Arakan Yoma |

တစ်နိုင်ငံလုံးမှ အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၈ ရက်နေ့ညက ကြေညာသည်။

၂၀၂၁ ခုနှစ်၊ မေလတတိယပတ်မှစ၍ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါပိုး မျိုးရိုးဗီဇပြောင်းလဲနေကြောင်း ဓာတ်ခွဲ အတည်ပြုချက်များအရ သိခဲ့ရပြီး ကူးစက်ပျံ့နှံ့မှုကို အချိန်မီကာကွယ်တားဆီးနိုင်ရန် ပိတ်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အခြေခံကျောင်းဆိုသည့်အနက် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးကို တစ်နှစ် နောက်ဆုတ်ခဲ့ရပြီး ယခုနှစ်တွင် ကိုဗစ်တတိယလှိုင်း ပြန်ထချိန်တွင်လည်း ယာယီပိတ်ထားရမှု ရှိလာခဲ့ခြင်း ဖြစ်သည်။

 318 total views,  1 views today