Arakan Yoma|

ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက ဒုက္ခသည် အမျိုးသမီးတစ်ဦးဟာ မေလ ၂၀ ရက်နေ့က အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

ပြုကျင့်ခံခဲ့ရသူဟာ အသက် (၂၇) အရွယ် ခမီလူမျိုး အမျိုးသမီးဖြစ်ပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်း အနောက်ဖက်က တောင်ပေါ်မှာ တောင်ယာလုပ်ကိုင်နေစဉ် ပြုကျင့် ခံခဲ့ရတာလို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

ပြုကျင့်ခံရသူ အမျိုးသမီးကို ဘူးသီးတောင်မြို့နယ် ဆေးရုံမှာ ဆေးစစ်ချက်တွေ ရယူထားပြီး တောင်ဘဇာ ရဲစခန်းမှာ မိသားစုတွေနဲ့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက (ပ) ၅/၂၀၂၁ အရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။

အဲဒီနောက် စခန်းတာဝန်ရှိသူတွေက စစ်ဆေးရာ ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာအုပ်စု၊ ရွာမကုန်းနား မွတ်ဆလင်ကျေးရွာနေ ဖူတုအာလီ (၅၄) နှစ်၊ (ဘ) ဆွေတာမောက်မှာ ကျူးလွန်သူဖြစ်ကြောင်း မေလ ၂၁ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စခန်းမှူးက ပြောပါတယ်။

မိသားစုဝင်တွေကတော့ ကျူးလွန်သူကို ဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။

 379 total views,  1 views today