Arakan Yoma |

ရွေးကောက်ပွဲ ကျင်းပဖို့ ကျန်ရှိနီသိ့ရေ ရခိုင်ဒေသက မဲဆန္ဒနယ်တိ့မှာ ပြန်ကျင်းပခွင့်ရအောင် လုပ်ဆောင်ပီးကပ်ဖို့ နိုင်ငံတော်သမ္မ ဦးဝင်းမြင့်က အထူးမေတ္တာရပ်ခံ ပြောကြားလိုက်ပါရေ။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက်တေ (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်နဲ့ ပီးပို့ရေ သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အခုပိုင် ထည့်သွင်းပြောကြားထားစွာလည်း ဖြစ်ပါရေ။

“ယင်းဒေသတိ့ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတရေ ရွေးကောက်ပွဲတိကို အယင်ဆုံး ကျင်းပနိုင်ရေ အခြေအနေ ရောက်ရှိအောင် သက်ဆိုင်ရေ လူပုဂ္ဂိုလ်တိ၊ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပီးကပ်ပါဖို့ အထူးမေတ္တာရပ်ခံ အပ်ပါရေ။”လို့ ရီးသားထားစွာပါ။

လွတ်လပ်ပနာ တရားမျှတရေ ရွေးကောက်ပွဲတိ ကျင်းပနိုင်ဖို့ လုံခြုံရေးအခြေအနေမရှိစွာကြောင့် ရွေးကောက်ပွဲ ရပ်ဆိုင်းခရရေ ရခိုင်ပြည်နယ်အတွင်းက နယ်မြေဒေသတိ့၊ ယင်းနယ်မြေအတွင်းမှာ နီထိုင်ကပ်တေ ပြည်သူတိ အားလုံးအတွက်လည်း အထူး စိတ်မကောင်း ဖြစ်ရရေလို့လည်း ပြောဆိုထားပါသိရေ။

နိုင်ငံတော်သမ္မတပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယင်းနိ့မှာ သဝဏ်လွှာ ပီးပို့ခပြီးကေ အေအေက ရွေးကောက်ပွဲပြန်လုပ်ခွင့်ရဖို့ တိုက်တွန်းရေ ထုတ်ပြန်ချက်ကိုလည်း ကြိုဆိုခကြောင်း ဆိုထားပါရေ။

အေအေနဲ့ တပ်မတော်ရို့ တိုက်ပွဲတိကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနဲ့ အစိတ်အပိုင်းတိမှာ လုံခြုံရေးအခြေအနေတိ တည်ငြိမ်မှု မရှိဆိုပနာ အစိုးရက မကျင်းပခစွာလည်း ဖြစ်ပါရေ။

ဒေအဖြစ်ကြောင့် ရခိုင်ပြည်နယ်က မဲဆန္ဒရှင်ပြည်သူ ၁၂ သိန်းကျော် မဲပီးခွင့်ဆုံးရှုံးခစွာပိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦး ရို့ကိုလည်း ရွီးချယ်ဖို့ ကျန်ရှိနိပါသိ့ရေ။

အခုပိုင် ဆုံးရှုံးနီစွာတိကြောင့် ရခိုင်ဒေသခံတိက ရွေးကောက်ပွဲပြန်ပနာ ကျင်းပပီးဖို့ လိုလားနေကပ်ပြီးကေ ဒေပိုင်ရာ မလုပ်နိုင်ခလို့ဆိုကေ ၂၀၂၀ အလွန်မှာ ရခိုင်ဒေသမှာ စစ်ရေးပဋိပက္ခတိ ပိုများလာပြီးကေ နိုင်ငံရေးဘောင် ပိုကျဉ်းလားဖို့လားဆိုပနာ စိုးရိမ်မှုတိ့လည်း ရှိနီကပ်ပါရေ။

(Photo Credit to the Owner)

 544 total views,  1 views today