ထူး – အာရ်ကန်ရိုးမ (စစ်တွေ)


ရခိုင်ပြည်နယ်အတွင်းမှာ သာမန် ခိုးဆိုးမှုတိရာ မက ဓားပြတိုက်၊ ဖောက်ထွင်းမှုနဲ့ ပြန်ပီးဆွဲမှုတိ များလာပါရေ။

လုံခြုံရေး အားနည်းနီရေ မြို့နယ်တိမှာသာ မက အုပ်ချုပ်ရေးနဲ့ တပ်ပိုင်းဆိုင်ရာ အကြီးအကဲ ရုံးတိ အခြီစိုက်ရေ မြို့နယ်တိမှာလေ့ ဖြစ်ပွားနီကတ်စွာ မြင်တွိရပါရေ။


ပြည်နယ်အခြီစိုက် သတင်းဌာနရို့မှာ ဖော်ပြချက်နဲ့ Arakan Yoma ၏ သတင်းရင်းမြစ်တိအရ ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းက စလို့ စက်တင်ဘာလဆန်းပိုင်းအထိ နှစ်လကျော်ကာလအတွင်း ဖောက်ထွင်းမှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပီးဆွဲခေါ်မှု ပေါင်း တစ်ဒါဇင်နဲ့ အထက်မှာ ရှိခပါရေ။

မင်းပြားနဲ့ ကျောက်တော်မြို့နယ်ရို့မှာ ၄ မှုစီ၊ စစ်တွေနဲ့ မောင်တောမြို့နယ်ရို့မှာ ၂ မှုစီ၊ မြောက်ဦး၊ ပေါက်တောနဲ့ တောင်ကုတ်မြို့နယ်မှာ ၁ မှုစီပါဝင်ပါရေ။ ယင်းဖြစ်ရပ်တိကို ခွဲခြမ်းကြည့်ရဖို့ဆိုကေ ပြန်ပီးဆွဲမှု ၂ မှု၊ ဓားပြမှု ၄ မှု၊ ခိုးယူဖောက်ထွင်းမှု ၈ မှု ရို့ကို တွိရပါရေ။

လမ်းထက်မှာ လားနီယင်းး ဝိုင်း သတ် ခံရလို့သီဆုံးလားစွာတိ ယင်းပိုင် တွိမြင်နီရရေ အမှုတိကို ထည့်သွင်းထားစွာတိ မရှိသိန့်ပါ။


ရခိုင်ပြည်နယ်မှာ အယင်ခါက အေဂုပိုင်မျိုး ပေါ်ပေါ်ထင်ထင် လုပ်ရပ်တိ မရှိသလောက် နည်းပါးခပါရေ အာဏာသိမ်းပြီးရေနောက် အခြီအနီနဲ့ ကိုဗစ်ကာလတတိယလှိုင်းမှာ ပိုဗြီးအဖြစ်များလာစွာလို့ ဆိုရပါဖို့။


ရခိုင့် လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့-ဒါရိုက်တာ ဦးမြတ်ထွန်းက ရခိုင်ပြည်နယ်မှာ AA ရခိုင့်တပ်တော်က အုပ်ချုပ်ရေးကဏ္ဍကို အစားထိုးနီခိုက် အိမ်စောင့်အစိုးရကလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှု အားနည်းလာပြီး အေဂုပိုင် ကျူးလွန်မှုတိကို ဇာအဖွဲ့က ဆောင်ရွက်ဖို့ လိုလိုနဲ့ အခိုက်အတန့်မှာ အဖြစ်များလာရစွာလို့ ပြောပါရေ။


“ဇာအတွက် ဖြစ်ရလဲဆိုကေအေဂု အချိန်ကာလမှာ ရခိုင်တပ်တော် AA နဲ့ မြန့်မာ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲထားရေ အနီအထားဖြစ်တေ။ အုပ်ချုပ်ရေး တရားစီရင်ရေးတိမှာ ဆိုကေလည်း တပ်တော်က အေဂုပိုင် ထိန်းကျောင်းပြီး လုပ်နီပါစွာပါ။ဒေဘက်က အာဏာပိုင်ဘက်က ရဲတပ်ဖွဲ့ကလည်း ယင်းနီရာတိကို ဝင်ရောက်လို့ ထိထိရောက်ရောက် မလုပ်နိုင်စွာတိ ဖြစ်နီရေ။ ယင်းပိုင်ခါ တစ်ဘက်နဲ့ တစ်ဘက် ဟိုဘက်ကလည်း ဒေဘက်ကို ထိထိရောက်ရောက် မလုပ်နိုင်။ ဒေဘက်ကလည်း မလုပ်နိုင်ဆိုတော့ခါ အေဂုပိုင် ခိုးမှု၊ ဓားပြတိုက်မူတိ မကြာမကြာ ဖြစ်နီကတ်စွာတိ မြင်တွိရရေ။ အဖြစ်များစွာက ဆိုင်ကယ် ခိုးရေ။ နောက် ဓားပြတိုက်စွာတိ မြင်တွိလာရရေ။ ဒေချင့်တိစွာ အုပ်ချုပ်ရေ အစိုးရ အိမ်စောင့် အစိုးရကလည်း နိုင်ငံတော်ကို နိုင်နိုင်နင်းနင်း မလုပ်နိုင်။ တပ်တော် AA ကလည်း အုပ်ချုပ်ရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်စွာကြောင့် ဖြစ်နီရေလို့ မြင်ပါရေ။ ပြည်သူ လူထုက စိုးရိမ်စိတ် ရက်ပြတ် ရှိနီရေ။ ယေကေလေး လူတိုင်း ကိုယ်စီ သတိရှိရှိနဲ့နီကတ်ရပါဖို့။ ဇာအတွက် ဆိုကေ ဖြစ်လာကေ ဒေမှာဘက်က အိမ်စောင့် အစိုးရဘက်က အမူကို ထိထိရောက်ရောက်မလုပ်နိုင်ပါ။ ဒေဘက်ကလည်း ထိုနည်းတူ ဖြစ်နီပါရေ။ ယင်းပိုင် မဖြစ်ရယောင် ကိုယ်ရို့တိကလည်း သတိရှိရှိ နီကတ် ရပါဖို့။”


အေဂု ပြောခရေအထဲမာာ အသက်အန္တရာယ်ကို ပစ်မှတ်ထားခံရစွာတိ အနည်းချေပါဝင်ပြီး ငွေရရုံ ကျူးလွန်ရေ ဖြစ်ရပ်တိ များပါရေ။ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စုက မူဆလင်ကျေးရွာတာဝန်ခံကို ပြန်ပီး ဆွဲခေါ်စွာကို ငြင်းလို့ ဆိုပြီးကေ ပစ်သတ်ခစွာ ဖြစ်ပြီးကေ ယင်းမြို့နယ်က ပဒင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြန်‌လို့ခေါ် လားပြီး ငွေနဲ့ လားလို့ ဖ ခ ရရေပိုင် တခြားမြို့နယ်တိမှာ ဖြစ်ခစွာတိကလည်း ငွေရရုံ ရည်စူး ကျူးလွန်ရေ ကိစ္စရပ်တိလို့ ဆိုနိုင်ပါရေ။


ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမှာ လာရောက်ပြီး အလုပ်လုပ်ကိုင်နီရေ လူငယ်ချေတစ်ဦးကတော့ အခုပိုင် ဖြစ်ရပ်တိ များလာပြီးရေနောက် ညဇာဖက်ဆို အပြင်ထွက်လားကေ လုယက်မှုတိကို စိုးရိမ်နီရလို့ လုံခြုံရေး ကင်းမဲ့နီရေလို့ ခံစားနီရရေလို့ Arakan Yoma ကို ပြောပါရေ။


“ညဇာဖက်တိဆိုကေ အပြင်ကို ထွက် မလားဝံ့ပါယာ။ ကိုယ်က ပင်ပင်ပန်းပန်းနဲ့ ရှာထားရေ ရှိစုရှိမဲ့စုချေ အလုခံရ၊ အခိုးခံရ ပါလားပါဖို့ စိုးရိမ်နီရပါရေ။ ဒေလောက်နဲ့ ပြီးမလားနိုင်ပါသိန့် အသက်အန္တရာယ်ကိုပါ ထိခိုက်လာကေ ကိုယ်ကရာ ခံရဖို့စွာပါ။ နိုင်ငံကလည်း မတည်မငြိမ်ဖြစ်နီရေအုပ်ချုပ်ရေးကဏ္ဍမှာလည်း ပျက်ပြားနီရေ ဆိုခါ တရား ဥပဒေကလည်း ကောင်းကောင်းကင်းမဲ့နီရေ အချိန်ဆိုတော့” လို့ ပြောပါရေ။


ကျူးလွန်ခံရရေ မိသားစုတိထဲက တချို့မှာ လုပ်ငန်း ကဏ္ဍအလိုက် ရွေထည်၊ ဖုန်းနဲ့ ငွေကျပ်သိန်းရာနဲ့ချီ ဆုံးရှုံးစွာတိ ပါဝင်ရေပိုင် တချို့မှာလည်း ရှိစုမဲ့စုချေတိ ပါလားကတ်ပါရေ။ ကျူးလွန်သူတိကလည်း အေခုနောက်ပိုင်း အုပ်စုဖွဲ့လာကတ်တေပိုင် ဓား၊ တုတ်တိသာမက သေနတ်တိတောင် ကိုင်ဆောင်လာကတ်တေ ဖြစ်စဉ်တိကိုလည်း ကျူးလွန်ခံရသူရို့တိ ပြောကြားချက်အရ သိရပါရေ။


စက်တင်ဘာလ ၆ ရက်နိက ညဉ့်အချိန်မှာ ဓားပြတိုက်ခံခဲ့ရရေ စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ဦးလှကြာအောင်က “ကျနော်ရို့ ည၉ နာရီဆို အိပ်ရာဝင်ပါဗျာလ်။ ကျနော်က အစကပင် နီလေ့နီထ မရှိ အလား အလာလည်း မရှိ ကိုယ့်စွာကို အိပ်ရာဝင်ဗျာလ် ၉ နာရီဆိုကေ။ဆီးယူဖို့ဆိုပြီကေ လာနှိုးရေလို့ ဆိုပါရေ။ ကျနော့် ယောက္ခမက ကျနော့်ကိုနှိုးပါရေ။ ကျနော်ကတော့ မနိုးပါ ဆီးဝယ်ဖို့ဆို ကျနော်ကလည်း အိပ်ချင်မူးတူး ထလားပါရေ ။ ဇာဖြစ်စွာလဲ ဖျားစွာလား နာစွာလား ကျနော်က မိန်းပါရေ။ တစ်ခါတည်း တက်ပြီး သေနတ်နဲ့ ထောက်ရေ။ မှောက် ဆိုခါ ကျနော်ကို သေနတ်နဲ့ ထောက်လိုက်တော့ သွီးထွက်လားပါရေ။ ခေါင်းက သွီးကျခါ အော် သွီးထွက်လား မနားယေ။ ကျနော်ကို မှောက်ပြီး ဝပ်ခိုင်း ထားပါရေ ကြိုးနဲ့ချိုင် ဆို ပြီး ပြောပါရေ။ တက်ပြီး ကြိုး ချိုင်ရေ။ သူရိူ့မှာ ကြိုး အဆင့်သင့်ပါရေ။ နောက် ဘေးနားက ကိုယ်သုတ်နဲ့ ခေါင်းကို ချိုင်လိုက်တေ။ ယင်းခါကျနော် တခုကိုလည်းမမြင်ပါယာ ပိတ်ပြီး အထဲဝင် ဆိုပြီးပြောရေ။ အထဲခန်းထဲ ထိုင်ခိုင်းရေ။ ကျနော်မှာ ယောက်ခမ အသက်ကြီး တစ်ယောက်ရှိရေ သူ့ကို လည်း ကြိုးချိုင် လို့ ဆိုရေ။”လို့ ပြောပါရေ။


ဒေဖြစ်ရပ်တိအပြင် တခြား တိုင်တန်းမှုတိလည်း ရှိနီနိုင်လို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်စွာမှာ ဖြီဆိုဖို့ငြင်းရေပိုင် ရခိုင့်တပ်တော်က ဖွဲ့စည်းထားရေ မှုခင်းလက်ခံရေးအဖွဲ့ပါးကို အီးမေးလ်နဲ့ မိန်းမြန်းရာမှာလည်း ပြန်ဖြီကြားစွာတိ မရှိခပါ။


ရခိုင်ပြည်နယ် စစ်တွေမြို့က မူဆလင်ဒုက္ခသည်စခန်းတိမှာလည်း ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်လာ ပြီးနောက် အလုပ်တိ မလုပ်ကတ်ရရေအချိန် လုံခြုံမှုအားနည်းနီစွာကြောင့် ခိုးဆိုးလုနှိုက်တိ များနီရေ လို့ Arakan Yoama ကို ပြီးခရေလ က ရပ်မိရပ်ဖတစ်ဦးက ပြောထားပါရေ။


“ဒုက္ခသည်တိ စခန်းမှာ ကျတော့ အအီးမိရေ။ တုပ်ကွေးဖြစ်ရေ။ ခြောင်းဆိုးရေ။ ရောဂါနဲ့ ခံစားရစွာက တမျိုး။ ယေပြီးကေ အစားအသောက်နဲ့ ခံစားရစွာက တဖုံ။ လူတိက ငတ်လို့၊ တောင်းစားလို့ ယင်းပိုင် ရှိနီကတ်ပါရေ။ အရာတခု ပိုလို့ ဆိုးစွာက လူလေးငါးယောက်စုပြီးကေ ခိုးကတ်စွာတိ၊ ပြောင်ပြောင်တင်းတင်း လုကတ်စွာတိရှိပါရေ။”

 390 total views,  1 views today