ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ပြီးကာလအတွင်း စစ်ကျန်လက်နက်မဟုတ်ဘဲ မြီမြှုပ်မိုင်း အသစ် ထောင်စွာတိ ရှိလာဗျာလ်လား ဆိုပြီးကေ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခံခရရေ ရွာသားတိက သံသယ ဝင်လာကတ်ပါရေ။


AA နဲ့ စစ်ကောင်စီတပ်ရို့ တိုက်ပွဲတိ ရပ်တန့်လားပြီးရေနောက် ၉ လ အကြာ ကျောက်တော်မြို့နယ် ဦးစွန်းတောင် ကျေးရွာမှာ သြဂုတ်လ ၁၇ ရက်နိက မြီမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခပါရေ။ ဒေဖြစ်စဉ်စွာ လက်ရှိအချိန်ထိဆိုကေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နောက်ဆုံးအကြိမ်ဖြစ်ပွားခရေ ဖြစ်စဉ်လည်း ဖြစ်ပါရေ။

ကျေးရွာသား သုံးဦးစွာ ရွာနဲ့နှစ်မိုင်လောက်ဝီးရေ တောင်စပ်မှာ နွားကျောင်းနီကတ်ခါ မြီမြှုပ်မိုင်း နင်းမိခစွာ ဖြစ်ပနာ ဒေပေါက်ကွဲမှုကြောင့် အသက် (၃၅) နှစ်အရွယ် ကျေးရွာသား ဦးအောင်သိန်းဆန်းစွာ ခြေကျင်း ဝတ်တစ်ဖက် ဖြတ်လိုက်ရရေလို့ ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက Arakan Yoma ကို ပြောပါရေ။
”နွားကျောင်းဖို့ လားယင်းနဲ့ ဖြစ်လားစွာပါ။ အသက်ကတော့ (၃၅) နှစ်ပါ။ အခုစစ်တွေ(ဆီးရုံ) မှာပါ။ ခြီဖြတ်လိုက်ရရေ။ ဘယ်ဘက်ခြီပါ,,။လို့ ပြောပါရေ။


ထိခိုက် ဒဏ်ရာရထားသူစွာ လက်ရှိမှာတော့ စစ်တွေပြည်သူ့ဆီးရုံကြီးမှာ ဆီးကုသမှု ခံယူနီပါရေ။ ရွာသားတိ အနီနဲ့ အဓိကမြီမြုပ်မိုင်းဖော်ဆောင်မှုတိ အသစ်ရှိလာရေဆိုပြီးကေ သံသယဝင်စီရေ အချက်က နိတိုင်းလားလာနီကျ နီရာမှာ ဖြစ်ခစွာကြောင့်ပါ။
ဒေကိစ္စနဲ့ ပတ်သက်ပြီးကေ ဦးစွန်းတောင်ကျေးရွာ လူကြီး တစ်ဦးက အခုပိုင် ပြောပါရေ။
”ယင်းသူက ယင်းမှာဘက်ကို နွားကျောင်းလားနီစွာက ရက်က အများဖြစ်နီပါယာ။ တစ်လ၊ နှစ်လလောက်ဖြစ်နီယာ။ ရက်ပြတ်လုံး ကျောင်းနီစွာပါရာ။ တပ်ကတော့ တပ်တော် (AA) နဲ့ တပ်နဲ့ဖြစ်ခါက ကျန်ခရေမိုင်းလို့ပြောပါရေ။ တချို့ လူတိက အသစ်ထောင်လာရေပုံစံလို့ ပြောကတ်ပါရေ။ ကျနော်ရို့ထင်စွာက အသစ်ထောင်လာရေ ပုံစံ သဘောမျိုးကျရေ။ သူတစ်ယောက်တည်းတောင်မကပါ။ ယင်းနီရာမှာ နွားကျောင်းနီကတ်စွာ,,


ထိခိုက်ဒဏ်ရာ ရခသူ ဦးအောင်သိန်းဆန်း ဆိုကေ ယင်နီရာမှာ နိစိုဉ် နွားကျောင်းနီစွာဖြစ်ပနာ ရွာထဲက တခြား လူတိစွာလည်း နိစိုဉ်လားလာ နီကတ်တေ နီရာဖြစ်စွာကြောင့် စစ်ပွဲ ရပ်တန့်ကာလမှာလည်း ထပ်မံ မိုင်းထောင်စွာတိ ရှိလာနီရေလို့ ရွာသားတိက ယူဆနီကတ်စွာ ဖြစ်ပါရေ။


တိုက်ပွဲဖြစ်နီဆဲကာလနဲ့ စစ်ပွဲအပြီးကာလတိအတွင်း ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း တခွင်မှာ မြီမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကြောင့် သီဆုံးသူ ၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈၃ ဦး ရှိရေလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC ၏ စာရင်း ဇယားတိအရ သိရပါရေ။


မိုင်း အသိပညာပီးမှုတိ လုပ်ဆောင်နီကတ်တေ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတိကတော့ စစ်ပွဲရပ်စဲကာလမှာ မိုင်း အသစ်ထောင်စွာတိ ရှိလာရေဆိုကေ ထောင်ထားရေ အနားးတဝိုက်မှာ တပ်စခန်းတိ ရှိနီလို့လား (သို့မဟုတ်) တခြား အကြောင်းအရာတိကြောင့်လား ဆိုစွာ ဆန်းစစ်ဖို့ လိုရေလို့ ဆိုကတ်ပါရေ။


ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ”အသစ်ဖြစ်တေဆိုကေ ယင်းနေရာမှာ မိုင်းလာထောင်ရေ သူတိတွေ့ရဖို့လေ။ ဇာဘက်ကလဲ။ ဇာကြောင့်နဲ့ ယင်းနားမှာ မိုင်းထောင်စွာလဲ။ ဇာတိ ရှိနီလို့လဲ တစ်ခုခုပေါ့။ စခန်း အထိုင်ချထားလို့လား။ ယပိုင်မျိုးတိရှိ​ရေ,, လို့ ပြောပါရေ။


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားရေ ပေါက်ကွဲမှုတိထဲမှာ စစ်ကျန်ဗုံးသီးတိ၊ အများစုက လက်နက်ကြီးလို့ခေါ်ကတ်တေ RPG အမြှောက်တိ၊ မြီမြှုပ်မိုင်း နင်းမိစွာတိက အစ ပါဝင်စွာ တွိ့ရပါရေ။ နောက်ဆုံးဖြစ်ပွားခရေ အဆိုပါဖြစ်စဉ်မှာ ဆိုကေလည်း မြီမြှုပ်မိုင်းကြောင့် ဖြစ်ပါရေ။


ဦးစွန်းတောင်ကျေးရွာမှာ မြို့နဲ့ ခမီတိုင်းရင်းသားတိ နီထိုင်ကတ်စွာဖြစ်ပြီးကေ အများ​စုက တောင်ကိုမှီခို လုပ်ကိုင်နီကတ်သူတိပါ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတိ စတင်လာပြီးကေ နောက်မှာတော့ ဒေ ကျေးရွာအနားက တောင်စပ်မှာလည်း နှစ်ဖက်လက်နက်ကိုင်တိ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခလို့ ရှိပါရေ။


(ဦးစွန်းတောင်ထက်မှာ) ”တပ်စွဲထားစွာ ရှိပါသိန့်ရေ။ ဟိုတနိက မိုင်းပေါက်ခါ ကျနော်ရို့ရွာကို ဆက်သွယ်လို့ ပြောလာ​ရေ။ တိုက်ပွဲဖြစ်တေ အခါ ကျန်ခရေ မိုင်းတိဖြစ်နိုင်ရေ။ ယင်းတောင်နားတိမှာ မကျောင်းကတ်​ကေ့,,။
ယင်း အချိန်ကစပြီးကေ စစ်ကောင်စီတပ်စွာ ရွာအနီးတောင်ပေါ်မှာ စပြီး တပ်စွဲခရေပိုင် ရွာသားတိကိုလည်း တချို့နီရာတိကို မလားကတ်ဖို့ ကန့်သတ်ထားစွာတိရှိရေလို့ ရွာသားတိကပြောကတ်ပါရေ။ ရွာသားတိက တော့ တောင်ထက်မှာ တပ်စွာထားစွာ၊ စစ်ကျန်လက်နက်အန္တရာယ်ကို စိုးရိမ်စွာတိကြောင့် မလားဝံ့ကတ်ဘဲ စားဝတ်နီရေး ထိခိုက်လာပနာ မိုင်းရှင်းလင်းရေးတိ လုပ်ဆောင်ပီး စီချင်ရေလို့ အယင်ခါကပင် Arakan Yoma ကို ပြောလို့ ရှိပါရေ။


ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ”ကျနော်ရို့ကတော့ မိုင်း အသစ်အဟောင်းကို ကာလနဲ့ပြောရဖို့။ မိုင်းထဲမှာ ပါနီစွာကို ကြည့်ပြီးကေ အသစ်အဟောင်းလို့ ခွဲခြားလို့ မရ။ ရွာသားတိ အယူအဆကို လေ့လာကြည့်သလောက် အရင်ကဆို လားလို့ လာလို့ရရေ။ အခုတပ်တိ ရောက်လာခါမှ ယင်းနီရာမှာ ပေါက်ကွဲစွာနဲ့ အသစ် ထောင်စွာလား မသိဆိုရေ စဉ်းစားချက် ဖြစိဖို့ထင်ရေ။ အသစ်အဟောင်းကို ကျွန်တော်ရို့ ခွဲလို့မရ။ တချို့မိုင်းတိဆိုကေ တိုက်ပွဲ စဖြစ်ဆဲမှာ ထောင်စွာရှိရေ။ တချို့မိုင်းတိဆိုကေ နောက်ဆုံးဖြစ်တေ တိုက်ပွဲတိမှာ ထောင်စွာဖြစ်ဖို့။ တချို့ ဆိုကေလည်း တိုက်ပွဲမဖြစ်ကေလည်း တပ်စခန်း အနီးတိမှာ တပ်စခန်း လုံခြုံရေးအရ ထောင်စွာတိ ရှိရေ,,။လို့ ပြောပါရေ။


အခုပိုင် အမည်မသိမိုင်းရို့၏ နောက်ကွယ်မှာ အဓိကသားကောင် ဖြစ်လားသူတိကတော့ ဦး အောင်သိန်းဆန်း ရို့ပိုင် ဆင်းရဲနွမ်းပါးပြီးကေ ဘဝကို ခက်ခဲစွာ ရုန်းကန်နီကတ်ရသူတိပါ။ ကုသလမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) က တော့မြီမြှုပ်မိုင်းနဲ့ မပေါက်ကွဲသိန့်ရေ စစ်ကျန်လက်နက်တိကြောင့် သီဆုံး ဒါဏ်ရာရရှိသူတိ အနက် သုံးပုံတစ်ပုံစွာ ရခိုင်ပြည်နယ်ကလို့ ဆိုပါရေ။


ဒေစစ်တမ်းအရ ရခိုင်ပြည်နယ်၏ ထိခိုက် သီဆုံးသူ ၄၇ ရာခိုင်နှုန်းစွာ လူချေတိ(အချေ) ဖြစ်တေလို့ ဧပြီလဆန်းပိုင်က ထုတ်ပြန်ချက်မှာ ဖော်ပြခပါရေ။

ဒေပိုင်ထိခိုက် သီဆုံးမှုတိဖြစ်ရရေ အကြောင်းအရင်းကို ကြည့်ကေ ဗဟုသုတ နည်းစွာကြောင့်လည်း ပါရေ ဆိုရေ အချက်ကို ပုဏ္ဏးကျွန်းက ဖားသတ်လားသူတချို့ ဗုံးသီးကို ကောက်ယူခကတ်လို့ မီးဖိုဘေးမှာ ပေါက်လားရေဖြစ်စဉ်၊ မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ ဖြစ်ခရေ အချေအုပ်စုလိုက် သေဆုံးဒဏ်ရာ ရကတ်တေဖြစ်စဉ်၊ ရသေ့တောင်မြို့နယ်မှာ လက်ပံပွင့်ကောက်ယင်း ဗုံးသီးကို ထုကြည့်လို့ အချေငယ်တိ သီဆုံးဒဏ်ရာရရေ ဖြစ်စဉ်တိက သက်သေပြနီပါရေ။


ရွာသားတိ အခုပိုင် သံသယဝင်လာကတ်တေ အကြောင်းအရင်း ထဲမှာ တိုက်ပွဲတိ ရပ်တန့်နီရေ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနီနဲ့ ကုန်းလမ်း ရီလမ်း နှစ်ခုလုံးမှာ လုံခြုံရီး၊ စစ်ဆီးရေးတိ ပြန်လို့ လုပ်ဆောင်လာစွာ၊ စစ်အင်အားတိုးချဲ့လာရေပိုင် AA ဖက်ကလည်း ပြည်နယ်အတွင်း အုပ်ချုပ်ရေး အပါအဝင် တရားစီရင်ရေးရာကဏ္ဍတိ ဆောင်ရွက်လာပြီးကေ ပြည်သူလူထုထောက်ခံမှု ပိုကြီးလာပနာ တိုက်ပွဲတိ ပြန်ဖြစ်လာဖို့လား ဆိုရေ စိုးရိမ်စိတ်ဝင်ရေ အကြောင်းအရင်းတိလည်း ပါဝင်ပါရေ။

 479 total views,  1 views today