Arakan Yoma|

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ထက်က ဂန္ဓာရီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက ဒုက္ခသည် အမျိုးသမီးတစ်ယောက် မေလ ၂၀ ရက်နိန့်က အဓမ္မပြုကျင့်ခံခ ရပါရေ။

ပြုကျင့်ခံခရရေသူစွာ အသက် (၂၇) အရွယ် ခမီလူမျိုး အမျိုးသမီးတစ်ဦး ဖြိုက်ပါရေ။
မေလ၂၀ ရက်နိန့် မိုးသောက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်း အနောက်ဖက်က တောင်ထက်မှာ တောင်ယာလုပ်ကိုင်နီစိုင် ပြုကျင့် ခံခရစွာလို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါရေ။

ပြုကျင့်ခံရသူ အမျိုးသမီးကို ဘူးသီးတောင်မြို့နယ် ဆေးရုံမှာ ဆေးစစ်ချက်တိ ရယူထားပြီးကေ တောင်ဘဇာ ရဲစခန်းမှာ မိသားစုတိနန့် ဒုက္ခသည်စခန်းတာဝန်ရှိသူတိက (ပ) ၅/၂၀၂၁ အရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခပါရေ။

ယင်းနောက် စခန်းတာဝန်ရှိသူတိက စစ်ဆေးခါ ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာအုပ်စု၊ ရွာကုန်းနား မွတ်ဆလင်ကျေးရွာမှာနီရေ ဖူတုအာလီ (၅၄) နှစ်၊ (ဘ) ဆွေတာမောက်က ကျူးလွန်သူဖြိုက်ကြောင်း မေလ ၂၁ ရက်နိန့်မှာ ဖမ်းဆီးရမိခ​ရေလို့ စခန်းမှူးက ပြောပါရေ။

မိသားစုဝင်တိကတော့ ကျူးလွန်သူကို ဥပဒေအရ ထိရောက်စွာအရေးယူပီးဖို့ တောင်းဆိုနီကတ်ပါရေ။

 375 total views,  1 views today