Htoo | Arakan Yoma

မကြာရေ အချိန်အတွင်းမှာ မန္တလေးမြို့မှာ ကျင်းပပြုလုပ်ဖို့ Miss Supranational 2021 ပြိုင်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ဒေသခံ အမျိုးသမီးချေသုံးဦးက ပြင်ဆင်လျက် ရှိနီကတ်ပါရေ။ သုံးဦးထဲက နှစ်ဦးကို Miss Burma Organization ပြည်နယ် တာဝန်ရှိသူရို့က ရွီးချယ်ထားစွာဖြစ်လို့ ယင်းအဖွဲ့အစည်းက သူရို့နှစ်ဦးကို ရခိုင်ပြည်နယ် အခြေစိုက် မီဒီယာတချို့နန့် မိတ်ဆက် ပီးခပါရေ။

သူရို့နှစ်ဦးက ရှေးဟောင်း ယဉ်ကျေးမှု အမွီအနှစ် ပေါ‌များရေ မြောက်ဦးမြို့က အသက် (၂၁) အရွယ် မမေမိုး (ခေါ်) အိအိခင်ထွန်းနန့် ပြည်နယ်၏ မြို့တော် စစ်တွေမြို့က အသက် (၂၃) နှစ်အရွယ် မစိုးထက်နွယ်ရို့ ဖြစ်ပါရေ။ မမေမိုး က ပြီးခဲ့ရေနှစ်က ကျင်းပခရေ Miss Ethnic Myanmar 2019 မှာ အဆင့် ၅ အထိ တက်ရောက်နိုင်ခသူ တစ်ဦးဖြစ်ပြီးကေ မစိုးထက်နွယ်က စစ်တွေမြို့ရှိ Akyab Star အနုပညာသင်တန်းကျောင်းက Winner ဆု ရရှိထားသူလည်း ဖြစ်ပါရေ။

“ညီမက အကောင်းဆုံး ကြိုးစားနေတဲ့အတွက် ယုံကြည်မှုတော့ အပြည့်အဝရှိတယ်။ Miss Supranational ဆိုတဲ့ Crown ကို ရယူနိုင်အောင် ညီမနဲ့အတူ ရခိုင်ကိုယ်စားပြုတဲ့ ညီမလေးတွေ အကုန်လုံး ကြိုးစား သွားမှာပါရှင့်”ဟု မစိုးထက်နွယ်က ပြောပါရေ။ လက်ရှိသူရို့နှစ်ဦးကို စစ်တွေမြို့က Akyab Star အနုပညာသင်တန်းကျောင်းမှာ ပြိုင်ပွဲအတွက် လိုအပ်စွာတိကို သင်ကြားပီး လျက်ရှိနီပြီး ဆင်းရဲနွမ်းပါးသူတိနန့် မိဘမဲ့ အချေဂေဟာကို လားကတ်ပနာ လှူဒါန်းကတ်စွာတိ ပြုလုပ်ကတ်ပါရေ။

မြန်မာနိုင်ငံက တခြား ပြည်နယ်နန့် တိုင်းတိမှာပိုင် ရခိုင်ပြည်နယ်မှာလည်း နိုင်ငံအလိုက် ကျင်းပပြုလုပ်ရေ အေဂုပိုင် ပြိုင်ပွဲတိ မကျင်းပနိုင်သိန်ခင် ဒေသတွင်းယှဉ်ပြိုင်ပွဲတိ ပြုလုပ်ပြီး အနိုင်ရရှိသူကိုရာ ပြည်နယ်ကိုယ်စားပြု စေလွှတ်လျက်ရှိ ကေ လည်း ဒေနှစ်မှာတော့ ကိုဗစ်သာမက စစ်ရေး ပဋိပက္ခတိလည်း ရှိနီအတွက် လျှောက်လွှာစနစ်ဖြင့်ရာ ခေါ်ယူခရ ရေ လို့ဆိုပါရေ။

ယင်းအတွက်နန့် လက်ရှိ ရွီးချယ်ထားရေ ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်ဖို့ အလှမယ်တိကို လူသိ အားနည်းနီကတ်လို့ ငွေကြေးအပါအဝင် အခက်ခဲတိ ရှိနီအတွက် ဝန်းရံအားပီးကတ်ဖို့ Miss Burma Organization က ပြည်နယ်တာဝန်ခံ ကိုစံသာက မေတ္တာရပ်ခံ ပြောပြထားပါရေ
ကိုစံသာက “ကျနော်တို့ ပြည်နယ်မှာ ဒီထက်မက လှတဲ့သူတွေ အများကြီးရှိသေးတယ်။ သူတို့ကို ရှေ့ထွက်လာ စေချင်တယ်။ ကျနော်တို့ အခုရွေးထားတဲ့ ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ် နှစ်ယောက်ကိုလည်း အားပေးကြပါလို့ ဒီနေရာကနေ ပြောချင်ပါတယ်”ဟု ပြောသည်။

ယင်းပြိုင်ပွဲမှာ ရခိုင်ပြည်နယ်အပါအဝင် တခြားတိုင်းနန့် ပြည်နယ်တိက ကိုယ်စားပြုအလှမယ် ၄၀ မှ ၆၀ ဦး ခန့်အထိ ပါဝင် ယှဉ်ပြိုင်ကတ်ဖို့ ဖြစ်ပြီး ယင်းအထဲက သရဖူဆွတ်ခူး အနိုင်ရရှိသူ တစ်ဦးက ပိုလန်နိုင်ငံမှာ ကျင်းပဖို့ နိုင်ငံတကာပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု လားရောက် ယှဉ်ပြိုင်ရဖို့လည်း ဖြစ်ပါရေ။

ရခိုင်ပြည်နယ်က အခုပိုင် ကဏ္ဍတိနန့် မရင်းနှီးသိန့်ရေအတွက် စိတ်ဝင်စားရေ လူငယ်၊ မောင်မယ်တိအနီနန့်လည်း ဝါသနာပါကေ လုပ်ကိုင်ကတ်ဖို့ လိုအပ်ပနာ မိဘဆွေမျိုး အသိုင်းအဝိုင်း တိကလည်း အားပီးအားမြှောက်ပြုဖို့ လိုအပ်တေအကြောင်း Miss Burma Organization က ရခိုင်ပြည်နယ်တာဝန်ခံ ကိုစံသာက အကြံပြုပါရေ။

 603 total views,  1 views today