Arakan Yoma |

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က စစ်ပွဲအတွင်း မီးရှို့ခံခဲ့ရတဲ့ ဘုရားပေါင်းကျေးရွာမှာ အစိုးရက ဆောက်လုပ်ပေးနေတဲ့ နေအိမ် ၈၁ ဆောင်အနက် အဆောင် ၂၀ သာ ပြီးစီးသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဘုရားပေါင်း ကျေးရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံခဲ့ရတာဖြစ်ပြီး အဲဒီထဲမှာ နေအိမ် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

ရွာသားတွေကတော့ ဒီ ကျေးရွာမီးလောင်မှုဟာ တပ်မတော်က ရွာထဲဝင်လာပြီး မီးရှို့သွားတာလို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ အေအေရဲ့လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီထဲက ၈၁ ဆောင်ကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၅၀ တန် နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့ ပါတယ်။

ဒါပေမယ့် ၅ လ ကျော် ကြာမြင့်လာတဲ့ လက်ရှိအချိန်ထိ နေအိမ် ၂၀ သာ ပြီးစီးသေးပြီး ၆၁ ဆောင်မှာ ဒီအတိုင်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ရွာသားတွေကတော့ မိုးမတိုင်ခင် အပြီး ဆောက်လုပ်ပေးဖို့ လိုလား နေကြောင်း ရပ်မိရပ်ဖ ဦးမောင်သောင်းစိန်က ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေဟာလည်း သေးငယ်တဲ့အတွက် မိသားစုတွေ လုံလုံလောက်လောက် နေဖို့နဲ့ တောင်သူ၊ လယ်သမားတွေ ဖြစ်တဲ့အလျောက် လယ်ယာ ပစ္စည်းတွေ ထားမယ့်အတွက် အဆင်မပြေဘူးလို့ နေအိမ် မီးလောင်ဆုံးရှုံးခဲ့တဲ့ ဒေါ်မခိုင်က ပြောပါတယ်။

 346 total views,  1 views today