ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းအများစုမှာ သပိတ်မှောက်ပြီး ကျောင်းမတက်လှုပ်ရှားစွာတိ ပြုနီကြတ်တေအချိန် ရခိုင်ပြည်နယ်မှာ ကျောင်းတက်တေဆိုစွာ စစ်အာဏာရှင်ကို ထောက်ခံရာရောက်တေလို့အပြစ်တင်ဝေဖန် နီကတ်ပါရေ။


အဂင့်ဆိုကေ အပြစ်တင်နီသူတိကို အာဏာရှင်ကို ထောက်ခံနီစွာ မဟုတ်ကြောင်း အံ့သြသင့်လားစီနိုင်ရေ အချက်တစ်ချက်ကို ရခိုင်လူထုတိက လုပ်ပြလိုက်ပါရေ။ ရခိုင်ပြည်နယ်က ကျောင်းတချို့မှာ နှစ်စိုဉ်သီဆိုနီကျ “တရားမျှတလွတ်လပ်ခြင်း”နဲ့ စရေ မြန်မာနိုင်ငံတော်တေးခြင်း မဟုတ်တော့ဘဲ ကိုယ်ပိုင်နိုင်ငံတော်တေးခြင်း ပြောင်းလဲသီဆိုလာကတ်စွာပါ။
အေ တေးခြင်းကို ရခိုင့်တပ်တော်AA က ဖန်တီးထားစွာလည်း ဖြစ်ပါရေ။


မိုးထ ကျောင်းခေါင်းလောင်း ထိုးစွာနဲ့ ရခိုင်အလံ၏အောက်မှာ ရခိုင်ဘာသာစကားနဲ့ သီဆိုထားရေ “တော်ဝင်မြီကို၊ အောင်လံထူလို့” ဆိုရေစာသားနဲ့ အစချီထားရေ အာရက္ခနိုင်ငံတော်တေးခြင်းကို ကျောင်းသူ၊ ကျောင်းသားတိနဲ့ ဆရာ၊ ဆရာမရို့က ညာဖက်လက်ကို ဘယ်ဖက်ရင်မှာပိုက်ပြီး သတိအနေအထားနဲ့ အာရုံပြုသီဆိုကတ်စွာပါ။


“ကျွန်တော်ရို့ကာ့ အာရက္ခနိုင်ငံတော်တေးခြင်းကို ဆိုရေ။ ကျွန်တော်ရို့က ညာဖက်လက်ကို ဘယ်ဖက်ရင်မှာ တင်ပြီးကေ သတိအနီအထားနဲ့ ကိုယ့်နိုင်ငံအတွက်ဆုတောင်းပီးရေ။ အာရက္ခနိုင်ငံတော်အတွက် ဆိုစွာပါ။ ကျွန်တော်ရို့ကိုယ့်အစီစဉ်နဲ့ ကိုယ်လုပ်စွာ။ ရုံးက ညွှန်ကြားစွာ မဟုတ်ပါ။ ကိုယ့်အသိနဲ့ ကိုယ်လုပ်စွာ။”လို့ လုံခြုံရေးအရ အမည်မဖော်ချင်ရေ ကျောက်တော်မြို့နယ်က ကျောင်းဆရာတစ်ဦးက ပြောပါရေ။


ရခိုင့်တပ်တော်က အွင်လိုင်းလူမှုကွန်ယက်ပေါ်မှာ စတင်ထိုးဖောက်လာချိန်က ဒေတေခြင်းကို သီဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ခပါရေ။ ယေပြီးခါမှ ဒေတေးခြင်းစွာ ရခိုင်ပြည်သူတိအကြား တစစနဲ့ ပျံ့နှံ့နီခပြီး တချို့တိကလည်း ဖုန်းတိထဲမှာ သိမ်းဆည်းပနာ ဆိုနီတတ်ခကတ်ကေလည်း အစိုးရပညာရေးကျောင်းတိမှာက အာဏာသိမ်းစွာ ဖြစ်လာပြီးနောက်ပိုင်း ဒေနှစ်မှရာ ခပ်စိပ်စိပ်သီဆိုလာကတ်စွာတိ မြင်တွိလာရစွာ ဖြစ်ပါရေ။


အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးကတော့ ရခိုင်ကျောင်းသားလူငယ်ချေတိကို အမျိုးသားရေး စိတ်ဓာတ် နိုးကြွလာအောင် နှိုးဆော်ပီးနီစွာလို့ ပြောပါရေ။ “အကျွန်ရို့မှာ အချေတိကို ကိုယ့်လူမျိုးအတွက် စိတ်ဓာတ်တိ တက်ကြွ လာအောင်၊ ကိုယ့်လူမျိုးစွာ ကိုယ့်ထီး ကိုယ့်မင်းနဲ့ နီရဖို့အတွက် စိတ်ဓာတ်တိကို နှိုးဆော်ပီးနီစွာ။ ကျောင်းဖွင့်စွာနဲ့ ရခိုင်တပ်တော် အလံရှေ့မှာ တန်းစီပြီးကေ ဆိုကတ်စွာ။ မိုးရွာနီကေ ကိုယ့်အခန်းထဲမှာရာ ဆိုပါရေ။”

အခုပိုင် ကိုယ်ပိုင်ဟန် ပြောင်းလဲပြီး သီဆိုစွာကို နယ်ကကျောင်းတိသာမက မြို့ပေါ်က တချို့ကျောင်းတိကပါ ပြုလုပ်နီကတ်ကေလည်း ကျောင်း၏ နီရပ်လိပ်စာနဲ့ ဖြေဆိုသူရို့၏ အမည်နာမတိကိုတော့ လုံခြုံရေး အခြေအနီအရ ထုတ်ဖော်သုံးစွဲစွာ မလုပ်ဖို့ မေတ္တာရပ်ခံကြပါရေ။


၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရေ NLD အနိုင်ရစိုဉ်မှာ ပြည်နယ်မှာ မဲအများဆုံး အနိုင်ရခရေ ရခိုင်အမျိုးသားပါတီကို လစ်လျူရှုထားခရေပိုင် ဆွေးနွေးညှိနှိုင်းစွာတိလည်း မလုပ်ခဘဲ ပြည်ထောင်စု စနစ်နဲ့ရာ အုပ်ချုပ်ခပါရေ။
ယင်းနောက် ICJ အထိ ရောက်လားခရေ အနောက်ဖက်နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောမှာ ပြဿနာတိ ပေါ်ပေါက် လာပြန်တော့လည်း NLD အစိုးရစွာ ဒေသခံရို့၏ သဘောထားတိကို ဆက်လက် လစ်လျူရှုနီခပါရေ။


ယင်းအပြင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနိ ကျင်းပခွင့်မရလို့ ချီတက်ကတ်တေ မြောက်ဦး လူငယ်ချေတိကို ပစ်ခတ်ဖြိုခွင်းစွာတိ လုပ်စွာ၊ တဆက်တည်းမှာပင် ရခိုင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာ အေးမောင်နဲ့ စာရွီးဆရာ ဝေဟင်အောင်ရို့ကို ဖမ်းဆီးထောင်ချစွာတိ။ အရာတခါ ရခိုင်မြောက်ပိုင်းမှာ အေအေနဲ့ တပ်မတော်ရို့ လက်နက်ကိုင်ပဋိပက္ခတိ ဖြစ်ပွားလာချိန်မှာလည်း အရပ်သားတိကို တပ်မတော်က ဖမ်းဆီးစွာထောင်ချစွာ၊ ကျေးရွာတိအတွင်း ပစ်ခတ်စွာတိပြုလုပ်စွာတိ ကြောင့် ရခိုင်လူထုက တပ်မတော်အပေါ်နှင့် NLD အစိုးရကိုပါ ယုံကြည်မှု ကင်းမဲ့လာခစွာလို့ ဆိုရပါဖို့။


ဒေအခြေအနေတိကြောင့် ရခိုင်မြောက်ပိုင်းက ဒေသခံတိက ပြီးလားခရေ တိုက်ပွဲဖြစ်ပွားစိုဉ်ကာလမှာပင် တပ်မတော်နဲ့ အစိုးရကို ဆန့်ကျင်ရေအနေနဲ့ ရခိုင်အလံလွှင့်ထူရေ လှုပ်ရှားမှုတိ၊ စံကောခပ်လှုပ်ရှားမှုတိ အသီးသီးပြုလုပ်ခပြီး မိမိရို့လူမျိုးတိနဲ့ တည်ထောင်ထားရေ ရခိုင်တပ်တော် AA အပေါ်မှရာ ယုံကြည် အားထားလာကတ်စွာတိ ထင်သာမြင်သာရှိလာခရေ သဘောကို မြင်တွိလာရပါရေ။


အာရက္ခနိုင်ငံတော်တေးခြင်း စာသင်ခန်းထဲ သီဆိုစွာကို လွန်ခရေ နှစ်တချို့လောက်ကတည်းက ပြုလုပ်လာခရေ မြတန်ဆောင်းဖောင်ဒေးရှင်း၊ ပညာရေးကျောင်းတည်ထောင်သူ မြတန်ဆောင်းဆရာတော်ကတော့ အေချင့်စွာ ရခိုင်တိအတွက် နိုင်ငံရေးအရ တိုးတက်မှု လက္ခဏာတစ်ခုလို့ မြင်ပါရေ။
“ကိုယ်တော်ရို့ကတော့ ယင်းပိုင် ဖြစ်စီချင်ခလို့ ကောင်းတင်းးကျပ်ခရေ အခြေအနေမျိုးမှာတောင် ဦးဆုံးလမ်းဖွင့်ခသူတိလို့ ပြောလို့ရပါရေ။ ကိုယ့်နောက်ကို ပါလာကတ် အတွက်နဲ့ ကိုယ်တော်ရို့ ဝမ်းသာရေ။ ကိုယ့်နောက်ကိုပါလို့ ဝမ်းသာရေဆိုစွာထက် ရခိုင်သည် ရခိုင်ပင် ဖြစ်ရမယ်။ ရခိုင်ဆိုစွာ တခြားလူမျိုးနဲ့ မတူပါ။ ရခိုင်ဆိုစွာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်လက္ခဏာနဲ့ နီဖို့လိုရေ။ လုပ်ဆောင်စွာ၊ အတွေးအခေါ်၊ အယူအဆတိ၊ ပြဿနာကို ဖြေရှင်း ကိုင်တွယ်ပုံတိအားလုံးတိစွာ ရခိုင်တိအတွက် ရခိုင်ပုံစံရာဖြစ်နီရဖို့။ အခုပညာရေးကလည်း ရခိုင်ပုံစံ လားနီရေ ဆိုလို့ရှိကေ ဝမ်းသာရေ။ ရခိုင်တိအတွက် နိုင်ငံရေးအရ တိုးတက်မှုလက္ခဏာလို့ ကိုယ်တော်ရို့ မြင်ရေ။”
ယေဒါလေး ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမတိအနီနဲ့ မိမိရို့မိသားစု၊ ပတ်ဝန်းကျင်နဲ့ လုံခြုံရေးအခြေအနေကို လေ့လာပြီးမှရာ ပြုလုပ်ကတ်ဖို့ ကိုယ်တော်က သတိပေးမိန့်ကြားပါရေ။

မြောက်ဦးမြို့နယ်က ကျေးရွာ တစ်ရွာမှာ တာဝန်ကျနီရေ အထက်တန်းပြ ကျောင်းဆရာတစ်ဦးကတော့ သူရို့ကျောင်းမှာလည်း ရခိုင့် ကိုယ်ပိုင်ဟန်နဲ့ ပြောင်းလဲ သီဆိုချင်ကေလည်း လုံခြုံရေးအခြေအနေကို စိုးရိမ်ရရေလို့ ဆိုပါရေ။“ကျွန်တော်ရို့ ရွာဖက်တိမှာက ဆိုလို့မကောင်းပါ။ စစ်သားတိနဲ့ အပါးချေပါ။”


ရခိုင့်တပ်တော်စွာ ကာကွယ်ရေးအပိုင်းကို သာမက အုပ်ချုပ်ရေးပိုင်းမှာပါ ပြည်သူ့အာဏာပိုင် အဖွဲ့ဖွဲ့စည်းကာ အစားထိုး နီရာယူထားပြီး ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ မြို့နယ်အလိုက် တရားစီရင်စွာတိကိုပါ ပြုလုပ်နီစွာတိလည်း ရှိနီပါရေ။


ရခိုင်ပြည်နယ်မှာ ရခိုင်ဘာသာစကားနဲ့ ပြဌာန်းထားရေ ရခိုင့်စာပေ၊ ရခိုင့်ယိုဉ်ကျေးမှုတိ အကြောင်းကို သင်ကြားပို့ချရေ စနစ်တစ်ခု ပေါ်ထွန်းစီချင်ရေလို့ ရခိုင်ဒေသခံကျောင်းသားမိဘ ဦးမောင်မောင်ဆန်းက ပြောပါရေ။
“ကျွန်တော်ရို့ကလည်း ရခိုင်လီသံနဲ့ ရခိုင့်စာပေနဲ့ ရခိုင့်ယဉ်ကျေးမှု အကြောင်းတိကို သင်ချင်ပါနှင့်ရာါ့။ ရခိုင်သားတိမှာတော့”

ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကတော့ ရခိုင်ပြည်နယ်က စာသင်ကျောင်းတိမှာ ယခင်နှစ်တိက အတိုင်းပင် မြန်မာနိုင်ငံတော်တေးခြင်း သီဆိုဖို့၊ နိုင်ငံတော် အလံလွှင်ထူဖို့ ညွှန်ကြားထားပြီး ရခိုင့်နိုင်ငံတော်တေးခြင်းဆိုစွာကို အထက်အရာရှိတွေအနေနဲ့ မသိရှိဘူးလို့ ပြောပါရေ။
“ယင်းချင့်တိကို ကျွန်တော်ရို့ တခုမှမသိပါ။ ကျွန်တော်ရို့မှာက နိုင်ငံတော် တေးခြင်းဆိုရဖို့၊ နိုင်ငံတော်အလံ လွှင့်ထူရဖို့ဆိုစွာက ဌာနရဲ့ စည်းမျဉ်းစည်းကမ်းပါ။”


ရခိုင်ပြည်နယ်မှာ ကျောင်းအပ်နှံသူ ၃၈၂၇၀၅ ဦးရှိရေအတွက် ၃ သိန်း ၈ နီးပါး ကျောင်းတက်နီကတ်ပြီး ၁၀၀ ရာခိုင်နှုန်း နီးပါး ကျောင်းတက်နီကတ်တေလို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါရေ။ ရခိုင်ပြည်နယ်မှာ အစိုးရ ပညာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်းရှိရေအနက် လက်ရှိအချိန်ထိ ကျောင်းပေါင်း ၁၂၈ ကျောင်းကို ပိတ်ထားရဆဲဖြစ်တေလို့ ပြည်နယ်ပညာရေးဆိုင်ရာ စာရင်းဇယားတွေက ပြသနီပါရေ။

 671 total views,  1 views today