Arakan Yoma |


ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကာကွယ်ဆီး ရရှိနိုင်ရေး ရခိုင့်တပ်တော် AA က လုပ်ဆောင်လျက် ရှိနီပါ​ရေ။


ကိုဗစ် ကာကွယ်ဆီး ရနိုင်ဖို့အတွက် ကျနော်ရို့ ကြိုးစားနီစွာတိရှိရေ လို့ ဂျူလိုင် ၂၉ ရက်နိန့်က ရီးသား ထုတ်ပြန်လာရေ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ ၏ ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါရေ။ အခုအချိန်ထိတော့ အကန့်အသတ်နဲ့ အခက်အခဲတိ ရှိနီတုန်းပါ
နိုင်ငံရေးအကဲဖြတ်တိ၏ လေ့လာမှုတစ်ခုမှာ AA ရေ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆီး ထောက်ပံ့မှု ရရှိဖို့ အနီအထားရှိနီကြောင်း ဆိုထားပါရေ။ အခြားသော မြောက်ပိုင်း မဟာမိတ်တိက တပ်ဖွဲ့ တချို့ကလည်း ရထားကတ်ယာဖြစ်ပါရေ။


မကြာခင်ကာလမှာ ULA/AA ထိန်းချုပ်ရာ ဒေသတိမှာ ကိုဗစ်ကာကွယ်ဆေးထိုးရေလို့ကြားရပါက အံသြစရာရှိဖို့မထင်ပါ လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ၎င်း၏ ဖေ့စ်ဘွတ်အကောင့်မှတဆင့် ဂျူလိုင် ၂၄ ရက်နိန့်မှာရီးသားခပါရေ။


ရခိုင့်တပ်တော်ရေ ရခိုင်ပြည်အတွင်း ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လျက် ရှိနီစွာကို တွိ့ရပါရေ။ အမိန့်စည်းကမ်းတိကို ထုတ်ပြန်ထားပြီးကေ မလိုက်နာ ချိုးဖောက်သူတိကိုလည်း အပြစ်ပီးအရီးယူလျက်ရှိနီပါရေ။ တဘက်မှာ ကိုဗစ်ကာကွယ်ဆီး ရရှိဖို့ကိုလည်း ကြိုးစားလို့ ရှိနီရေပိုင်၊ အရည်အသွေးပြည့်မီရေ ကိုဗစ် ကာကွယ်ဆီးကို အခွင့် အရေးရပါက ပြည်သူတိအနေနဲ့ လက်လွှတ်မခံဘဲ ထိုးကတ်ဖို့ တိုက်တွန်းထားပါရေ။


သူရို့အနေနဲ့ သီးခြား ကာကွယ်ဆီး ရရှိဖို့ ကြိုးပမ်းနီပုံပေါ်ရေပိုင် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်ကို ပီးပို့ရေ ကာကွယ်ဆီးကိုလည်း ရခိုင်မှာ နီထိုင်သူတိကို လက်လွှတ်မခံ ထိုးစီနိုင်ဖို့ ရခိုင့် တပ်တော်က လိုလားနီစွာကို သိသာစွာ တွိ့မြင်နီရပါရေ။


ဂျူလိုင်လ၏ နောက်ဆုံး ရက်သတ္တပတ်တစ်ခုအတွင်းမှာပင် တပ်တော်၏ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်နဲ့ ပြောခွင့်ရပုဂ္ဂိုလ်အပါအဝင် အမိန့်ထုတ်ပြန်ချက်တိ ဆက်တိုက် ထုတ်ပြန်ပြောကြားလာစွာတိက ရခိုင်ပြည်တွင် ကိုဗစ်တတိယလှိုင်းကာကွယ်ရေးနဲ့ ပတ်သက်လို့ ပြည်သူတိ၏ ပူးပေါင်းပါဝင်မှုကို အများကြီး မျှော်လင့်ထားကြောင်း သိစီလိုရေ သဘောရပါရေ။


ပြည်နယ် စစ်ကောင်စီဘက်ကမူ ရခိုင်ပြည်နယ်အတွက် ခွဲတမ်းရရှိထားရေ တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆီး ၉ သောင်းခွဲကို နှစ်ပတ်အတွင်း ထိုးပီးဖို့ စီစိုဉ်နီကြောင်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးလှသိန်းက ပြောကြားထားပါရေ။
ထို ၉ သောင်းခွဲကို ဦးစားပီးအနီနဲ့ အသက် (၆၅) နှစ် အထက် သက်ကြီးရွယ်အိုတိ၊ သံဃာတော်တိ၊ အကျဉ်းသားတိ၊ အစိုးရဝန်ထမ်းတိနှင့် ဘဏ်ဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်းတိကို ထိုးပီးလားဖို့လို့ ဆိုပါရေ။


ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ဇူလိုင် ၂၈ ရက်နိန့်အထိ ကိုဗစ် ကူးစက် ခံထားရသူ ၂၅၁၃ ဦးနဲ့ သေဆုံးသူ ၁၄၆ ဦးအထိ ရှိနီယာ ဖြစ်ပါရေ။ ကျန်းမာရေးပြန်လည် ကောင်းမွန် လာသူ ၈၇၉ ဦး အထိ ဆီးရုံက ဆင်းခွင့်ရရှိထားပြီးကေ ၁၄၉၉ ဦးက ဆက်လက်ကုသမှု ခံယူနီရဆဲ ဖြစ်ပါရေ။

သတင်းဓာတ်ပုံ – ရခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (arakanarmy.net)

 499 total views,  1 views today