Arakan Yoma |

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က စစ်ပွဲအတွင်း မီးတိုက်ဖျက်ဆီးခံခရရေ ဘုရားပေါင်းကျေးရွာမှာ အစိုးရက ဆောက်လုပ်ပီးနီရေ နေအိမ် ၈၁ ဆောင်ထဲ အဆောင် ၂၀ ယာ ပြီးစီးသိ့ရေလို့ သိရပနာ မိုးမကျခင် ဆောက်လုပ် ပြီးစီးချင်နီကတ်တေ လို့လည်း ရွာသားတိ့က သူရို့ ဆန္ဒကို ပြောပြပါရေ။

ဘုရားပေါင်း ကျေးရွာစွာ ပြီးခရေ စက်တင်ဘာလ ၃ ရက်နိန့်က မီးတိုက်ဖျက်ဆီး ခံခရစွာဖြစ်ပနာ ယင်းထဲမှာ နေအိမ် ၁၀၀ ကျော် ဆုံးရှုံးလားစွာ ဖြစ်ပါရေ။

ရွာသားတိကတော့ ဒေမီးလောင်မှုစွာ မြန်မာတပ်မတော်က ရွာထဲဝင်လာပနာ မီးတိုက်လားစွာလို့ ပြောဆိုကတ်ပါရေ။ ယေဒါလေ့သင့် တပ်မတော်က AA လက်ချက်လို့ ယင်းခါက စွပ်စွဲခပါရေ။

ယင်းထဲက ၈၁ ဆောင်ကို ပြီးခရေ NLD အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၅၀ တန် အိမ်တိ ဆောက်လုပ်ပီးဖို့ ဆုံးဖြတ်ခပြီးရေနောက် ပြီးခရေ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဆောက်လုပ်ခစွာပါ။

အဂုဆိုကေ ၅ လ ကျော် ကြာမြင့်လာရာဖြစ်ပါရေ။ အိမ် ၂၀ ယာ ပြီးစီးသိပြီးကေ ၆၁ ဆောင်မှာ ဒေအတိုင်း ကျန်နီသိရေလို့ ဆိုပါရေ။

ဆောက်ပြီးရေ အိမ်တိစွာလည်း ငယ်ရေ အတွက် မိသားစုတိ လုံလုံလောက်လောက် နီနိုင်ဖို့နန့် တောင်သူ၊ လယ်သမားတိ ဖြစ်တေ အလျောက် လယ်ယာ ပစ္စည်းတိ ထားသိုဖို့အတွက် အဆင်မပြေဖြစ်နီရေလို့လည်း မီးထဲ အိမ်ပါလားရေ ဒေါ်မခိုင်က ပြောပါရေ။

 378 total views,  1 views today