ထူး၊ အာရ်ကန်ရိုးမ

စစ်တပ်က အဏာသိမ်းလိုက်ပြီးရေ နောက်ပိုင်း ရခိုင့်တပ်တော်စွာ ပြည်နယ်မြောက်ပိုင်းက နယ်ဖက်တိမှာ စစ်ရေးကိုရာမက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတိကိုပါ တွင်တွင်ကျယ်ကျယ် လုပ်လာရေ လို့ ဒေသခံတိက ပြောကတ်ပါရေ။

“နယ်တိုင်းနယ်တိုင်းမှာ တရားရုံးက ဖွင့်ထားစွာကိုး။ အယ်လ်ဖာ သရီး၊ အယ်လ်ဖာ ဝင်း၊ အယ်လ်ဖာ တူး စသဖြင့် အားလုံးဖွင့်ထားစွာကိုး။ အေအေအုပ်စုတစ်စု ဥပမာ စားဖိုသား ဆိုကေ စားဖိုသား၊ ပီးချောင်းမှာ ရွာသစ်ဆိုကေ ရွာသစ်။ ပုဏ္ဏားကျွန်းမှာ သဘုံဆိုသဘုံ ယပိုင်မျိုးတိပေါ့။” လို့ ကျောက်တော်ဒေသခံ ဦးမောင်မောင်ဆန်းက သူရို့ကျေးရွာနဲ့ သူသိရေ အ​နေအထားကို ရှင်းပြပါရေ။

နယ်ဒေသခံအများစုစွာ မှုခင်းတစ်ခုခုဖြစ်လာကေ မြန်မာအစိုးရတာဝန်ပီးထားရေ ရဲတပ်ဖွဲ့တိဘားမှာ မတိုင်ကတ်တော့ဘဲ AA ဘားမှာပဲ တိုင်ကြားကတ်ပြီးကေ AA ကပဲ တရားစီရင်မှုတိလုပ်လေ့ ရှိရေ လို့ ဆိုကတ်ပါရေ။

ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ၁၂ နှစ်မြောက် ရခိုင့်တပ်တော်နိန့်က သဝဏ်လွှာထဲမှာ အစပိုင်းမှာ စစ်ရေးကိုပဲ အဓိက လုပ်ဆောင်ခကေလေ့ အခုနောက်ပိုင်းမှာဆိုကေ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စရေ ပြည်သူ့ရေးရာကဏ္႑တိကိုလည်း လုပ်ဆောင်လားဖို့ရှိကြောင်း ပြောခပါရေ။

ယင်းအပြင် တိုင်းပြည်တည်ဆောက်ရေး၊ အစိုးရယန္တရား တည်ဆောက်ရေးတိပါ ကြိုးပမ်းလားဖို့လို့ဆိုရေ အကြောင်းတိလည်း ပြီးခရေ ဧပြီလ ၁၀ ရက်နိန့် ယင်းသဝဏ်လွှာထဲမှာ ရေထားပါရေ။

တရားစီရင်မှုအတွင်း မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုတိအလိုက် စသဖြင့် တရားရုံးတိနဲ့ လက်အောက်ခံ သက်ဆိုင်ရာအဖွဲ့တိ ဖွဲ့စည်းထားပြီကေ ယင်းအဖွဲ့တိက ဆောင်ရွက်လို့ မရှင်းလင်းရေ အပိုင်းရှိရေ ဆိုကေ AA က တိုက်ရိုက်လာရောက် ကိုင်တွယ် ဆောင်ရွက်စွာတိလည်း ရှိပါရေ။

“ကျေးရွာလယ်ဆယ်၊ ကေကျေးရွာလယ်စိုက်၊ မြို့နယ်လယ်ဆယ်၊ မြို့နယ် လယ်စိုက် ယပိုင်ရှိပါရေ။ လယ်ယာ မြေနဲ့ ပတ်သက်လာကေ သူရို့တာဝန်ခံပနာ လုပ်ပီးပါရေ။ တကယ်လို့ မရှင်းလင်းလို့ ဆိုကေ တပ်တော်က လာပြီးကေ လယ်ဆယ်ကိုခေါ်ရေ။ မြေစာရင်းကိုခေါ် ရှင်းပီးရေ။ ယပိုင် သဘောမျိုးပေါ့။” လို့ ဦးမောင်မောင်ဆန်းက ပြောပါရေ။

ဒေသတွင်း အုပ်ချုပ်ရေးတိ အစားထိုးမှု အခြေအနေထဲ ကျေးရွာအုပ်ချုပ်ရေးမှူးတိကို AA က ခန့်အပ်ထားစွာ ရှိရေပိုင် အစိုးရက ခန့်အပ်ထားရေ အုပ်ချုပ်ရေးမှူးတိကို ကိုယ့်ဖက်ပါအောင် စည်းရုံးစွာမျိုး လည်းရှိပါရေ။

“ကျနော်ရို့ ဖက်မှာတော့ အရင်အုပ်ချုပ်ရေးမှူးပါ။ဇာပိုင်ဆိုရဖို့လဲ တပ်တော်ဖက်ကလည်း ဖွဲ့စည်းထားပါရေ။ ရပ်မိဘတိနဲ့ ဥက္ကဌနဲ့ ညှိနှိုင်းပြီးမှပဲ ဇာကိစ္စ မဆိုပေါ့။ ငွေကြေး ကိစ္စသော်လည်းကောင်း၊ ကိုဗစ်-၁၉ ကိစ္စသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး လားကတ်တေ။ ဟိုဖက်(အေအေ)ကိုပဲ တိုင်စွာလေ။ ဒေဖက်မှာက ရှိမှမရှိယာကို။ ရုံးမရှိကေ တစ်ခုလေ့ မရှိပါယာ။”

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကတော့ ကျေးရွာတိမှာ အေအေက အုပ်ချုပ်ရေးမှူး သီးသန့် ချပီးထားမရှိဘဲ အစိုးရကခန့်အပ်ထားရေ အုပ်ချုပ်ရေးမှူးတိကိုပဲ မိမိဘက်ပါအောင် စည်းရုံးစွာမျိုးတွေ့ရရေလို့ ဆိုပါရေ။

“ကျေးရွာတိမှာ အေအေကပါ၊ အာဏာရအစိုးရကပါ အုပ်ချုပ်ရေးမှူးတိ ခန့်ထားကတ်စွာလားဆိုရေ မေးခွန်းကို ဦးထွန်းသာစိန်က ယင်းပိုင်မျိုး အပြိုင်မရှိ။ အစိုးရက အသိအမှတ်ပြုထားရေလူသည် သူ့လူ ဖြစ်အောင် ကြိုးစားရေ။ ယင်းပိုင်မျိုးလို့ ပြောပါရေ။”

တရားစီရင်ရေးကဏ္႑မှာလည်း ခိုးမှုကအစ၊ မုဒိန်းမှုနဲ့ လူသတ်မှုတိအထိ လုပ်ဆောင်လာစွာ မြင်တွေ့ ရရေလို့ သူက ပြောပါရေ။

“တရားဥပေဒအရ ခိုးမှုကအစ လူသတ်မှု၊ မုဒိန်းမှုတိအထိ ကိုင်တွယ်လာစွာကို မြင်ရရေ။”

လက်ရှိ အေအေက လားနီရေ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္႑တိနဲ့ ပတ်သက်ပြီးကေ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို မေးမြန်းကေလည်း လက်ခံဖြေကြားစွာ မရှိပါ။ အမှန်က ဒေကိစ္စရပ်တိကို အေအေက ရခိုင်ပြည်နယ်မှာ စတင်အခြေချလာစိုဉ်တည်းက တချို့ကျေးရွာတိမှာ ဆောင်ရွက်ပြီးသား ဖြစ်နီခရေပိုင် တချို့ဒေသတိမှာလည်း နောက်ပိုင်းမှ လုပ်လာခစွာပါ။


ခုပိုင်အကြောင်းကြောင်းတိကြောင့် ရခိုငျလူထုစှာ အစိုးရကို အယုံအကွညျမဲ့လာကတျပနာ မိမိရို့လူမြိုးနဲ့ ဖှဲ့စညျး ထားရေ အအေအေပေါျ ထောကျခံမှုမြားလာခပါရေ။


 746 total views,  1 views today