine Educaton Development Program ကို ဖွဲ့စည်းခပါရေ။


2020 အစပိုင်းမှာ ဖွင့်လှစ်ခရေ ဒေသင်တန်းကျောင်းမှာ လေးလကြာသင်တန်းတစ်ခုစီကို ငွေ ၅ သိန်းထိရှိပြီးကေ ၁၅ ဦးစီပါရေသင်တန်းအပတ်စဉ် ၇ ခုအထိ ပြီးမြောက်ခယာ ဖြစ်တေလို့ သိရပါရေ။


ကာယကံရှင်ကတော့ ရခိုင်အသိုင်းအဝိုင်းက သူ့အပေါ် ဝေဖန်မှုတိ ထွက်ပေါ်လာပြီးရေနောက် ဟားဘတ်ဘွဲ့ရဆိုစွာရေ လိမ်လည်ထားစွာဖြစ်တေလို့ Live လွင့်ပနာ ဝန်ခံခပါရေ။ ဝန်ခံပြီးရေ နောက်တစ်နိန့်မှာပင် AA က ဖမ်းဆီးလားစွာလည်း ဖြစ်ပါရေ။

 511 total views,  1 views today