အာရ်ကန်ရိုးမ၊ စစ်တွေ

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ၏ အဖွဲ့ဝင် ဦးလှသိန်းက ဂျူလိုင် ၁၄ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားချက်အရ ရခိ်ုင်ကို လာရောက်ကြမည့် သူများသည် ကွာရာတင်းဝင်ကြရတော့မည်ဟု သိရသည်။ ထိုသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေအိမ်တွင် နေထိုင်ကြရန် သတ်မှတ် ထားသည့် မြို့နယ်များမှ ဖြစ်ရမည်ဟု ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းတာအရ မြို့နယ်ပေါင်း ၉၇ ခုကို နေအိ်မ်တွင်နေထိုင်ကြရန် အမိန့်ထုတ်ပြန် ထားလျက်ရှိနေသည်။ တဘက်တွင်လည်း ကုန်စည်ကူးသန်းမှုများကို ရပ်တန့်မသွားစေရန် စနစ်တကျ ထိန်းချုပ်သွားရန် ရည်ရွယ်ထားသည်ဟုလည်း သူက ပြောသည်။ တချိန်တည်းတွင် ထို ၉၇ မြို့နယ်မှ မဟုတ်သော သူများကိုလည်း ရခိုင်တွင် နေထိုင်မည့် နေရပ်လိပ်စာများကို စာရင်းပြုစုလျက် ထားရှိမည်ဟု ဆိုသည်။

 406 total views,  1 views today